သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ပေါ်က အုပ်ချုပ်ရေးမှူးတဦးကို ဇွန် ၇ ရက် ဒီမနက် ၁၀ နာရီခွဲလောက်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ် ပြန်ထားပါတယ်။
ပဲခူးတိုင်း နွေဦးရောင်ခြည် စစ်ဆင်ရေးအဖြစ် လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်က အသက် ၅၅ နှစ် အရွယ် အုပ်ချုပ်ရေးမှူး ထိပ်ကြီး(ခ)ကိုသက် ကို သူ့ရဲ့အုပ်ချုပ်ရေးမှူးရုံးမှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
“အုပ်ကြီးကိုတော့ တချက်ပဲ ဘယ်ဘက်ရင်အုံကို ထိသွားတာ ပွဲချင်းပြီး” လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ပြီး လှည့်ပြန်စဉ် ရုံးအတွင်းက ခုခံဖို့ ကြိုးစားလို့ ခြောက်လှန့်ပစ်ခတ်ခဲ့ရသေးတယ်လို့လည်း သူကဆက်ပြောပါတယ်။
လက်ရှိမှာ ထိပ်ကြီးအလောင်းဟာ ဆေးရုံရင်ခွဲရုံကနေ နေအိမ်ကို ပြန်ရောက်နေပြီလို့ မြို့ခံတဦးကလည်း ပြောပါတယ်။
ထိပ်ကြီးဟာ အုပ်ချုပ်ရေးမှူးတဦးဖြစ်တဲ့အပြင် မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် သုံးဦးအနက် တဦးအပါဝင် ဖြစ်ပြီး ၎င်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိတယ်လို့ ဆိုပါတယ်။
လက်ပံတန်းမြို့နယ်အတွင်း စစ်မှုထမ်းခေါ်ရာမှာ ဦးဆောင်လုပ်ကိုင်သူတဦးဖြစ်ပြီး ပြည်သူကို ဒုက္ခအမျိုးမျိုး ပေးနေလို့ ပစ်သတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၂၄ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ စီတုန်းရွာက စစ်ကောင်စီသတင်းပေးလို့ သတင်းကြီးနေတဲ့ အသက် ၄၀ နှစ်ဝန်းကျင်တွေဖြစ်တဲ့ ကိုမင်းဇော်နဲ့ မခင်မာကြည်တို့ လင်မယားကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #သာယာဝတီခရိုင် #လက်ပံတန်းမြို့ #အုပ်ချုပ်ရေးမှူး #ရွှေတန်းမြေ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Share Share Share