ဝက်လက်နယ်ထဲဝင်လာတဲ့ စစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့တဲ့ PDF တွေကို ပြည်သူကကြိုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ထုတ်နိုင်ခဲ့တဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်သားတွေကို  ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့  ရွာသာကြီးတိုက်နယ်ပကဖ ဒုတာဝန်ခံ ကိုနေက ပြောပါတယ်။

အဲဒီကြိုဆိုမှုကိုတော့ ဝက်လက်မြို့နယ်အနောက်ခြမ်း၊ တပ်ရင်း ၁ နယ်မြေ၊ ရွာသာကြီးတိုက်နယ်ထဲက ပြည်သူတွေက မေ ၆ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲကနေ စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက်နဲ့ မေ ၆ ရက်က ဝက်လက်မြို့နယ် အရှေ့ခြမ်းကို ဝင်လာချိန် မနက် ၁၀ နာရီလောက်မှာ တလိုင်းကျေးရွာအနီးကနေ ပြည်သူ့ကာကွယ်‌ရေးတပ်သားတွေဟာ တိုက်ထုတ်နိုင်ခဲ့တာပါ။

အဲဒီ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂ နဲ့ ဒေသခံတပ်ဖွဲ့တွေပေါင်းကာ တိုက်ထုတ်ခဲ့တာလို့  ဆိုပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၁ M. Sai Naw ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝက်လက်မြို့နယ်က ရွာသာကြီး စစ်ကောင်စီတပ်အထိုင်ချတဲ့ စခန်းကိုလည်း ဖေဖေါ်ဝါရီလဆန်းပိုင်းက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စစ်တပ် #ပြည်သူ့ကာကွယ်ရေး #တိုက်ခိုက် #ပြည်သူ #ကြိုဆို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10