သပိတ်ကျင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တပ်ခွဲမှူးရဲ့အလောင်းကို မိခင်တပ်ရင်းကို ပြန်သယ်ပြီး နာရေးပြုလုပ်

သပိတ်ကျင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တပ်ခွဲမှူးရဲ့အလောင်းကို မိခင်တပ်ရင်းကို ပြန်သယ်ပြီး နာရေးပြုလုပ်

သပိတ်ကျင်းမြို့ စခန်းသိမ်းပွဲတခုမှာ ကျဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၂၆ က တပ်ခွဲမှူး ရဲဘော်ရဲ့ အလောင်းကို မိခင်တပ်ရင်းဆီ ပြန်သယ်ယူပြီး ဒီကနေ့မှာ အမိန့်ပြန်တမ်းဖတ် သင်္ဂြိုဟ်ခဲ့တယ်လို့ တပ်ရင်း တဆင့် သိရပါတယ်။

တပ်ခွဲမှူးနဲ့ စစ်ကြောင်းမှူး တာဝန်ယူထားတဲ့ ဗိုလ်တေ (ခ) ဟိန်းဇင်အောင်ဟာ သြဂုတ် ၉ ရက် ရေထွက်ရွာ စခန်းသိမ်းပွဲမှာ ရန်သူ့ရဲ့ လက်နက်ငယ်ကျည်ထိမှန် ကျဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျဆုံးသွားတဲ့ချိန် စခန်းက မသိမ်းနိုင်သေးတော့ နောက်ရက် ထိုးစစ် ဆက်ဆင်ခဲ့ရတယ်။ ၁၁ ရက်နေ့မှာ စခန်းကုန်းကို သိမ်းနိုင်ခဲ့ပြီး ဆရာတေရဲ့ dead body ကိုလည်း ပြန်ကောက်နိုင်ခဲ့တယ်။” လို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနရဲ့ အမျိုးသမီးရဲဘော် ချိုကြီးက ပြောပါတယ်။

ကျဆုံးရဲဘော်ရဲ့ ရုပ်အလောင်းကို မိခင်တပ်ရင်းကို ပြန်သယ်နိုင်ခဲ့ပြီး သြဂုတ် ၁၂ ရက် ဒီကနေ့ မနက် ၉နာရီမှာ ကျန်ရစ်မိသားစုနဲ့အတူ အမိန့်ပြန်တမ်းဖတ်ကာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်

၁၀၂၇ တကျော့ပြန် စစ်ဆင်ရေးမှာ ရွှေဘိုခရိုင် တပ်ရင်း ၂၆ က ရဲဘော် ၁၀၀ ကျော် ပါဝင်တိုက်ခိုက်နေပြီး စခန်းသိမ်းနဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်း ရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကလည်း စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ရွှေဘိုခရိုင် တပ်ရင်း ၂၆ က ရဲဘော်ပေါတာကြီး (ခ)သန်းလင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သပိတ်ကျင်းမြို့ #စခန်းသိမ်းပွဲ #စစ်ကိုင်းတိုင်း #ရွှေဘိုခရိုင် #တပ်ခွဲမှူး #တပ်ရင်း #သင်္ဂြိုဟ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10