သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက် ဒုဗိုလ်မှူးကြီးတဦး အရှင်ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေဘက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဩဂုတ် ၂၆ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က သနတ ၁၊ စခတ ၂၊ တတက ၁၃၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ နီးပါး အထိုင်ချထားတဲ့ သပိတ်ကျင်းမြို့ကို  ဩဂုတ် ၁၇ ရက်ထဲက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဩဂုတ် ၂၅ ရက် မနေ့ မနက်ပိုင်းက အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီး စိုးမင်းသူကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၄ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လက်နက် ၆၈ လက်၊ ကျည်မျိုးစုံ ၁၈,၀၀၀ ကျော်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer စက် ၃ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံးနဲ့ စက်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁၊ ၂၊ အမှတ် ၅၀၉၊ ၅၁၀၊ ၅၁၂ တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း ၅၊ မန္တလေးတိုင်းဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင်ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်ကလည်း သပိတ်ကျင်းမြို့နယ်အတွင်းက ကွင်းသုံးဆယ်၊ လက်ပံပြန့်၊ ဖိုကုန်း၊ ဝက်သေ၊ ဖက်ရှည်စတဲ့ ရွာတပ်စခန်း  ၅ ခုကို  သိမ်းပိုက်နိုင်ခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်-MDY PDF က ထုတ်ပြန်ထားပါသေးတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေးတိုင်း #ပြင်ဦးလွင် #သပိတ်ကျင်းမြို့ #PDF #မြို့သိမ်းတိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10