သဲကုန်းက LGBT တဦး ပစ္စည်းလုအသတ်ခံရ

သဲကုန်းက LGBT တဦး ပစ္စည်းလုအသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်ရွာက ပျောက်ဆုံးနေသူတဦးရဲ့ အလောင်းကို ဧပြီ ၂၅ ရက် ဒီနေ့လယ် ၁ နာရီလောက်မှာ သေဆုံးလျှက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

သေဆုံးသူဟာ သဲကုန်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ ဝက်ပုတ်ကျေးရွာက အသက် ၃၅ နှစ်အရွယ် ကိုကျော်မင်းသူဖြစ်ပြီး အလောင်းကို နေ့လယ် ၁ နာရီလောက်က ဝက်ပုတ်ရွာအစပ် ဆည်မြောင်းအနီးမှာတွေ့ခဲ့ရတာလို့ ဆိုပါတယ်။

“သူက LGBT ပါ။ ကိုယ်မှာ ဝတ်ထားတဲ့စိန်နားတောင်း ၅ ခု၊ လက်စွပ်၊ ဟန်းချိန်း၊ ဖုန်းတွေပါ သတ်တဲ့သူက အကုန်ယူသွားတာ။ သိန်း ၂၀၀ ဖိုးလောက်ရှိနိုင်တယ်။ သူစီးတဲ့ CLICK ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်။ အူတွေလည်း ပွင့်နေတယ်” လို့  ဝက်ပုတ်ရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကိုကျော်မင်းသူဟာ ဧပြီ ၂၄ ရက် မနေ့ည  ၇ နာရီလောက်မှာ နေအိမ်ကနေထွက်သွားပြီးကတည်းက ပျောက်နေခဲ့တာလို့ ဆိုပါတယ်။ 

အလောင်းကိုတော့ ရဲတွေနဲ့အတူဒေသခံတွေက အခင်းဖြစ်တဲ့နေရာကနေ အင်းမဆေးရုံ ရင်ခွဲရုံကို သယ်သွားတယ်လို့ သိရပါတယ်။ 

ပုံစာ - သေဆုံးသူ ကိုကျော်မင်းသူ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သဲကုန်း #ဝက်ပုတ် #ပစ္စည်းလု #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10