သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးကို ဒီဇင်ဘာ ၁၆ ရက်မနေ့ညက သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF က သတင်းထုတ်ပြန်ထားပါတယ်။
သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်အုပ်စု၊ ဓါးသွေးကျောက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၆၀ ကျော်အရွယ် ဦးကျော်ဝင်း (ခ) ကျော်ကြီးကို မနေ့ည ၉ နာရီလောက်မှာ ဓါးသွေးကျောက်ကျေးရွာရှိ သူ့နေအိမ်ခြံဝန်းအတွင်း ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ ရဲဘော်တွေရောက်တော့ သူက အိမ်ထဲကနေ အပြင်ထွက်လာတုန်း ပစ်လိုက်တာမှာ ခေါင်းနဲ့ရင်ဘတ်ကို သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တာ။ ခုခံချိန်တောင် မရဘူး၊ ပွဲချင်းပြီးသေသွားတယ်” လို့ PPDF ရဲ့ သတင်းပြန်ကြားရေးနဲ့ ဆက်သွယ်ရေးတာဝန်ခံက ပြောပါတယ်။
ရှင်းလင်းပြီးနောက် ဦးကျော်ဝင်းဆီကနေ လက်ကိုင်ဖုန်းတလုံးကို သိမ်းယူခဲ့တယ်လို့လည်း ဆိုပါတယ်။
ဦးကျော်ဝင်းဟာ ပျူစောထီးဖွဲ့ဖို့ လူငယ်တွေကိုစည်းရုံးတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေကိုထောက်လှမ်းပြီး စစ်ကောင်စီကိုပေးပို့တာအပြင် သစ်သမားတွေနဲ့ ၂ လုံး ၃ လုံး လောင်းကစားဒိုင်တွေဆီကနေလည်း စစ်ကောင်စီအတွက် လိုင်းကြေးကောက်ပေးသူဖြစ်တာကြောင့် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၃ Wisdom အဖွဲ့နဲ့ တပ်ခွဲ ၅ နွေဦးအဖွဲ့တို့က ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပေါင်းတည်မြို့နယ် ကြို့ကုန်းအုပ်စု ကြို့ကုန်း(တောင်ပေါ်)ရွာက စစ်ကောင်စီခန့် ရာအိမ်မှူး ဦးခင်မောင်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
ပုံစာ - ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူး။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #သဲကုန်း #ဓါးသွေးကျောက်ကျေးရွာ #အုပ်ချုပ်ရေးမှူး #ရှင်းလင်း #သတင်း #မြေလတ်သတင်း
Share Share Share