သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်ရွာမှာစစ်ကောင်စီတပ်က လူငယ်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေရှိနေတဲ့အတွက် ရွာခံလူငယ်တွေ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ်လ ၁၀ ရက်ကစလို့ ဝက်ပုတ်ကျေးရွာ ရန်ကုန် - ပြည်လမ်းတလျှောက်က ရွာမရပ်ကွက်၊ ချောင်းနားရွာနဲ့ ရွာသာလှရွာက အသက် ၄၀ အရွယ်အမျိုးသားနဲ့ လူငယ် ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးထားပြီး ဆက်လက်ဖမ်းဆီးမှုတွေ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် တိမ်းရှောင်နေကြတာလို့ သိရပါတယ်။
“ပေါင်းတည်က နတ်ပုတီးရွာမှာ ဒလန် ၂ ယောက် အသတ်ခံရတဲ့နေ့ကစပြီး ပစ်ခတ်တဲ့သူတွေက ဝက်ပုတ်ရွာဘက်ကို ပြေးသွားတယ်ဆိုပြီး ဝက်ပုတ်ရွာကိုမဲနေတာ။ လုပ်တဲ့အဖွဲ့က သူတို့ လက်ချက်ပါလို့ ကြေညာထားပြီးသားကို ခုတော့ လူငယ်အတော်များများက အိမ်မှာမနေရဲလို့ ရှောင်နေကြရတာ“ လို့ ဒေသခံတဦးက ပြောပါတယ်။
တိမ်းရှောင်နေကြသူတွေဟာ စစ်တပ်ကဖမ်းဆီးသတ်ဖြတ်မှာကို စိုးရိမ်ကြသူတွေရှိသလို အပြစ်မရှိဘဲ ဖမ်းဆီးခံပြီးမှ ငွေတောင်းယူကာ ပြန်လွတ်တာမျိုးတွေရှိလို့ ကြိုတင်တိမ်းရှောင်ကြတာလည်း ပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။
ဇူလိုင် ၃ ရက်ကလည်း ပေါင်းတည် PDF က သဲကုန်းမြို့နယ်အစပ် ပေါင်းတည်မြို့အဝင်ဆိုင်းဘုတ်မှာ ဘန်နာချိတ် ဗုံးဖောက်ခွဲချိန်ကလည်း ဝက်ပုတ်ရွာအနီး မအူပင်ကွေ့ရွာက လူငယ် ၂ ဦးကိုဖမ်းကာ ငွေတောင်းယူပြီးမှ ပြန်လွတ်ပေးခဲ့တယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၁၂ ရက်မနေ့ကတော့ စစ်ကောင်စီတယ်လီဂရမ်မှာ သဲကုန်းမြို့နယ် အတွင်းဗုံးထောင်နေတဲ့ PDF လူငယ် ၂ ဦးကို စစ်တပ်က အသေဖမ်းဆီးနိုင်ခဲ့တယ်ဆိုကာ ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်အပေါ်မှာလည်း ဖမ်းဆီးခံရသူတွေကို အကြောင်းပြပစ်သတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကြား ဝေဖန်ပြောဆိုနေသလို စိုးရိမ်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်က သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ဈေးအနီးမှာ ဆိုင်ကယ်စီးလာတဲ့ နယ်ထိန်းရဲတဦးနဲ့ အငြိမ်းစားရဲအရာရှိတဦးကို ပေါင်းတည် PDFက သေနတ်နဲ့ပစ်ခဲ့လို့ နယ်ထိန်းသေဆုံးကာ အငြိမ်းစားရဲ ဒဏ်ရာရှိခဲ့ပါသေးတယ်။
စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #သဲကုန်း #ဒေသခံ #စိုးရိမ်နေရ #ဖမ်းဆီးမှု #စစ်ကောင်စီတပ်
Share Share Share