အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကလေး ၁ ဦးအပါ ပြည်သူ ၃ ဦးသေဆုံး

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကလေး ၁ ဦးအပါ ပြည်သူ ၃ ဦးသေဆုံး

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဩဂုတ် ၁၆ ရက်ကစလို့ တိုက်ပွဲဖြစ်နေပြီး ကာကွယ်ရေးတပ်တွေဘက်က စခန်းတချို့ သိမ်းထားနိုင်သလို တိုက်ပွဲအတွင်း ပြည်သူသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဩဂုတ် ၁၆ မနက်ပိုင်းမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးက နဘားရွာထဲနဲ့ ဆက်သွယ်ရေးရုံးထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၃ ဦးထိမှန်ကာ ၁ ဦးသေဆုံးပြီး ညနေပိုင်းမှာလည်း နောက်ထပ် ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးထိမှန်လို့ အသက် ၁၃ နှစ်အရွယ် မပန်းအိဖြူ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သင်းသင်းခိုင် ၃၆ နှစ်၊ ဦးချစ်ပု အသက် ၅၀ ဝန်းကျင်နဲ့ အမည်စုံစမ်းဆဲ အမျိုးသားတဦး ဒဏ်ရာရခဲ့တာပါ။ 

“သားမိ ၂ ယောက်ထိတယ်။ အမေကတော့ ဆေးကုသမှုခံယူနေတယ်။ သမီးဖြစ်သူ ပွဲချင်းပြီးသေတယ်။ အမျိုးသားတဦးလည်း ပေါင်နဲ့ ဗိုက်ကိုထိတယ်။ ဆက်သွယ်ရေးရုံးကို လက်နက်ကြီးကျလို့ ထိတဲ့တယောက်က ဆေးကုသမှုနောက်ကျလို့ ခြေထောက်ဖြတ်ရမယ့်အနေထားဖြစ်နေတယ်။” လို့ နဘားရွာခံတဦးက ပြောပါတယ်။

ဩဂုတ် ၁၈ ရက်မှာလည်း စစ်ကောင်စီက မြို့ထဲကိုဒရုန်းနဲ့ ဗုံးကြဲချိန် ရေတွင်းကုန်းရပ်ကွက်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၂ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF နဲ့ နယ်မြေခံတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်နေတာလို့ သိရပါတယ်။ 

တိုက်ပွဲစတင်ခဲ့တဲ့ ဩဂုတ် ၁၆ ရက်မှာ နဘားလမ်းဆုံက စစ်ကောင်စီစခန်း၊ နဘားရွာအဝင် စစ်ကောင်စီဂိတ်၊ ၁၇ ရက်မှာ နဘားဘုန်းကြီးကျောင်းက စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ အရှင်ဖမ်းမိသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ဒေသခံကာကွယ်ရေးတပ်တွေဘက်က သိမ်းပိုက်ထားတဲ့စခန်းတွေထဲက နဘားလမ်းဆုံ စစ်ကောင်စီဂိတ်စခန်းဟာ အင်းတော်မြို့နဲ့ တောလမ်းအတိုင်းဆို ၂ မိုင်၊ ကားလမ်းအတိုင်းဆို ၆ မိုင် ကွာဝေးပြီး မန္တလေး-မြစ်ကြီးနားလမ်းပေါ်မှာ တည်ရှိတဲ့ စခန်းတခုလည်းဖြစ်ပါတယ်။ 

ပုံစာ - လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သူကို ဆေးကုသမှုပေးနေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #စစ်ကောင်စီ #မြို့သိမ်းတိုက်ပွဲ #ဒေသခံသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10