သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက အင်တာနက်ဆိုင် ၁ ခုမှာ သတင်းထောက် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦးကို နှုတ်နဲ့ပြောဆိုစော်ကားတဲ့အပြင် ကိုယ်ထိလက်ရောက်ပါ ကျူးလွန်ခဲ့သူကို လူမှုအသိုင်းအဝိုင်းမှ ဝိုင်းဝန်းဖယ်ကျဉ်ရန်နဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်ခံယူရန် Women Alliance Burma-(WAB) အမျိုးသမီးမဟာမိတ်အင်အားစုက ဒီဇင်ဘာ ၁၅ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အရာတော်မြို့နယ်မှာ တော်လှန်ရေးတွင်ထဲထဲဝင်ဝင် ပါဝင်နေသူ အမျိုးသမီး ၂ ဦးအား စကားနဲ့တင်မက ကိုယ်ထိလက်ရောက်ကျူးလွန်သူ ကိုဝင်းကျော် ဆိုသူအား လူမှုအသိုင်းအဝိုင်းမှ ဝိုင်းဝန်းဖယ်ကျဉ်ကာ ၎င်းကျူးလွန်ခဲ့တဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု (Physical Assault) အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူရန် ဝိုင်းဝန်းအသံထုတ်တောင်းဆိုကြဖို့ Women Alliance Burma-(WAB) အမျိုးသမီးမဟာမိတ်အင်အားစု က တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။
Women Alliance Burma-(WAB) အမျိုးသမီးမဟာမိတ်အင်အားစုအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရထံသို့လည်း ဆက်လက်တောင်းဆိုသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီဝန်းကျင်က အင်တာနက်ဆိုင်မှာ ဝင်းကျော်ဆိုသူ အမျိုးသားက အွန်လိုင်းကတဆင့် အလုပ်လုပ်နေတဲ့ သတင်းထောက် မငြိမ်းချမ်းမေနဲ့ သူရဲ့ပါတနာဖြစ်သူ Transgender အမျိုးသမီးတို့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို နှုတ်နဲ့ စော်ကားပြောဆိုခဲ့တဲ့အပြင် မငြိမ်းချမ်းမေရဲ့ ပါတနာဖြစ်သူကို ကိုယ်ထိလက်ရောက် ထိုးနှက်တာတွေထိ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီး ၂ ဦးကို လူအများရှေ့မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပေမယ့် အကာကွယ်ပေးမှုမရဘဲ နယ်မြေခံရဲဘော်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ ရပ်ကြည့်နေခဲ့တာဟာ တော်လှန်ရေးအတွက် အကျည်းတန်တဲ့ ဖြစ်ရပ်တခုဖြစ်တယ်လို့ စစ်ကိုင်းဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ မြေပြင် အမျိုးသမီးရဲဘော်တဦးက သုံးသပ်ပါတယ်။
“ပြည်သူကို ကာကွယ်ပေးရမယ့်အစား ပြည်သူတွေက ပြန်ကြောက်နေရတယ်။ လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးသမားတွေကို ပြန်ကြောက်နေရတယ်ဆိုကတည်းက အမတို့ရဲ့ တော်လှန်ရေး မြေပြင်မှာရှိနေတဲ့ အခြေနေတွေကို ပြန်သုံးသပ်သင့်တယ်လို့ မြင်တယ်။”လို့ သူက ပြောပါတယ်။
အညာဒေသမှာ ရှိနေတဲ့ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုတွေက ပိုမိုလိုအပ်လာနေတဲ့ အခြေအနေဖြစ်ပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ ပိုမိုအလုပ်လုပ်ကြဖို့လိုသလို ထိရောက်တဲ့ အကာကွယ်တွေ ပေးနိုင်ဖို့လည်း လိုအပ်နေတယ်လို့ သူက ထောက်ပြပါတယ်။
“တကယ်လို့မှ ဒီလိုမျိုး ဝန်ကြီးဌာနဆိုတဲ့ ခေါင်းစဥ်အောက်မှာ ရာထူးတွေ တာဝန်တွေယူထားပြီးတော့မှ အမတို့တွေကို မကာကွယ်ပေးနိုင်ဘူးဆိုရင်တော့ သူတို့ယူထားတဲ့ သူတို့တာဝန်နဲ့ ရာထူးနဲ့ပတ်သက်ပြီး သူတို့အများကြီး ပြန်သုံးသပ်ဖို့လိုပါတယ်၊ သူတို့ထိုက်တန်ရဲ့လားပေါ့နော်။” လို့ သူက ဆက်ရှင်းပြပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #အရာတော် #အင်တာနက်ဆိုင် #သတင်းထောက် #အမျိုးသမီး #WAB
Share Share Share