အုတ်ဖိုက စစ်တပ်သတင်းပေးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရ

အုတ်ဖိုက စစ်တပ်သတင်းပေးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်သတင်းပေးဆိုသူကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်းအမှတ် ၃၈ဝ၂၊ တပ်ခွဲ ၆ Black Dragon(GBK PDF) က သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာမှာနေတဲ့ အသက် ၄၀ နှစ်ဝန်းကျင် မြင့်နိုင်ဦးကို ဇွန် ၂၇ ရက် မနေ့ကမနက် ၈ နာရီခွဲလောက်မှာ ထန်းပင်ကုန်းရွာအနီးက တောစပ်မှာ Black Dragon (GBK PDF)တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့သုံးချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“အဲဒီကောင်(မြင့်နိုင်ဦး)က သူ့ယာထဲကို ပေါင်းသင်ဖို့ တယောက်တည်း သွားတုန်းမှာ ပစ်သတ်ခဲ့တာပါ။ ပွဲချင်းပြီး သေသွားတယ်။ သူက စစ်သားတွေကို အိမ်ကိုခေါ်ထားတာတွေလည်းရှိတယ်“ လို့ Black Dragon(GBK PDF) တပ်ခွဲမှူး ရိုးမနဂါးက ပြောပါတယ်။

အဲဒီနေ့မှာပဲ အလောင်းကိုစစ်ကောင်စီဘက်က လာသယ်သွားတယ်လို့ ကင်းထောက်တွေဆီက သတင်းကြားရပြီး  နောက်ဆက်တွဲသတင်းအပြည့်အစုံကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

မြင့်နိုင်ဦးဟာ စစ်ကောင်စီဒေါက်တိုင်တဦးဖြစ်တဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို  စုံစမ်းသတင်းပေးပို့တာ ပြည်သူတွေကို ဖမ်းဆီးခိုင်းတာတွေ ပြုလုပ်ခဲ့တာကြောင့် သုတ်သင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက် မွန်းလွဲပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ ချောင်းခေါင်းအုပ်စု၊ ရွာ‌ရှောင်ကုန်းရွာမှာနေတဲ့ စစ်ကောင်စီတပ်ရဲ့ အငြိမ်းစားတပ်ကြပ်ကြီး စောကေထူး(ခ)စောခူထူးကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သေနတ်နဲ့ပစ်သတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူ မြင့်နိုင်ဦး အလောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်တပ်သတင်းပေး #ပစ်ခတ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10