သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်ထဲမှာ ဖမ်းဆီးရမိတဲ့ စစ်သား ၁ ဦးကို စစ်ဆေးမေးမြန်းနေချိန် ဒီဇင်ဘာ ၄ ရက် ဒီမနက် ၄ နာရီလောက်မှာ ထွက်ပြေးခဲ့လို့ အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိစစ်သားဟာ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ က တပ် သား ရောဆက်ဖြစ်ပြီး အုတ်ဖိုမြို့နယ်၊ လင်းနေစန်းရွာဘုန်းကြီးကျောင်းမှာ တည်းခိုနေချိန် ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းက ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
“ ကောင်းကောင်းမွန်မွန် စစ်မေးနေတာကို ရဲဘော်တွေအိပ်နေတုန်း ထွက်ပြေးလို့ အသေပစ်ခတ် ဖမ်းဆီးလိုက်ရတာ။ သူ့ဆီက စစ်မေးစရာတွေ မကုန်သေးဘူး “ လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်သား ရောဆက် အပါ ၃ ဦးဟာ ဖမ်းဆီးရမိခဲ့တဲ့ လင်းနေစန်းရွာဘုန်းကြီးကျောင်းမှာ တည်းခိုနေတာဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးစဉ်မှာတော့ သူ ၁ ဦးသာဖမ်းဆီးနိုင်ခဲ့ကာ ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။
ဖမ်းဆီးရမိချိန်မှာ ရောဆက်ဆီက MA 3 သေနတ် ၁ လက်၊ ကျည် ၁၂ တောင့် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
တပ်သား ရောဆက်ကို စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့စစ်သား ၃ ဦးဟာ ဒီဇင်ဘာ ၁ ရက်က မင်းလှမြို့နယ်၊ ဆယ်ရွာက စက်လှေ ၃ စီးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂ ရက်မှာ အဆိုပါ ဆယ်ရွာမှ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ကြောင်း၊ အဲ့ဒီနေ့မှာပဲ တောတိုက်ထဲမှာနေတဲ့ မသန်စွမ်းအမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်းဖြင့် ထွက်ဆိုခဲ့တယ်လို့ တာဝန်ခံကပြောပါတယ်။
ပဲခူးအနောက်ခြမ်းမှာလည်း စစ်ရေးအခြေအနေတင်းမာနေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ ယာယီစခန်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပေမယ့် လူနဲ့ အဆောက်အဦပျက်စီးမှုမရှိခဲ့ပါဘူး။
ပုံစာ - ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားနှင့် သိမ်းဆည်းရမိသည့် လက်နက်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #အနောက်ခြမ်း #အုတ်ဖို #ခလရ၁ #စစ်ကောင်စီတပ်သား #ဖမ်းဆီးရမိ #သတင်း #မြေလတ်သတင်း
Share Share Share