ဥပဒေပညာပါ သင်ကြားပေးခဲ့တဲ့ RKDF တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပြီ (ရုပ်/သံ)

Ranger Kalay Defend Force-RKDF တပ်ဖွဲ့ရဲ့ အပတ်စဉ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ စစ်ရေးပြအခမ်းအနားကို စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တနေရာမှာ ဧပြီလထဲမှာ ကျင်းပခဲ့တယ်ပါတယ်။

အခမ်းအနားကို အစီစဉ် ၉ ခုနဲ့ ကျင်းပခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေက လက်နက်နဲ့ စစ်ရေးပြချီတက်တာ၊ လက်နက်မဲ့ စစ်ရေးပြချီတက်တာတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ သင်တန်းဆင်းပွဲကို တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ ပြည်သူ့ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ၊ ကျေးရွာ ပအဖ၊ ပကဖတွေ တက်ရောက်ခဲ့ကြပြီး နယ်မြေ အခက်ခဲတွေကြားက ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာပဲ လုပ်ခဲ့ရတဲ့ သင်တန်းဆင်းပွဲဖြစ်တော့ လုံခြုံရေး ယူရတာတွေ၊ တခြားသော ကြိုတင်ကာကွယ်ရတာတွေ အများကြီးလုပ်ပြီးမှ ဖြစ်မြောက်လာတာ”လို့ RKDF တာဝန်ရှိသူတဦးက ပြောပါတယ်။

အ‌ခြေခံစစ်သင်တန်းကာလ ၄၅ ရက် ကြာမြင့်ခဲ့ပြီး သင်တန်းမှာ တိုက်ခိုက်ရေးနဲ့ စစ်ရေးအပြင် ဥပဒေပညာရပ်ကိုလည်း သင်ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

“သင်တန်းသားတွေက တိုက်ခိုက်ရေး တမျိုးထဲကိုပဲ သင်ယူရတာမဟုတ်ဘူး၊ ညစခန်းသိမ်း နေ့စခန်းသိမ်းဆိုတဲ့ ပုံစံမျိုးစုံနဲ့ သင်တန်းပေးတယ်၊ ဥပဒေပညာကိုတော့ စာတွေ့အနေနဲ့ သင်ကြားပေးတယ်၊ သင်တန်းမဆင်းခင် စာမေးပွဲတွေ ဖြေဆိုခဲ့ရတယ်။” လို့ သူက ပြောပါတယ်။

ဒါ့အပြင် သင်တန်းဆင်းပွဲမှာ စံပြဆု၊ စံပြ ဒုတိယဆု၊ ဥပဒေဆု၊ စစ်ပညာဆု၊ သေနတ်ပစ်ဆု စတဲ့ဆု ၅ဆုကို လည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ကလေး #RKDF #အခြေခံစစ်သင်တန်း #သင်တန်းဆင်းပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10