၁ ညထဲ ၂ ရွာဆက်တိုက် လေကြောင်းကြဲခံရလို့ ရဲဘော် ၆ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံး

၁ ညထဲ ၂ ရွာဆက်တိုက် လေကြောင်းကြဲခံရလို့ ရဲဘော် ၆ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်က ကျေးရွာတွေက်ို အောက်တိုဘာ ၁၅ ရက် ည ၈ နာရီဝန်းကျင်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် ရဲဘော် ၆ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နွားထိုးကြီးမြို့နယ်က၊ ရွာကြီးကျေးရွာကို မိတ္ထီလာ ရှမ်းတဲလေတပ်ကထွက်လာတဲ့ MiG 29 ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ကာ အရပ်သားနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ကလေး ၂ ဦးအပါ မိသားစုဝင် ၄ ဦးနဲ့ အိမ်အလုပ်သမား အမျိုးသမီး ၁ ဦး ထိမှန်ခဲ့ကာ သူတို့ထဲက ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရွာကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ပြီး မိနစ်ပိုင်းအကြာမှာ မြင်းခြံမြို့နယ်၊ မကျီးစုကျေးရွာ အရှေ့ဘက်က ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ စခန်းနေရာကို ရှမ်းတဲလေတပ်ကထွက်လာတဲ့ MiG 29 ဂျက်ဖိုက်တာနောက် ၁ စီးနဲ့ ထပ်မံတိုက်ခ်ိုက်ခဲ့တာကြောင့် ရဲဘော်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“တချို့က ကတုတ်ကျင်းထဲဝင်နေပြီ။ တချို့က သရက်ပင်လေးအောက်မှာ ထိုင်ပြီးစကားပြောနေတယ်ပေါ့။ စကားပြောနေတဲ့အချိိန်မှာ မထင်မှတ်ဘဲ အချခံလိုက်ရတယ်။ ၄ယောက်လုံးကတော့ ပွဲချင်းပြီးသွားတယ်။”လို့ မြင်းခြံဒေသခံက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော်တွေနဲ့ ပြည်သူတွေ အရေးပေါ် နေရာပြောင်းရွှေ့ခဲ့ကာ ရဲဘော် ၂ ဦးက ကင်းစောင့်ကျန်ခဲ့ပြီး ည ၁၀ နာရီခွဲဝန်းကျင်မှာ နောက်ထပ်လေကြောင်းကြဲခဲ့တာကြောင့် ကင်းစောင့်ကျန်ခဲ့တဲ့ ရဲဘော် ၂ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် Local တပ်ဖွဲ့ ၂ ခုက ရဲဘော် ၆ ဦး ပွဲချင်းပြီးကျဆုံးခဲ့ပြီး အသေးစိတ်အချက်လက်ကတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် မြင်းခြံမြို့နယ်၊ လယ်သစ်ပျူစောထီးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အိုးစည်ဒိုးပတ်တွေနဲ့ အောင်ပွဲခံကခုန်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက မြန်မာတနိုင်ငံလုံးအတိုင်းတာနဲ့ ယခုနှစ် မေလကနေ ဩဂုတ်လထိ ၃ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၀၀ ကျော်ပြုလုပ်ခဲ့ပြီး  ၄၅၅ ဦးသေဆုံးကာ ၈၁၉ ဦးဒဏ်ရာရခဲ့တယ်လို့ Nyan Lynn Thit Analytica ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #လေကြောင်းတိုက်ခိုက်မှု #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10