၁ လအတွင်း မြေလတ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှု ၇၈ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၁၄ ကြိမ်ရှိခဲ့      ■ တိုက်ခိုက်မှုတွေအတွင်း နိုင်ငံတဝန်း ပြည်သူ ၂၀၀ ကျော်သေဆုံး

၁ လအတွင်း မြေလတ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှု ၇၈ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၁၄ ကြိမ်ရှိခဲ့   ■ တိုက်ခိုက်မှုတွေအတွင်း နိုင်ငံတဝန်း ပြည်သူ ၂၀၀ ကျော်သေဆုံး

 စစ်ကောင်စီက ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်း စတဲ့မြေလတ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှု ၇၈ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၁၄ ကြိမ် ရှိခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့ရဲ့ အောက်တိုဘာ ၅ ရက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဒါ့အပြင် အဲ့ဒီတိုက်ခိုက်မှုတွေအပါအဝင် နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှု ၃၅၀ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၃၁ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၂၀၀ ကျော်သေဆုံးပြီး ဘာသာရေးအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းက ၆၁ ကြိမ်၊ မကွေးတိုင်းက ၁၆ ကြိမ်၊ ပဲခူးတိုင်းက  ၁ ကြိမ်၊ မန္တလေးတိုင်းက ၃၄ ကြိမ်၊ ရှမ်းပြည်မြောက်ပိုင်းက ၁၁၈ ကြိမ်၊ ရှမ်းပြည်တောင်ပိုင်းက ၃ ကြိမ်၊ ရခိုင်ပြည်နယ် ၅၉ ကြိမ်၊ ချင်းပြည်နယ် ၁၃ ကြိမ်၊ ကရင်ပြည်နယ် ၉ ကြိမ်၊ ကရင်နီပြည်နယ် ၃ ကြိမ်နဲ့ ကချင်ပြည်နယ် ၃၃ ကြိမ် ပေါင်း ၃၅၀ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ဒရုန်းတိုက်ခိုက်ကတော့ ပဲခူးတိုင်းမှာ ၇ ကြိမ်၊ စစ်ကိုင်းတိုင်း ၇ ကြိမ်၊ ကချင်ပြည်နယ်မှာ ၁ ကြိမ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁ ကြိမ်၊ တနင်္သာရီတိုင်းမှာ ၁၅ ကြိမ် ပေါင်း ၃၁ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၅ ဦးနဲ့ အမျိုးသမီး ၄၈ ဦးအပါ ပြည်သူ ၂၁၇ ဦး သေဆုံးပြီး ၃၂၇ ဦးဒဏ်ရာရကာ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁၄ ဦးအပါ ပြည်သူ ၂၃ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦ ၁၆ ခု၊ စာသင်ကျောင်း ၆ ကျောင်း၊ ဆေးရုံ ၂ ခု၊ ဟိုတယ် ၃ ခု၊ စီးပွား‌ရေးနဲ့ဆိုင်တဲ့ အဆောက်အဦ ၁၆ ခု၊ UN ရုံး ၁ ရုံး၊ နေအိမ် ၃၀၃ လုံးနဲ့ အချုပ်ထောင် ၂ ခုပျက်စီးခဲ့ပြီး ဒရုန်းတိုက်ခိုက်တဲ့အတွက်လည်း ဘာသာရေးအဆောက်အဦ ၃ ခုနဲ့ နေအိမ် ၂၄ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချက်အလက်တွေဟာ သွေးစွန်းငွေဖြတ်တောက်‌ရေး လှုပ်ရှားမှုအဖွဲ့က မြန်မာပြည်တွင်း သတင်းမီဒီယာတွေကို စောင့်ကြည့်ကောက်ယူထားတဲ့ စာရင်းအချက်အလက်တွေသာဖြစ်ပြီး မြေပြင်ရှိ ပကတိအခြေအနေတွေနဲ့ ကွာဟမှုရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ - ကောလင်းမြို့၊ ဥက္ကံရွာကို စက်တင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရစဉ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ပဲခူး #လေကြောင်းတိုက်ခိုက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10