သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပင်လည်ဘူးမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဩဂုတ် ၁၅ ရက်ကစတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး ၂ လနီးပါးအကြာ ဒီကနေ့ မနက် ၂ နာရီဝန်းကျင်မှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ၂ ဖက် ထိခိုက်ကျဆုံးမှုတွေလည်းရှိထားပြီး စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်သူတွေလည်းရှိကာ မြို့သိမ်းပိုက်နိုင်မှု အသေးစိတ်အခြေအနေတွေနဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီက ၎င်းတို့လက်လွှတ်လိုက်ရတဲ့ ပင်လည်ဘူးမြို့ပေါ်ကို ဝန်းသိုအခြေစိုက် ခမရ ၁၂၀ တပ်ကနေ ဟောင်ဝစ်ဇာ(လက်နက်ကြီး) နဲ့ အဆက်မပြတ်ပစ်ခတ်တာတွေ လုပ်ဆောင်နေကာ လေကြောင်းကနေလည်း တိုက်လေယာဉ် ၆ စီးခန့်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ၅ ကြိမ်ခန့် ရှိပြီဖြစ်ပြီး အခုတိုက်ပွဲကမြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ ကလည်း ပင်လည်ဘူးကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော် လက်နက်ချ အညံ့ခံခဲ့ပါသေးတယ်။
ပုံစာ - NUGMOD အမှတ် ၁ စစ်ဒေသလက်အောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ
Share Share Share