96 Soldiers - PDF အညာဒေသတပ်ခွဲရဲ့ ၃ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်းတနေရာမှာ ကျင်းပ

96 Soldiers - PDF အညာဒေသတပ်ခွဲရဲ့ ၃ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်းတနေရာမှာ ကျင်းပ

96 Soldiers - PDF အညာဒေသတပ်ခွဲရဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို အောက်တိုဘာ ၁၇ ရက် မနေ့က စစ်ကိုင်းတိုင်းတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ကတဆင့် သိရပါတယ်။

၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ စစ်ရေးပြတာ၊ တာဝန်ရှိသူတွေက မိန့်ခွန်းပြောတာ၊ မဟာမိတ်တပ်ဖွဲ့တွေရဲ့ သဝဏ်လွှာဖတ်ကြားတာတွေနဲ့  ရဲဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေးတဲ့ အစီစဥ်တွေ ထည့်သွင်းကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

“ ရှေ့ဆက်ပြီးလည်း 96 Soldiers အနေနဲ့ ပြည်သူကို မျက်နှာမူတဲ့အဖွဲ့အစည်းအဖြစ် ဆက်ရှိနေမှာပါ။ ပြီးတော့ စစ်အာဏာရှင် အမြစ်မပြတ်မချင်း ဆက်လက်ပြီး တော်လှန်နေတဲ့ အဖွဲ့အစည်းအဖြစ် ဆက်ရှိနေမှာပေါ့နော်။”လို့ 96 Soldiers - PDF ရဲဘော် မဖူးက ပြောပါတယ်။

အောက်တိုဘာ ၆ ရက်မှာ တပ်ဖွဲ့ တည်ထောင်တာ ၃ နှစ်ပြည့်ခဲ့တာဖြစ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် မနေ့ကမှ ကျင်းပနိုင်ခဲ့ကာ ရှေ့ဆက်တိုက်ပွဲဝင်ဖို့အတွက် စိတ်ဓာတ်ပိုင်းနဲ့ စစ်ရေးပိုင်းတွေကိုလည်း အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

96 Soldiers - PDF အညာဒေသတပ်ခွဲဟာ စစ်ကိုင်းတိုင်းထဲမှာ အဓိက စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး တော်လှန်ရေး ၃ နှစ်ကျော်အတွင်း စခန်းသိမ်းတိုက်ပွဲ ၇ ပွဲနဲ့ မြို့သိမ်းတိုက်ပွဲ ၁ ပွဲ အပါအဝင် စုစုပေါင်း ထိတွေ့တိုက်ပွဲ ၂၂ ပွဲ ဖောင်ဆောင်ခဲ့ကာ တိုက်ပွဲတွေအတွင်း ရဲဘော် ၅ ဦး ကျဆုံးမှု ရှိထားတယ်လို့ သိရပါတယ်။

 

 

#မြေလတ်အသံ

#96Soldiers #အညာ #၃နှစ်ပြည့် #အခမ်းအနား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10