သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF အမှတ် ၁၂ တပ်ရင်း အပတ်စဥ် ၃ စစ်အခြေခံသင်တန်းဆင်းပွဲကို တပ်ရင်းအခြေစိုက်ရာ စစ်ကိုင်းတိုင်းအတွင်းက ယောဒေသမှာ ပြုလုပ်ခဲ့ပါတယ်။
မတ်လ ၆ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းကာလ ၃ လကြာမြင့်ကာ အမျိုးသမီးရဲမေအပါ သင်တန်းသား ၃၁ ဦး တက်ရောက်ခဲ့ကြပြီး၊ နောက်ထပ်သင်တန်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံက ပေါ်ပေါက်လာခဲ့တဲ့ ABSDF အနေနဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး မျိုးဆက်တွေကို ပုခုံးပြောင်းတာဝန်တွေပေးအပ်ခြင်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။