CDM ကျောင်းဆရာမအပါအဝင် အမျိုးသမီး ၃ ဦး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရ

CDM ကျောင်းဆရာမအပါအဝင် အမျိုးသမီး ၃ ဦး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ဆရာမ ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

မတ်လ ၃ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒီနေ့တရက်ထဲ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံခဲ့ရကာ ဆရာမ ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ လက်ရှိတရားစွဲဆိုခံထားရပြီး တခြားဖမ်းဆီးခံရတဲ့ ပြည်သူတွေကတော့ အခြေနေမသိရသေးဘူးလို့ ဆိုပါတယ်။


“အဲ့ဒီနေ့က ၂၂ ယောက် အဖမ်းခံရတာ။ အဲ့ထဲကမှ ၅ ယောက်လောက်က လွတ်ခဲ့ပြီ။ ကျန်တာတွေကတော့ လွတ်သံမကြားသေးဘူး။ မနေ့တုန်းက လွတ်သွားတဲ့သူတွေလည်း ရှိတယ်။ ဆရာမတယောက်ဆို မနေ့ကမှ လွတ်တာ။” လို့ အင်းတော်ဒေသခံ တဦးက ပြောပါတယ်။

အလယ်တန်းပြ CDM ဆရာမ ဒေါ်သိန်းလှ ၃၉ နှစ်၊ ဒေါ်အေးအေး ၄၄ နှစ်နဲ့ ဒေါ်ခင်ပြည့်ပြည့်ထွန်းတို့ ၃ ဦးကို PDF တွေကို ထောက်ပံ့နေတယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည)တို့နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

မတ်လ ၃ ရက်နေ့ မနက်ပိုင်းက အင်းတော်မြို့ထဲက မီးပွိုင့်နားမှာ ပကဖရဲဘော် ၂ ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း ဆက်စပ်ပြည်သူတွေဆိုပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10