သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်းထဲမှာအခြေစိုက်တဲ့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (PDO)/ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)က ကျဆုံးရဲဘော်ရဲ့ ၁ နှစ်ပြည့် ဂုဏ်ပြုအထိမ်းအမှတ်ပွဲကို ကျင်းပခဲ့တယ်လို့ PDO/PDA ရဲ့ နိုင်ငံရေးမှူးက ပြောပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)၊ အမှတ် ၄ စစ်ဒေသမှူး၊ ရဲဘော် VJ ကျဆုံးခြင်း အထိမ်းမှတ်ပွဲကို PDO/PDA စစ်ဒေသတိုင်းတခုဖြစ်တဲ့ ပခုက္ကူခရိုင်ထဲက တနေရာမှာ ဇူလိုင် ၃ ရက်က ကျင်းပခဲ့တာလို့ ဆိုပါတယ်။
ရဲဘော် VJ ဟာ အသက် ၂၇ နှစ်အရွယ် လူပျိုတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၃ ရက်က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်မေး သတ်ဖြတ်တာကိုခံခဲ့ရပါတယ်။
အဲဒီ ဂုဏ်ပြုအမှတ်တရပွဲကို PDO/PDA ဥက္ကဌနဲ့ တပ်ဖွဲ့ဝင်တွေတက်ရောက်ကြတယ်လို့ သိရပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (PDO)/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)ကို ၂၀၂၁ ဧပြီ ၁ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကျောင်းသားလူငယ်တွေ၊ အလုပ်သမားလူငယ်တွေနဲ့ နေရာပေါင်းစုံက အမှန်တရားကို လိုလားသူတွေနဲ့ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #PDO #PDA #ကျဆုံးရဲဘော် #တနှစ်ပြည့်
Share Share Share