SNA က တပ်စိတ်မှူးအဆင့်ရှိ ရဲဘော် ၂ ဦးအပါ ၅ ဦး လက်နက်တွေနဲ့အလင်းဝင်

SNA က တပ်စိတ်မှူးအဆင့်ရှိ ရဲဘော် ၂ ဦးအပါ ၅ ဦး လက်နက်တွေနဲ့အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် - SNA ရဲ့ တပ်စိတ်မှူးအဆင့်ရှိ ရဲဘော် ၂ ဦးအပါအဝင် ရဲဘော် ၅ ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီ ၂၇ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ရဲဘော်တွေဟာ ဧပြီ ၂၄ ရက်က HK 33 ၁ လက်၊ AK 1 ၁ လက်၊ 7.62 ကျည် ၉၀ တောင့်၊ 5.56 ကျည် ၁၈၄ တောင့်နဲ့အတူ အလင်းဝင်လာတာလို့ ဆိုပါတယ်။ 

“ပြည်သူနဲ့ ပူးပေါင်းပြီး ပြည်သူ့ဘက်က ရပ်တည်ချင်လို့ ဝင်လာတာပါ၊ ဆိုင်ရာဆိုင်ရာ ရပ်ကျေး ပကဖတွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာပါတယ်၊ အားလုံးကို သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း ကူညီပံ့ပိုးပေးနေတယ်။”လို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

အလင်းဝင်ရဲဘော်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ 

နောက်ထပ်အလင်းဝင်လာမယ့် ရဲဘော်တွေကိုလည်း ဆက်လက်ကြိုဆိုနေမှာဖြစ်ပြီး SNA နဲ့ ဟုမ္မလင်းမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွား ဖို့လည်း မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

“SNA ရဲဘော်တွေနဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်တဲ့ ပုံစံမျိုးပဲဖြစ်ချင်တယ်။”လို့ ဟုမ္မလင်း ပကဖတာဝန်ခံကပြောပါတယ်။

အလင်းဝင်လာတဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုငွေပေးအပ်ပွဲနဲ့ လက်နက်အပ်နှံပွဲ အခမ်းအနားလည်း ကျင်းပပေးခဲ့ပြီလို့ ဆိုပါတယ်။ လက်ရှိချိန်ထိ ဟုမ္မလင်းမြို့နယ်ပကဖဆီ အလင်းဝင်လာတဲ့ SNA ရဲဘော် ၉ ဦးရှိပြီး အမျိုးသားရဲဘော် ၇ ဦးနဲ့ အမျိုးသမီးရဲဘော် ၂ ဦးဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဟုမ္မလင်း #SNA #တပ်စိတ်မှူး #ရဲဘော် #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10