ခိုင်ရီ

ယောက်ျားတွေကို ခွဲခြား မြှင့်တင် မြှောက်ပင့်ခြင်းတွေ ရပ် (အက်ဆေး)

ကျမတို့ သားယောက်ျားလေးတွေဟာ မြှင့်တင်မြှောက်ပင့်ခြင်းတွေကနေကြားထဲကနေ ကြီးပြင်းလာ ကြပြီး မိန်းလေးတွေကတော့ ခွဲခြားနှိမ်ချခံရခြင်းတွေ ကြီးပြင်းလာကြတယ်။ ဒီလို အဖြစ်မျိုးတွေက ကျမရဲ့ ပတ်ဝန်းကျင်၊ ကျမနဲ့ နီးစပ်တဲ့နေရာတွေမှာပဲ ဖြစ်ပျက်နေတာလားဆိုတော့ မဟုတ်ပါဘူး။

မှီခိုအမည်တပ်ခံထားရသော အိမ်ထောင်ဦးစီးများ (ရုပ်သံဆောင်းပါး)

ကလေးနို့တိုက်၊ ချက်ပြုတ်လျှော်ဖွက် ဇယ်ဆက်သလို လုပ်နေတဲ့ မအေးဟာ တခါတခါမှာ လင်ယောကျ်ားရဲ့ ရိုက်နှက်တဲ့ဒဏ်ကို ခံရတယ်။ တခါတခါ အရက်မူးပြီးအိမ်ပြန်လာတဲ့ သူ့ယောကျ်ားဒဏ်ကို မခံနိုင်တဲ့အဆုံး သူကလည်း ပြန်ရိုက်ချင်ရိုက်ဖို့ ကြံမယ်၊ ပြန်အော်ဟစ်မယ်။ ဒါတွေဟာ ကျမတို့အိမ်ရှေ့က လမ်းမှာတလျှောက်မှာ မအေးတယောက်‌နေ့စဉ်ဖြတ်သန်းခဲ့တဲ့ တနေတာတွေပါ။

မှီခိုအမည်တပ်ခံထားရသော အိမ်ထောင်ဦးစီးများ (အက်ဆေး)

“ကျမ နာမည်ထည့်လိုက် ဦးလေး၊ အိမ်မှာ ကျမ အိမ်ထောင်ဦးစီးပါ” ဆိုတော့ သူက ရယ်ကျဲကျဲနဲ့ ကျမကို ပြန်ကြည့်တယ်။ မြန်မာပြည်မှာ အိမ်ထောင်ဦးစီးဆိုတာ ယောက်ျားတွေဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်က သူ့အပြုံးထဲမှာ အပြည့်အဝရောနှောပါဝင်နေတာကို သူ့မျက်နှာအမူအယာပေါ်မှာ ကျမကောင်းကောင်း ဖတ်မိပါတယ်။

ရေစည်လှည်းတွန်း၊ အဝတ်လျှော်နေရတဲ့ တော်လှန်ရေးလက်တစုံ (ရုပ်ပုံလွှာ)

ရန်ကုန်မြို့ပြင်က ကျူးကျော်ရပ်ကွက်လေးတခုမှာ အိမ်ငှားနေတဲ့ မမိုးသက်လွင်*ဆီကို သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဆီက အရေးတကြီး ဖုန်းဝင်လာပါတယ်။ “နင်မြန်မြန်ရွှေ့တော့၊ နင်နေတဲ့နေရာကို သူတို့ သိသွားပြီ” လို့ ခပ်သွက်သွက်ပြောပြီး ဖုန်းချသွားတယ်။ ကလေးမီးဖွားထားတာ ၆ လကျော်သာရှိသေးတဲ့ မမိုးသက်လွင်ဟာ အသက် ၁၂ နှစ်အရွယ် သမီးအကြီး၊ အသက် ၆ နှစ်အရွယ် သမီးအလတ်၊ အသက် ၇ လမပြည့်သေးတဲ့ သမီးအငယ်ဆုံးလေးနဲ့အတူ အမြန်ဆုံး ထွက်ပြေးသွားဖို့ ပြင်ဆင်ရပါတော့တယ်။

အနိဌာရုံသတင်းတွေကြားက အမျိုးသမီးသတင်းသမားတွေ (ဆောင်းပါး)

"ကျမနားထဲမှာ သူ့ရဲ့ ငိုသံတွေထပ်ကြားတယ်၊ အိပ်လို့မရဘူး၊ အနားမှာ လူတယောက်ယောက် လာပြီး စကားလာပြောနေတယ်လို့ ကျမမြင်နေရတယ်၊ သေချာအောင်ဆိုပြီး ဖုန်းမီးဖွင့်ပြီး ကြည့်တော့ ဘယ်သူမှမရှိဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10