လက်တလုံးခြားလိမ်လည်နေသည့် Face to Face ငွေလဲဝန်ဆောင်မှု (ဆောင်းပါး)
လူချင်းတွေ့ (Face to Face) ငွေပို့ပေးမည်ဆိုသည်မှာ အင်တာနက်၊ ဖုန်းလိုင်းအခက်အခဲများကြားမှ မိဘများထံငွေသားပေးပို့လိုသော မမေခအတွက် သာမာန်အားဖြင့်အဆင်ပြေသည်။ ယခုထက်ပိုမိုစိတ်ချရသည့်နည်းလမ်းမရှိသေးဟု သူတွေးမိသည်။ ထို့ကြောင့် လူချင်းတွေ့ငွေပေးပို့မည်ဆိုသည်ကို မမေခလက်ခံလိုက်ပြီး နောက်တနေ့မနက်ပိုင်းတွင် ဖုန်းလိုင်း(MPT)ရရှိနေသည့် မြစ်ကြီးနားမြို့တနေရာ၌ တွေ့ဆုံမည်ဖြစ်ကြောင်း တွေ့ဆုံငွေလဲမည့် နေရာနှင့်အချိန်ကို ချိန်းဆိုလိုက်သည်။