လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုပေးနေတဲ့ ဆေးရုံပျက်စီး
"ဒီဆေးရုံကို ကောလင်းကိုစပြီးသိမ်းကတည်းက သူတို့(စကစ)က အငြှိုးထားခဲ့တာ။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတုန်းမို့ ဆေးကုသဖို့အတွက် ဆေးဝါးတွေလိုအပ်နေပါတယ်"
"ဒီဆေးရုံကို ကောလင်းကိုစပြီးသိမ်းကတည်းက သူတို့(စကစ)က အငြှိုးထားခဲ့တာ။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတုန်းမို့ ဆေးကုသဖို့အတွက် ဆေးဝါးတွေလိုအပ်နေပါတယ်"
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ စားကျက်ကျေးရွာကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာတော်ကျေးရွာက အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတဦးသေဆုံးပြီး မိခင်နဲ့ အဘွားဖြစ်သူတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။
မတ္တရာမြို့နယ်အတွင်း စစ်တပ်က ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုး လူသတ်မှုတွေကျူးလွန်နေတာကြောင့် စစ်ရှောင်ပြည်သူတွေများပြားနေပြီး စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ရောင်နီနွေဦးအဖွဲ့တာဝန်ခံက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ကစပြီး စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်တာကြောင့် ရက်ပိုင်းအတွင်း မြို့ပြတွေမှာ အလုပ်လုပ်နေကြတဲ့ လူငယ် မြောက်များစွာဟာ စစ်မှုမထမ်းလိုတဲ့အတွက် တချို့က နယ်မြို့တွေ၊ ကျေးရွာတွေကို ပြန်ကြပြီး တချို့က တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်သွားကြပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်းနဲ့ ၁၂လမ်းထောင့်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာ လူအုပ်ပြိုကျပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို မနေ့က စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ ဒေသခံနှစ်ဦးကို သတ်ခဲ့ပြီး ကျေးရွာ၂ ရွာက နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖပြန်ကြားရေးဆီကနေ သိရပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အင်းကုန်းကျေးရွာနဲ့ ဆိပ်သာကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို သတ်ဖြတ်သွားတယ်လို့ မတ္တရာမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
"တရပ်ကွက်လုံးကောက်တယ်လို့ ပြောတယ်။ အဲတုန်းက ဥပဒေမထုတ်ပြန်သေးတော့ သာမန်ပဲထင်တာလေ။ အခုတော့ ကြောက်လန့်နေကြပြီ"
"**တွေလည်း တော်တော်များများလမ်းပေါ်မှာ အတုန်းအရုန်းမြင်ရတယ်။ **အကျအဆုံးက တော်တော်တော့များတယ်။ အရေအတွက်ကိုတော့ မသိရသေးဘူး "
စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်နဲ့ ဆားတောင်မြို့တွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ စုစုပေါင်း ၈ဦးသေဆုံးပြီး ထိခိုက်သူတွေလည်းရှိပါတယ်။
"မနေ့ကမြို့ထဲကို စစ်တပ်ကဝင်ပြီးတော့ တော်တော်များများနေရာတွေကို မီးလိုက်ရှို့တယ်။ တမြို့လုံး လေးနေရာ၊ ငါးနေရာလောက်ရှိမယ်"
" ဗျူဟာခင်းတယ် ပြောရမှာပေါ့။ မြို့ထဲမဝင်ဘဲမြို့အပြင်ကနေ ဝိုင်းတိုက်နေလို့ ဝင်ခွင့်ပေးလိုက်ပြီးမှ ကိုယ့်ဘက်က အင်အားတွေစုပြီး ပြန်တိုက်လိုက်တာ။ ဟိုကောင်တွေ(စစ်တပ်) အကုန်ပြန်ဆုတ်သွားပြီ"
"ကောလင်းမြို့ ပြန်မပေးရရေးကို ကျွန်တော်တို့ ကြိုးစားနေတယ်။ ပထမဆုံးသိမ်းယူထားတဲ့မြို့ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသကလူတွေက ပြန်မပေးချင်ကြဘူး။ အဲဒီပြန်မပေးရအရေးကို တိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်း စစ်ဦးစီးချုပ်ကိုပြောချင်တာကတော့ ကောလင်းမြို့ကို ပစ်မထားပါနဲ့။ ဝိုင်းပေးကြပါ။ ခရိုင်ပအဖ၊ တိုင်းပအဖအနေနဲ့လည်း ကောလင်းမြို့သိမ်းတဲ့အချိန်တုန်းက တအားပျော်ခဲ့ကြပြီး အခုပြန်တိုက်တဲ့အချိန်မှာ ရဲဘော်တွေအတွက် သတင်းစကားလည်း ဘာမှမကြားရဘူး။ ထောက်ပို့မှုလည်းဘာမှမရှိဘူး"
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီးဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တကျော့ပြန် တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၆ ဦးနဲ့ ပြည်သူ ၂ ဦးသေဆုံးထားပြီး ဖေဖော်ဝါရီ ၇ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ ဘန်ကာဆောက်နေတဲ့ စစ် ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက Fixed Wings ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်တွေဆီကသိရပါတယ်။