ချောင်းဦးမှာ ရွာခံအမျိုးသား ၄ ဦး ဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်တောက်နေ
"သူတို့လေးယောက်က နတ်ရေကန်ဇရပ်ပေါ်မှာထိုင်နေကြတာ။ မြို့ပေါ်က စကစတွေက ကားနဲ့ရောက် လာပြီး အကုန်ဆွဲတင်သွားတာ။ ဒီလူတွေက PDFတွေ မဟုတ်ဘူး၊ သာမန်ပြည်သူတွေပါ"
"သူတို့လေးယောက်က နတ်ရေကန်ဇရပ်ပေါ်မှာထိုင်နေကြတာ။ မြို့ပေါ်က စကစတွေက ကားနဲ့ရောက် လာပြီး အကုန်ဆွဲတင်သွားတာ။ ဒီလူတွေက PDFတွေ မဟုတ်ဘူး၊ သာမန်ပြည်သူတွေပါ"
"သာဇင်က အမျိုးသားတွေကိုလည်း ဖမ်းသွားတယ်။ ဘယ်နှစ်ယောက်ဆိုတာကို မသိရသေးဘူး။ ဘောက်သောက်နဲ့ လင်းယဥ်ကုန်းရွာ က ခုနှစ်ယောက်ကတော့ အတိကျပဲ။ သူတို့က ဒီနေ့အထိ ပြန်မလွတ်လာကြသေးဘူး"
"ကျနော်ကိုယ်တိုင်လည်း ပြေးနေရတယ်။ ပျူတွေကို စကစတွေက လက်နက်တွေ ပေးထားတော့ စိတ်ကြိုက် သောင်းကျန်းတာပေါ့။ ကျနော်တို့လို လူငယ်တွေဆို အဓိကပစ်မှတ်ထား စစ်ဆေးတယ်၊ ဖမ်းဆီးသွားတာတွေ ရှိတယ်။ အခုဆိုရွာတွေမှာ လူတယောက်မှ မနေကြတော့ဘူး။ အကုန်လုံးတိမ်းရှောင်နေရတယ်"
"ပထမဆုံး ဗုံးသီးတလုံး ချလိုက်တဲ့အချိန်မှာ စကစတကောင်က တခါတည်း ခွေခနဲလဲကျသွားတယ်။ ဗွီဒီယိုဖိုင်ထဲမှာလည်း တွေ့ရတယ်။ လောလောဆယ် ဒီတကောင်ပဲသေတယ်လို့ အတည်ပြုထားနိုင်တယ်"
"စကစဘက်က လာသမျှ ယောက်ျားလေး လူငယ်အချို့ကို ရိုက်ပီးစစ်ဆေးတယ်။ ကမ်းနားဇတ်ဆိပ်မှာ ဆိုင်ကယ်နှစ်ယောက် ၂ ယောက်ပိုး(စီး)ရင်ဖမ်းတယ်။ ဘုရားကြီး ရုံးကြီးမှာရှိတဲ့ ဆိုင်တွေကို ပိတ်ခိုင်းတယ်။ ယခုလောလောဆယ် ညောင်ပင်စောက်သွားတဲ့လမ်း စက်မှုဇုန်အဝိုင်းပတ်မှာ အရပ်ဝတ်နဲ့ စစ်**တွေရောက်နေတယ်လို့ သိရပါတယ်"
"လုံခြုံရေးအရ ရွာနာမည်နဲ့ သူ့ရဲ့နာမည်ကို ပြောလို့မရဘူး။ အခုကတော့ ခြေထောက်ဖြတ်လိုက်နိုင်လို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး။ ကျေးလက်ဆေးခန်းတခုမှာ ဆေးကုသမှု ပေးထားတယ်"
"စကစနဲ့ပျူတွေက ရွာကိုဖောကား ၃ စီးအပြည့်နဲ့ ဝင်လာတာ။ ရွာထဲကိုမဝင်မီ ကားလမ်းမထက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ တရစပ်ပစ်ခတ်ခဲ့တယ်။ လူတွေက အချိန်မီရှောင်လိုက်နိုင်လို့ ထိခိုက်မှု မရှိခဲ့ဘူး။ အိမ်တွေကိုတော့ မီးမရှို့ခဲ့ကြဘူး။ PDF တွေ လုံခြုံရေးယူထားတဲ့ နေရာတွေကို ရွေးပြီးတော့မီးရှို့ ဖျက်ဆီးသွားကြတာ။ စကစတွေ ရွာကအထွက်မှာ လမ်းမှာတွေ့တဲ့အမျိုးသားနှစ်ယောက်ကိုလည်း လမ်းပြခေါ်သွားတယ်"
"ကိုဗန့်ဂျီ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေတော်တော်တွေ့ရတယ်။ ကျောကုန်းတွေ၊ ဦးခေါင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေပါတယ်။ ရင်ဘက်တွေမှာ ဓားထိုးဒဏ်ရာတွေ တွေ့ရတယ်ဗျ။ စကစတွေက မနေ့(ဇွန်၁၀)က သတ်ပြီးတော့ အလောင်းလာပစ်သွားတာလို့ ထင်တယ်" လို့ ဆိုပါတယ်။
"အရင်ကလည်း ၂ ကြိမ် ၊ ၃ ကြိမ် ကြေညာချက်ထုတ် သတိပေးခဲ့ဖူးတာမျိုးတွေရှိပါတယ်။ အများစုကမလိုက်နာဘဲ စစ်ကောင်စီလက်အောက်မှာ လုပ်ဆောင်မြဲရှိသေးတဲ့အတွက် နောက်ဆုံးအကြိမ်အဖြစ် အမည်တွေကိုပါတပ်ပြီး ကြေညာလိုက်တာဖြစ်ပါတယ်"
"ဒေသခံတွေက မနေ့က ၅ နာရီကတည်းကနေ ပြေးနေရတာ။ ညမအိပ်ရတော့ဘဲ ပြေးနေရတာ။ အခုချိန်ထိပေါ့။ Mi-35 နဲ့စက်ဝိုင်းပုံစံဝိုင်းပြီးတော့ ၅ ကြိမ်ပစ်တယ်။ ရွာထဲကစကစတွေကတော့ လေကြောင်းပစ်ပြီးတာနဲ့ အိမ်တွေကို မီးစရှို့တာ။ တညလုံးရှို့တယ်။အခုထိမီးက မငြိမ်းသေးဘူး"
ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတဦးသေဆုံးသလို စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံးမှုရှိတာကြောင့် ချင်းတွင်းမြစ် ဆိပ်ကမ်းတခုမှာ အလောင်းတွေသယ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ရွာကိုမီးရှို့လို့ ရွာလုံးကျွတ်ထွက်ပြေးကာ မြို့ပေါ်ကကျောင်းတွေမှာ ခိုလှုံနေကြတာ။ PDF တွေလုံးဝမဟုတ်ကြပါ။ အဖမ်းခံရတဲ့အထဲ သားမိနှစ်ယောက်ပါသွားတယ်။ ကလေးက ငယ်သေးတယ်လို့ပဲ သိရတယ်။ ကျား၊ မဆိုတာကို မသိရဘူး။ ပုံမှန်ကတော့ ဖမ်းဆီးတဲ့သူတွေကို တပ်မ ၃၃ ထဲမှာပဲ ဖမ်းထားလေ့ရှိတယ်၊ ခုအဲ့ထဲမှာဖြစ်နိုင်ပါတယ်"
"အင်အား၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ယင်းမာယင်မြို့၊ အင်ကြင်းတောင်ကျေးရွာထဲ တပ်စွဲထားရာကနေ ထွက်လာပြီး စစ်ကြောင်းထိုးရာ လက်ရှိမှာ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်အစပ်မှာရှိတဲ့ ဖိုးတောင်နဲ့ မတောင့်တကျေးရွာအကြားကို ရောက်ရှိကာ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အခုလိုထွက်ပြေးနေကြရတာဖြစ်တယ်"
"သူတို့ ထုတ်လုပ်နိုင်ခဲ့တဲ့ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမ၊ ၁ ထောင့်ထိုး၊ ပစ္စတို စတဲ့ လက်နက် စုစုပေါင်း ၄၈ လက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်"
"တိုက်ပွဲပြီးလို့ ပြန်ဆုတ်တဲ့အခါမှာ ဒီရဲဘော်နှစ်ယောက်က လူစုကွဲပြီးကျန်ခဲ့တာ။ သူတို့က နယ်ခံတွေလည်း မဟုတ်ကြဘူး။ စကစတွေက ရဲဘော်တွေကိုအရှင်ဖမ်းမိပြီးတော့ သတ်သွားတာ။ သူတို့ရဲ့အလောင်း Body မှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေတွေ့ရတယ်"