စစ်တပ်က စစ်ကြောင်းထိုးလို့ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်က ဒေသခံသောင်းချီထွက်ပြေးနေရ
"အခု မိုးကရွာနေတယ်ဗျ။ ဒေသခံတွေက မိုးပြင်ထဲထွက်ပြေးနေရတာ။ စကစတွေက နေအိမ်တွေကို မီးရှို့မှာကြောက်လို့ ပြေးနေရတာ။ ကားလမ်းမတွေမှာ နွားလှည်းတွေ၊ လယ်ထွန်စက်တွေ၊ ဆိုင်ကယ်တွေနဲ့ အထုပ်အထမ်းတွေယူပြီးတော့ ထွက်ပြေးနေကြတာ။ ကားလမ်းမမှာ ပြည့်ကျပ်နေတယ်ဗျ။ လက်နက်ကြီးပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်"