သစ်ခိုးထုတ်တာကို PDF က တားလို့ PDF စခန်းကိုလိုက်ပြခဲ့တဲ့ရာအိမ်မှူး ပစ်သတ်ခံရ
'သူက ဒလန်ထက်ဆိုးတယ် သစ္စာဖောက်ပေါ့။ အရင်က မင်းလှ PDF စခန်းကို အဝင်အထွက်ရှိတယ်။ PDF စခန်းကို သူလိုက်ပြလို့ စခန်းအစီးခံရတုန်းက ကျသွားတဲ့ ရဲဘော်ရိုးမက သူနဲ့ညီအစ်ကိုဝမ်းကွဲတော်တယ်၊ အဲ့တာကြောင့်လည်း သူ့ကို ဝင်၊ထွက်ခွင့်ပေးထားတာ။ သူသစ်ခိုးထုတ်တာတွေအရမ်းများလာလို့ PDF ကတားတာ၊ အဲ့ဒါကိုမကျေနပ်လို့ စစ်ကောင်စီနဲ့သွားပေါင်းပြီး PDF စခန်းကိုလိုက်ပြတာ။ အဲ့ဒီ စခန်းသိမ်းခံရပြီးနောက်ပိုင်းမှ သူ့ကိုရာအိမ်မှူးခန့်ပြီး သစ်ခိုးထုတ်ခွင့်ပေးထားတာ'' လို့ ပြောပါတယ်။