MLAT

လမ်းဘေးရေချမ်းစင်ကို ရေဖြည့်ပေးနေသူ (သတင်းဆောင်းပါး)

စစ်အာဏာသိမ်းခံရပြီး ပဋိပက္ခပေါင်းစုံနဲ့ တစ်တိုင်းပြည်လုံးကြုံနေရချိန် မြန်မာပြည်ရဲ့ လူဦးရေအထူဆုံးမြို့ ရန်ကုန်ကလမ်းမတွေပေါ်မှာ နွမ်းပါးကလေးငယ်တွေ တိုးပွားလာတာကို သူသတိထားမိခဲ့တယ်။ ဒီကလေးတွေအတွက် တတ်နိုင်တာလုပ်ပေးဖို့ ကိုဖြိုး သန္နိဋ္ဌာန်ချလိုက်တယ်။

မြေလတ်ပေးစာ (Podcast)

-ဥသျှစ်ပင်မြို့ အမှိုက်ကားပေါ်ကစည်ပင်ဝန်ထမ်းတွေ ပြည်သူအပေါ်ဘယ်လိုဆက်ဆံနေသလဲ။ -မင်းလှနဲ့ စစ်ကွင်းအကြားက မအေးချမ်းတော့တဲ့ရွာကလေး။ -လယ်ဝေးမြို့၊ ကျောက်အိုးရွာက ပြည်သူတွေရဲ့ဒုက္ခ။

ဒေသခံအမျိုးသားတွေနဲ့ ရင်ဘောင်တန်းခြင်းခတ်တဲ့ CDF-Asho အမျိုးသမီးစစ်သည်တွေ (ရုပ်/သံ)

ပိုက်ကျော်ခြင်းခတ်ရာမှာ ငွေကြေးနဲ့ ကစားတာမဟုတ်ဘဲ ဒိုက်ထိုးကြေး အပျော်တမ်း ကစားကြတာလို့ CDF-Ashoရဲ့ တာ၀န်ခံ ဆလိုင်းရိုးချင်းက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်မှာ အညာတော်လှန်ရေးသမားတွေ ဘာတွေပြောကြသလဲ။

စကခ ၈ မှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင် မိုင်းဆွဲခံရ၊ ဒဏ်ရာပြင်းထန်လို့ သေနိုင်ဖွယ်ရှိ

“ တပ်မမှူး ထိတယ်ဆိုတာ သတင်းသဲ့သဲ့တော့ကြားတယ်။ သူတို့ထိရင်သတင်းကို မရ၊ ရအောင် လိုက်ဖုံးတာဆိုတော့ သေချာမသိရဘူး။ ရေဖြူ ၄၀၆၊ ၄၀၇ တပ်တွေလည်း အထိများတယ်လို့လည်း သိရတယ် “

တပတ်အတွင်း မြေလတ်သတင်း

- မဟာဗောဓိမြိုင်ဆရာတော်ကြီး ခန္ဓာချုပ်ငြိမ်းရုပ်သိမ်းတော်မူ - အပူချိန်မြင့်နေတဲ့ ယင်းမာပင်-ဆားလင်းကြီးမှာ စစ်ရှောင်၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာပြီး ဆေးဝါးတွေလိုအပ်နေ - ကမ္ဘာ့အပူဆုံးမြို့တွေဖြစ်ခဲ့တဲ့ ချောက်နဲ့ မကွေးမြို့တို့အပြင် တောင်ငူမြို့မှာပါ လူသေဆုံးမှုတွေရှိ - နာရေးလိုက်ပို့ချိန် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးထပ်မံသေဆုံး - ချောက်မြို့နဲ့ ပုဂံတို့မှာ အပူလွန်ကဲလို့ဖြစ်ပေါ်တတ်တဲ့ ပျံကျမိုးရွာသွန်း - ပေါင်းတည်နဲ့မကွေးမြို့တို့မှာဖြစ်ပွါးခဲ့တဲ့ မီးလောင်ကျွမ်းမှုများ - သဲကုန်းက LGBT တဦးကိုသတ်ပြီး ပစ္စည်းလုယူခဲ့သူတွေကို ဖမ်းမိ - ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာပါခဲ့တဲ့ မုံရွာမှာ မိုးသက်လေပြင်းကျလို့ နေအိမ်တချို့ပျက်စီး - ပဲခူးရိုးမအနောက်က စစ်ရှောင်တဲအလုံး ၅၀ အတွက် နှီးသက္ကယ်အမိုးတွေ စတင်မိုးပေးနေ

“တော်လှန်ရေး . . . မြန်မလား နှေးမလား” (အတွေးအမြင်)

အဆိုးဆုံးကတော့ အချို့နေရာတွေမှာ အချို့သော ပြည်သူတွေက “NUG ပအဖ၊ ပကဖ တွေကလည်း မစွံပါဘူး၊ စစ်ကောင်စီနဲ့ မထူးပါဘူးကွာ” လို့ ပြောတဲ့ အသံမျိုးထိ တစွန်းတစ ကြားလာရတယ်ဗျာ။ ဒါက တော်လှန်ရေးအတွက် အတော်ကို အန္တရာယ်ကြီးတယ်ဗျို့။

“ခေါင်းတခြမ်းကိုက်နေသလား” (Podcast)

ခေါင်းတခြမ်းကိုက်ရောဂါဟာ ဘာတွေကြောင့်ဖြစ်စေတာလဲ။ ခေါင်းတခြမ်းကိုက်ခြင်းသက်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။ ငြုတ်သီးခြောက်နဲ့ နနွင်းမှုန့်ဟာ ခေါင်းတခြမ်းကိုက်ခြင်းသက်သာစေဖို့ ဘယ်လိုအထောက်အကူပြုသလဲ။ ခေါင်းတခြမ်းကိုက်တဲ့အခါမှာ စားသောက်သင့်တဲ့အသီးအနှံတွေဟာ ဘာတွေလဲစတာတွေကို နားဆင်ရမှာပါ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ခန္ဓာချုပ်ငြိမ်းရုပ်သိမ်းတော်မူ

“ ဆရာတော်ကြီးက သီတင်းသုံးနေထိုင်တဲ့ ဉေယျဓမ်တောရမှာပဲ ခန္ဓာချုပ်ငြိမ်းသွားတာပါ။ ရုပ်ကလာပ်တော်ကို အဲ့ဒီတောရမှာပဲ အပူဇော်ခံထားပါတယ်။ စျာပနလုပ်မယ့်ရက်ကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်”

ဒုချုပ်စိုးဝင်းနဲ့ ကစထမှူးညွှန့်ဝင်းဆွေ စစ်ဆေးရုံလူနာကြည့်ရင်း လူမြင်ကွင်းပြန်ထွက်လာ

ဒုချုပ် စိုးဝင်း၊ ကစထမှူး ညွှန့်ဝင်းဆွေနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်လင်းမောင် တို့ဟာ မော်လမြိုင်မြို့ ကုတင် ၃၀၀ စစ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ ဧပြီလ ၂၉ ရက် မနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီမီဒီယာက သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အချောင်စား ဒုသမ္မတနဲ့ အချောင်ကား အုပ်ကြီးများ (သရော်စာ)

ကဲ စဉ်းစားကြည့်ဦး ဒီလောက်ခေတ်ပျက်ထဲ ဟို မင်းကြောင်ချေးများဆိုရင် လူတကာက လမ်းပေါ်ကို သူ့ရဲ့ ကျက်သရေကင်းမဲ့တဲ့ ဓါတ်ပုံကိုချ တက်နင်းခံရလိုက်၊ ထမီနဲ့ အုပ်ခံရလိုက်၊ မအလ မအေ… ဘာဆိုလဲ။ ထောပနာ ကောင်းချီးပေးလိုက်နဲ့ အုံနဲ့ကျင်းနဲ့ထွေးတဲ့ တံတွေးခွက်ထဲမှာ ခမျာက လက်ပစ်ကူးရင်း တောင့်ခံနေရချိန်။ အောင်မာ သူက လစာအပြည့် Rank အပြည့်နဲ့ ဒီလောက် သာသာယာယာနေပြီး လာချူချာပြနေရမလားဆိုပြီး မင်းကြောင်ချေးရဲ့ စိတ်ထဲ အင်မတန်မှ ထိရှ ကြေကွဲခြင်းများစွာခံစားပြီးကာမှ မနာလိုခြင်းများစွာနဲ့ အမိန့်စာတစ်စောင်ထုတ်ပြီး ခုဧပြီလထဲ ရောက်မှ အနားပေးလိုက်ပါရောတဲ့ကွယ်။

လူသေဆုံးမှုများလာနေတဲ့ ကမ္ဘာ့အပူဆုံး မြန်မာမြို့တွေမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

"ဒီရက်ထဲမှာ တနေ့တယောက်လောက်ကို ဆုံးနေတာ။ လူကြီးတွေ သေကြတယ်။ အပူချိန်ပြင်းတော့ လူကြီးပိုင်းတွေ ပိုပြီးနေရခက်ကြတယ်။ မနက်လင်းကတည်းက မြေကြီးကိုရေရွှဲအောင်ဖျန်းပေးထားတာ နေရတာ သက်သာသေးတာပေါ့။ စိတ်ကတော့ မလန်းဆန်းဘူးပေါ့။ အလိုလိုဒေါသတွေကြီးနေတာ ညကျမီးမလာ၊ ငရဲပါပဲ။"

အချောင်စား ဒုသမ္မတနဲ့ အချောင်ကား အုပ်ကြီးများ (သရော်စာ)

ဆောင်းပါးရှင် မြေလတ်အမတ်ကြီးရဲ့ သရော်စာအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ "အချောင်စား ဒုသမ္မတနဲ့ အချောင်ကား အုပ်ကြီးများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ နားဆင်နိုင်ပါပြီ။

မင်းလှ၊ သင်တောရိုးကျေးရွာအုပ်စုမှာ ပေါ်တာကြေးဆိုပြီး လစဉ်ငွေကောက်ခံနေ

"အုပ်ကြီးက ကိုယ့်အုပ်စု(ကျေးရွာအုပ်စု)ထဲပဲ နေပါ။ ဘယ်မှမသွားနဲ့ အုပ်စုအပြင်ဘက်ရောက်ရင် ဖမ်းမှာပဲတဲ့။ အဲ့ဒီတော့ ရပ်ရွာက လူငယ်တွေက ဘယ်မှမထွက်ရတော့ ဒီလစဉ် ၂၀၀၀၀ ကို ဘယ်ကဝင်ငွေနဲ့ ပေးရမှာလဲ။ အကုန် အကြောက်တရားနဲ့နေရပြီး စိတ်ညစ်နေရတယ်"

သတင်းမီဒီယာလွတ်လပ်ခွင့်ကို မထိပါးသော တာဝန်ယူမှုနှင့်တာဝန်ခံစေမှုစနစ် (အယ်ဒီတာ့အာဘော်)

စစ်အာဏာရှင်၏မတရားမှုများကို မြန်မာသာမက ကမ္ဘာကပါ သိနိုင်ရေး ရေးသားဖော်ထုတ်ကြရာတွင် တိုင်းရင်းသား လွတ်မြောက်နယ်မြေများသည် သတင်းမီဒီယာသမားများအတွက် အားကိုးအားထားရာ ဖြစ်သလို သတင်းဌာန၊ သတင်းခန်းများသဖွယ်လည်းဖြစ်သည်။ တကယ်တမ်းလည်း အကာကွယ်ပေးစောင့်ရှောက် ကူညီမှုများရှိခဲ့သည် ရှိနေသည်ဆိုတာ ငြင်းပယ်လို့ မရပေ။ သို့ရာတွင် ဧပြီလ ၁၆ ရက်နေ့တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှတ်ကြားချက်နှင့် ဧပြီလ ၂၁ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ထုတ်ပြန်သော သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒများ ကျင့်ဝတ်စည်းကမ်းများတွင် ပါဝင်သော အချက်အလက်တချို့သည် သတင်းသမားများ၏ သတင်းလွတ်လပ်ခွင့်နှင့် သတင်းရယူခွင့်ကို ကန့်သတ်ချုပ်ချယ်ထားသည်ကို တွေ့ရသည်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10