MLAT

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်နေ

မနက် ၉ နာရီမှာ တံတားဦးနဲ့ မုံရွာလေတပ်ဘက်ကလာတဲ့ Y-12 ပေါ်ကနေ နာရီဝက်လောက် ဗုံး ၉ လုံးကြဲခဲဲ့ပြီး ၉ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာ၊ ည ၁၀ နာရီမှာ Y-12 နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

UFC 306 မှာ မက္ကဆီကိုဖိုက်တာ အက်ဂါချိုင်းရက်ဇ်နဲ့ ထိုးသတ်သွားမယ့် ဗန် (အားကစားသတင်း)

UFC ပြိုင်ပွဲတွေမှာ ဝင်ရောက်ထိုးသတ်နေတဲ့ ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန် ကတော့ UFC 306 မှာ မက္ကဆီကိုဖိုက်တာ အက်ဂါချိုင်းရက်ဇ် နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။ ဗန်ဟာ ဒီပွဲကို ပြိုင်ဘက်ချိုင်းရက်ဇ်နဲ့ထိုးသတ်မယ့် ကယ်ဗင်ဘိုဟာ့စ်နုတ်ထွက်သွားတာကြောင့် လူစားထိုးကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး Flyweight တန်းမှာ ထိုးသတ်သွားမှာပါ။

ပြည်သူ ၇ ဦးကို PDF တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား (Fact Check)

စစ်ကိုင်းတိုင်း၊​ ဝက်လက်မြို့၊ သမားရိုးကျေးရွာမှ ဈေးရောင်းထွက်ကြတဲ့ ပြည်သူ ၇ ဦးကို PDF တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် မှတ်တမ်းများဆိုတဲ့ ဓါတ်ပုံတွေနဲ့ သတင်းအမှား ပျံ့နှံ့နေပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- စစ်မှုထမ်းကို ဆန့်ကျင်သူတွေနဲ့ တပ်သားသစ်တွေကို PRF က အခြေခံစစ်သင်တန်းဆင်းပေးနိုင်ခဲ့ - ဗျူဟာ ၄၂ အတွက် စုဖွဲ့မှုအားကောင်းဖို့ လက်နက်ခဲယမ်းများ MOD တပ်ဆင်ပေး - ဆားလင်းကြီးရဲစခန်းနဲ့ ထွေအုပ်ရုံးကို အလင်းဝင်ဖို့စာတွေကြဲချပြီးနောက် တိုက်ပွဲဖြစ် - လက်ယက်မရွာ လေယာဥ်နဲ့ဗုံးကြဲခံရလို့ ၆ နှစ်အရွယ်ကလေး ၁ ဦးအပါ ၆ ဦးသေဆုံး - သေဆုံးသူတွေထဲ မိသားစုဝင် ၄ ဦးပါဝင် - ထန်းတပင်မှာ နေရပ်ပြန်သူတွေကို စစ်အုပ်စုက စစ်ဆေးမေးမြန်းမှုမရှိ ပစ်ခတ်နေလို့ ဒေသခံတွေနေရပ်မပြန်ရဲသေး - မြိုင်နယ်ထဲက စစ်အုပ်စုဂိတ်နဲ့ ဌာနဆိုင်ရာရုံးတွေကို မဟာမိတ်အင်အားစုတွေ သွားရောက်တိုက်ခိုက် - ဘုန်းကြီးဝါသဝရဲ့ ပျူစောထီးစစ်ကြောင်းက ခင်ဦးနယ်က ရွာ ၁၂ ရွာကို ဆက်တိုက်မီးရှို့ - မြောင်နယ်က စစ်ရှောင်စခန်းတခုမှာ အရေပြားနဲ့ ဂေါက်ရောဂါအဖြစ်များနေ - ရှေ့တန်းရောက် PDF ရဲဘော်တွေရဲ့ မိသားစုတွေကို အခမဲ့ဆေးကုသမယ့်အစီအစဥ် ပြုလုပ်ထား

မီးကြိုးပြင်ဖို့ လုံခြုံရေးလာပေးတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိဟုဆို (ရုပ်/သံ)

စက်တင်ဘာ ၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မင်းနေကုန်းရဲစခန်းဘက်ကို ဆက်သွယ်ထားတဲ့ မီးကြိုးပြတ်သွားတာကို လာပြင်ဖို့အတွက် စက်တင်ဘာ ၁၀ ရက်မှာ စစ်တပ်ကလုံခြုံရေးယူဖို့ ကင်းပုန်းလာချစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုးဆက်တိုက်ရွာလို့ ရွှေတောင်မြို့ကနေရာအချို့ ရေကြီးရေလျှံခဲ့

" အရင်ရက်တွေကရွာတယ် အရမ်းမများဘူး။ နှစ်ရက် သုံးရက်လောက်ကပေါ့။ လွန်ခဲ့တဲ့ လေးငါးနှစ်က အဲ့လိုတခါဖြစ်ဖူးတယ်။ ခုလောက်တော့ မဆိုးဘူး။ ဒီတခါ ရေတော်တော်များတယ်။"

စစ်တပ်လက်အောက်ခံဝန်ထမ်းတွေ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ ပြင်ဦးလွင်မြို့နယ်ပကဖ သတိပေး

"အခုအခြေအနေ ဘာမှ ပြောခွင့်မရသေးပါ။ အဓိက စကစတွေကို CDM လုပ်ဖို့ သို့မဟုတ် အလင်းဝင်ဖို့ အလံဖြူထောင်ဖို့ ကိစ္စတွေကို ရည်ရွယ်တာပါ။ တော်လှန်စစ်ပွဲမှာ လူ့အသက်တွေ ဖြစ်နိုင်သမျှမဆုံးရှုံးစေဖို့ စကစဘက်ကို နောက်ဆုံးချိန်ထိ အခွင့်အရေးပေးတဲ့သဘောပါ"

မတ္တရာမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ပြည်သူ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

"၁၂၀ မမလို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ ပစ်လိုက်တာ။ ရွာထဲကိုကျပြီးတော့ ဒေသခံတဦးက ခြေထောက်နဲ့ ကျော၊ တဦးကခြေထောက်၊ နောက်တဦးကတော့ ဦးခေါင်းမှန်တယ်။ ခေါင်းဒဏ်ရာရတဲ့သူကတော့ ဒဏ်ရာပြင်းထန်ပြီး သေဆုံးခဲ့ပါတယ်"

“သတိပြုစရာ ဝဲယားနာ” (Podcast)

ဝဲယားနာဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုလူတွေမှာအဖြစ်များလဲ၊ ကူးစက်ရောဂါဝဲယားနာ မဖြစ်အောင် ဘာတွေရှောင်ရဆောင်ရမလဲ၊ ဝဲယားနာဖြစ်လာရင် အနီးအနားက ဆေးဖက်ဝင် အသီး အပွင့်တွေနဲ့ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

- စစ်ဘေးရှောင်နေသူတွေကို ကူညီကြဖို့ပြောတဲ့စာ။ - မကွေးတိုင်း၊ ရေနံ့သာအုပ်စုက လောင်းကစားဝိုင်းတွေအကြောင်း။ - တောင်တွင်းကြီးမြို့၊ ဝါးခြံကာရွာအနားမှာ စစ်တပ်က လူငယ်တွေကိုဖမ်းဆီး။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်

"တိုက်ပွဲက အခုထိဆက်ဖြစ်နေတုန်းပဲဗျ။ မြို့ကိုရဖို့ ကြိုးစားနေကြတုန်းပဲ။ စစ်တပ်ဘက်က အင်အားခန့်မှန်း မရဘူး။ မနေ့ည ၉ နာရီလောက်ကို Y-12 တစီးနဲ့ လက်နက်ပစ္စည်းတွေ ထောက်ပံ့ထားသေးတယ်"

အညာစစ်တွင်း ခရီးသည် (ရုပ်သံဆောင်းပါး)

အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထွက်ဖြစ်တဲ့ ခရီးလည်းဖြစ်သလို စစ်ဒဏ်ကို ခံစားနေရတဲ့ အညာဒေသက လူတွေရဲ့ဘဝကို မျက်မြင်တွေ့ရမှာမို့ ဆိုရှယ်မီဒီယာပေါ်မှာတွေ့နေကျ မီးလောင်ပြင် ပြာပုံဖြစ်နေတဲ့အိမ်တွေ၊ သောကတွေနဲ့ ပြေးလွှားနေတဲ့ ရွာသားတွေကိုတွေ့ခဲ့ရင် စာရေးသူအနေနဲ့ အားပေးစကား ဘာတွေပြော‌ပေးရမလဲ၊ စစ်ဒဏ်ကြောင့် အညာဒေသကြီး ဘယ်လောက်ပျက်စီးနေပြီလဲဆိုတဲ့ အတွေးတွေနဲ့ ကားပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။

သင်တန်းဆင်းပွဲလုပ်နေတဲ့လက်ယက်မကို လေကြောင်းပစ်ခတ်လို့ PDF ၁၀၀ ဦးထက်မနည်းသေဆုံးတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာမှာ PDF သင်တန်းဆင်းပွဲပြုလုပ်နေတဲ့ စာသင်ကျောင်းတကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ PDF ၁၀၀ ထက်မနည်းသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

အောင်လအန်ဆန်း ဒုတိယအချီမှာ အလဲထိုးနဲ့ရှုံးနိမ့် (အားကစားသတင်း)

ပွဲရဲ့ဒုတိယအချီမှာတော့ အာဒိုဂန်ဟာသက်လုံခြွေဖို့အတွက် အောင်လကိုထိုးချက်ကန်ချက်တွေနဲ့ အခြေအနေအကဲခတ် ထိုးသတ်ခဲ့ပြီး အောင်လဘက်ကတုံ့ပြန်မှုတွေအားနည်းနေမှန်းသိချိန်မှာတော့ ဘယ်ခြေကန်ချက်၊ ဘယ်ညာလက်သီးချက်တွေကို ဆက်တိုက်အသုံးပြုခဲ့ပြီး အောင်လလဲကျသွားချိန်မှာ ဆက်တိုက်ထိုးနှက်ပြီး အနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- မြိုင်မှာ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၁ ဦးသေဆုံး - ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူးအပါ ရဲအရာရှိ ၃ ဦးလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ၃ ဦးလုံး သေဆုံး - တောင်ငူ ဒုတိယအကြိမ်ရေကြီးမှုမှာ ရေဘေးသင့်သူ ၁၀,၀၀၀ ကျော်ရှိခဲ့ - ပျူစောထီးရွာကို လေယာဥ်နဲ့လာပို့တဲ့ ရိက္ခာတွေကို PDF သိမ်းဆည်း - ကမ္မမြို့ ဓါတ်အားပေးစက်ရုံအဟောင်းက ရဲကင်းစခန်း ၄ ရက်ဆက် ဒရုန်းနဲ့ကြဲခံရပြီး ရဲတွေစခန်းစွန့်ခွာသွား - အောင်လံမှာ ခရီးသွားနဲ့ ဒေသခံ ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး - စစ်ရှောင် ဆင်ထိန်းမိသားစုနဲ့ ဆင်များကို PLA တပ်ရင်းက စောင့်ရှောက်ထား - အင်းတော်မှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ကျော်ထဲက ၂ဦးသေဆုံး - စစ်တပ်ကပျက်ကျခဲ့တဲ့ တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်းတစင်း တော်လှန်ရေးတပ်ဖွဲ့တွေရရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10