MLAT

မြေလတ်ပေးစာ(Podcast)

- ပြည်မြို့အကျဉ်းထောင်က ဒုတာဝန်ခံ ထောင်သားတွေအပေါ်ဘယ်လိုအနိုင်ကျင့်နေသလဲ။ - ကြို့ပင်ကောက်မြို့နယ်၊ သပြေရုံအုပ်စုမှာ စစ်မှုထမ်းကြေးမပြေလည်မှုဖြစ်နေ။ - အထက်မင်းလှက ရေနံလုပ်ကွက်တွေမှာ စစ်တပ်ကလူတွေ အနိုင်ကျင့်ခြယ်လှယ်နေ။

မတ္တရာလေကြောင်းတိုက်ခိုက်မှု MDYPDF ၃၀ ကျော်သေတယ်ဆိုတဲ့ သတင်းမှား (Fact Check)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MDYPDF တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းအမှား တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

ဗုံးသီး ၅၀၀၀ ကျော် လေယာဉ်နဲ့ကြဲချတဲ့ကြားက ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ထုတ်ပြန်

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ် ၁၅ ရက်က စတင်ကာဆင်နွှဲခဲ့တာဖြစ်ပြီး ၂ လနီးပါးအကြာ အောက်တိုဘာ ၈ ရက်မှာ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်မျိုးစုံနဲ့ အကြိမ်ရေ ၆၇၀ ကျော်၊ ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ဒေါက်တာဇော်မြင့်မောင် နာရေးကို ပြည်သူသောင်းနဲ့ချီလိုက်ပါပို့ဆောင်ခဲ့ပြီး လမ်းတလျှောက်မှာလည်း ပြည်သူအများအပြား အလေးထွက်ပြု - ကျောက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီရဲ့လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး - တပခကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း BWM ပြော - ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းတွေနဲ့ လက်နက် ၄၀၀ ကျော်ရရှိ - စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - အပတ်စဥ် ၃ စုဖွဲ့လေ့ကျင့်မှုသင်တန်းမှာ ပါဝင်ခဲ့တဲ့ ရဲဘော် ၆၅ ဦးကို လက်နက်တပ်ဆင်ပေး - ဦးဝါသဝခေါင်းဆောင်တဲ့ပျူစောထီးအဖွဲ့ကို စစ်ကောင်စီက သေနတ် ၁၃၀ ကျော်နဲ့ စစ်ဝတ်စုံတွေထပ်မံထောက်ပံ့ - ကြားကာလပြည်သူ့အခြေပြုကျောင်း ၂၀ ကျော်ပါဝင်တဲ့ စကားရည်လုပွဲကျင်းပ - ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ရဲဘော် ၃၀ ကျော်ကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ ကျပ် ၅ သိန်းစီ ထောက်ပံ့

နေဖို့ခက်ခဲ၊ စားဖို့ကျပ်တည်းလာတဲ့ ရန်ကုန် (သတင်းဆောင်းပါး)

“ရန်ကုန်အိမ်ငှားခကတော့ တကယ်ကို ကြောက်စရာပါပဲ။ ကိုယ့်အိမ်ကလည်း ဘယ်တော့ပြန်ရမလဲမသိသေးဘူး။ စားစရိတ်နဲ့ အိမ်ငှားခ တစ်လတစ်လ ခေါင်းတော်တော်ခြောက်တယ်”

စဉ့်ကူးနယ် မန္တလေး-မိုးကုတ်လမ်းမှာ ကားအစီးရေရာနဲ့ချီပြီး ဆယ်ရက်ကျော်ကြာပိတ်မိနေ

" ဆယ်ရက်ကျော်နေပြီ။ လမ်းကပြန်ဖွင့်မပေးတော့ စားစရာလည်းအဆင်မပြေ၊ ကုန်တွေကလည်း ပုပ်သိုးကုန်တယ်။ ဘယ်လိုမှအဆင်မပြေဘူး"

“အစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာစေတဲ့ ဖန်ခါး” (Podcast)

ဆံသားကျန်းမားရေးကောင်မွန်စေဖို့ ဖန်ခါးသီးကိုဘယ်လိုအသုံးပြုရမလဲ။ ဖန်ခါးသီးအမှုန့်ဟာ ဘယ်လိုရောဂါတွေကိုကုသနိုင်သလဲ။ ဆီးချိုရောဂါကိုထိန်းချုပ်နိုင်ဖို့ ဖန်ခါးပင်ရဲ့ဘယ်အစိတ်အပိုင်းကိုအသုံးပြုလို့ရသလဲ။ ဖန်ခါးသီးကို ဘယ်လိုလူတွေ စားသုံးဖို့မသင့်တာလဲ စတာတွေကို နားဆင်ရမှာပါ။

ထောင်နှင့် ကျန်းမာရေး (အတွေးအမြင်)

ထောင်မှာက အလွန်သေးငယ်တဲ့ အနာဒဏ်ရာတခုဖြစ်ရင်တောင် ပျောက်ကင်းဖို့က အပြင်မှာထက် ပိုပြီးအချိန်ကြာပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းမှု မရှိတာ၊ အစားအစာ ရှားပါးတာ၊ အသီးအရွက်စားရဖို့ မလွယ်ကူတာတွေနဲ့ လူတယောက်ရဲ့အခြေခံလိုအပ်တဲ့ အာဟာရမရှိတော့ လူရဲ့ ခုခံအားတွေနည်းလာပြီး ရောဂါဖြစ်ဖို့အခွင့်ပိုများတာနဲ့ ဖြစ်လာတဲ့အနာရောဂါတွေ ပျောက်ကင်းဖို့ တကယ့်ကို ကြန့်ကြာတာပါ။

မြေလတ်ပေးစာ (Podcast)

- အရာတော်ရေနံဝိုင်း၊ အ ထ က ကျောင်းကကျောင်းသူတွေကို ကာအိန္ဒြေပျက်အောင် ထိပါးနှောက်ယှက်နေသူအကြောင်း။ - မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကပြည်သူတွေရဲ့ ဒုက္ခတွေ။ - ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်အုပ်ကြီးက ပြည်သူတွေအပေါ် ဘယ်လိုပြုမူနေသလဲ။

ဒေါက်တာဇော်မြင့်မောင် နာရေးကို ပြည်သူသောင်းနဲ့ချီလိုက်ပါပို့ဆောင်နေပြီး လမ်းတလျှောက်မှာလည်း ပြည်သူအများအပြား အလေးထွက်ပြု ■နာရေးကို စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်ထား(ရုပ်/သံ)

" ဒါကပြည်သူ့အင်အားဆိုတာကို ပြလိုက်တာပဲ။လိုက်ပို့တဲ့ပြည်သူတွေများလွန်းလို့ တမြို့လုံးက လုံခြုံရေးအင်အား နာရေးကိုပို့ထားရတယ်။ အခုတာဝန်ထမ်းဆောင်နေတဲ့ ဘယ်ဝန်ကြီးလမ်းကြောင်းက ဒီလောက်လုံခြုံရေးလိုမလဲ။ လမ်းတလျှောက်လုံးထွက်အလေးပြုတဲ့ ပြည်သူတွေလည်းအပြည့်ပဲ "

ဒေါက်တာဇော်မြင့်မောင် နာရေးကို ပြည်သူသောင်းနဲ့ချီလိုက်ပါပို့ဆောင်နေပြီး လမ်းတလျှောက်မှာလည်း ပြည်သူအများအပြား အလေးထွက်ပြု ■နာရေးကို စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်ထား

" ဒါကပြည်သူ့အင်အားဆိုတာကို ပြလိုက်တာပဲ။လိုက်ပို့တဲ့ပြည်သူတွေများလွန်းလို့ တမြို့လုံးက လုံခြုံရေးအင်အား နာရေးကိုပို့ထားရတယ်။ အခုတာဝန်ထမ်းဆောင်နေတဲ့ ဘယ်ဝန်ကြီးလမ်းကြောင်းက ဒီလောက်လုံခြုံရေးလိုမလဲ။ လမ်းတလျှောက်လုံးထွက်အလေးပြုတဲ့ ပြည်သူတွေလည်းအပြည့်ပဲ "

လာမယ့်ဒီဇင်ဘာမှာ နောက်တပွဲထိုးသတ်သွားမယ့် ဗန်

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဒီနှစ်မကုန်ခင်မှာ နောက်တပွဲထိုးသတ်သွားဖို့ရှိကြောင်း အသိပေးထားတဲ့ ဗန်ကတော့ လာမယ့်ဒီဇင်ဘာလမှာ နောက်ထပ်တပွဲထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ခင်ပွန်းက ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်လို့ ပွဲချင်းပြီးသေဆုံး

"ဓားနဲ့ ၄ ချက်ထိုးသွားတာ။ ဒဏ်ရာနဲ့တင် အမျိုးသမီးက နေရာမှာသေသွားတယ်။ အလောင်းကိုတော့ ရင်ခွဲရုံပို့လိုက်တယ် "

တော်လှန်ရေးနှင့် သစ်တောပြုန်းတီးမှု (ရုပ်သံဆောင်းပါး)

သစ်ပင်တို့သည် လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနေသော်ငြားလည်း မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် သစ်တောပြုန်းတီးမှုကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်သည် နိုင်ငံခြားဝင်ငွေ ရရှိစေရန် သစ်ထုတ်လုပ်မှုကို စည်းကမ်းမဲ့စွာ တရားဝင်လုပ်ကိုင်ခဲ့ကြပြီး ပြုန်းတီးသွားသည့် သစ်တောများကို ပြန်လည်စိုက်ပျိုးခြင်း မရှိခဲ့သည့်အတွက် မြန်မာ့သစ်တောအများစုသည် သစ်တောပြုန်းတီးမှုဒဏ်များနှင့် ကြုံတွေ့နေရပါသည်။

နိုင်ပွဲပျောက်နေတဲ့ ယူနိုက်တက် ရုန်းကန်ရဦးမယ့် အဝေးကွင်းပွဲစဉ် (အားကစားသတင်း)

ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒီကနေ့ညမှာလည်း ခြေစွမ်းကောင်းပြသနေတဲ့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10