MLAT

“ခံတွင်းအနံ့ဆိုးခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

အခုတပတ် လက်တကမ်း ကျန်းမာရေးအစီအစဉ်မှာ “ခံတွင်းအနံ့ဆိုးခြင်းနှင့် လက်တကမ်းဆေးပညာ” အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။

ဖောင်းပြင်က ရှေ့တန်းရဲဘော်တွေရဲ့ ခေါင်းစဥ်မရှိတဲ့သီချင်း (ရုပ်/သံ)

“သီချင်းက ဒီတိုင်းပဲ စပ်ဆိုထားကြတာ၊ ခေါင်းစဉ်တောင် ပေးမထားကြဘူး။ ဝိုင်းပြီးတော့ စပ်ကြတာပေါ့။”

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ဗိုလ်ကြီး ၁ ဦးသေဆုံး - တိုက်ပွဲအရှိန်မြှင့်မှာဖြစ်လို့ ကလေးမြို့ကပြည်သူတွေ အမြန်ဆုံးရှောင်ကြဖို့ ခရိုင်ပကဖ သတိပေး - ဆက်ကြေးကောက်နေတဲ့ စစ်သားတွေ စနိုက်ပါနဲ့ ပစ်ခံရလို့ ၁ ဦးသေဆုံး - စလင်းမှာ စစ်ကောင်စီ MiG-29 တိုက်လေယာဥ် ပျက်ကျ - ကလေးမြို့တိုက်ပွဲ စခန်း ၃ ခုသိမ်းနိုင် စစ်တပ်ဘက်က ဗိုလ်ကြီးအပါ အများအပြားသေဆုံး - ယင်းမာပင်မြို့နယ်ရဲစခန်းနဲ့ ခရိုင်ရုံး လက်နက်ကြီး ပစ်ခံရလို့ ၅ ဦးသေ - စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး CNDF တပ်ရင်းက ဒုစစ်ဦးစီးချုပ်အပါအဝင် ၃ ဦးဖမ်းဆီးသတ်ခံရ - လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုပေးနေတဲ့ ဆေးရုံပျက်စီး - မုံရွာရဲစခန်းမှာ အဖမ်းခံရထားသူ ၂၀၀ ဝန်းကျင် ၁ နှစ်ကျော်ကြာတဲ့အထိ တရားရင်ဆိုင်ခွင့်မရသေး - ထောင်ချခံထားရတဲ့ NLD တိုင်းဒေသကြီးအမတ်ကို စစ်ကောင်စီက အမှုထပ်ဖွင့် - ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦးက သူ့ကိုမကြိုက်တဲ့မိန်းကလေးကို သေနတ်နဲ့ပစ်သတ်

မြန်မာလူငယ် ၁,၀၀၀ ကျော်အတွက် အမေရိကန်က ပညာသင်ဆုပေးမည်

“မဟာဗျူဟာမြောက် ပညာရေးရင်းနှီးမြှုပ်နှံမှုဖြစ်သလို မြန်မာနဲ့ ကမ္ဘာတဝှမ်းမှာ ပိုမိုအပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့အတွက် ကျနော်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်ဖြစ်တယ်”

ရန်ကုန်မှာ ပြန်ဆုံမယ့် ရေဘဝဲတွေ (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မှာပြန်ဆုံမယ် စာတန်းပါ အင်္ကျီတွေကို ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ဆင်တူဝတ်ဆင်တဲ့ လှုပ်ရှားမှုတရပ်ကို ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ဒီနေ့ နေ့လယ်ပိုင်းမှာ လုပ်ခဲ့ပါတယ်။

“သဘာဝအိပ်ဆေးတခွက် မြင်းခွါရွက်” (Podcast)

နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ မြင်းခွါရွက်ကိုဘယ်လိုအသုံးပြုမလဲ။ ကလေးများချောင်းဆိုးအချွဲထရင် မြင်းခွါရွက်နဲ့ ဘယ်လိုကုသပေးနိုင်သလဲ။ သွေးဝမ်းသွားခြင်းကိုကုသဖို့ မြင်းခွါရွက်ကို ဘယ်လိုအသုံးပြုမလဲ။ မြင်းခွါရွက်ကို ဘယ်လိုလူမျိုးတွေမသုံးသင့်ဘူးလဲ စတာတွေကို နားဆင်ရမှာပါ။

ပေါ်ဦး (သို့မဟုတ်) သားသေ၊ ဘဝပျက်၊ ပကဖရန်ကြောက်လို့ ရွာစဉ်လှည့်ပြေးနေရသူ

“ပကဖကိုကြောက်လို့ ထွက်ပြေးနေရတာဟာ (သူတို့ဒေသမှာ) ကျွန်တော်တစ်ယောက်ပဲ ရှိမယ်နဲ့ တူပါတယ်။ သူများတွေ ကိုယ့်အဖြစ်ကို မေးတဲ့အခါ ပြန်ပြောပြရတာ လူကြားလို့မှ မကောင်းပါဘူး။ ဒါပေမဲ့ တကယ့်ကို ကြုံတွေ့နေရတာပါ”

စစ်ဗိုလ်ကြီး အိပ်မက်

မကွေး အဝေးသင်ကျောင်းသားဘဝက တပ်ကြပ်တယောက်နဲ့ ခင်မင်ခဲ့ဖူးတယ်။ သူက အဝေးသင်မှာ နှစ်ကြီးသမား။ ကျတော်ထက်လည်း အသက် ၄ နှစ်လောက်ကြီးတယ်။နောက်ဆုံးနှစ်အင်္ဂလိပ်စာ မေဂျာကျောင်းသား။ နောက်မှ သိရတာက နောက်ဆုံးနှစ်မှာ စာမေးပွဲ မဖြေဘဲ နေနေတာ သုံးနှစ်လောက် ရှိပြီတဲ့။

တပတ်အတွင်း မြေလတ်သတင်း

- PDF တွေ သိမ်းယူထားတဲ့ ရွှေပြည်အေးမြို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွား - ရေစကြိုနယ် ဂွေးချိုပျူစောထီးစခန်းကို လက်နက်ကြီးနဲ့ ဝိုင်းဝန်းတိုက်ခိုက် - ၂လကျော်အတွင်း မြောက်ခင်ရန်းရွာက ဒေသခံ ၁၀၀ ကျော်ကို YPDF ရဲဘော်တွေ ကယ်ထုတ်ပေးခဲ့ - ဆောနဲ့ကလေးမြို့တို့မှာ အလင်းဝင်လာကြတဲ့ စစ်ကောင်စီတပ်သားတွေရဲ့သတင်း - ဘန်ကာဆောက်နေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ၉ ဦးဒဏ်ရာရ - ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းရော လက်နက်ကြီးပါပစ်ခတ်လို့ ဒေသခံ ၅ ဦးသေပြီး ထိခိုက်ပျက်စီးမှုတွေရှိ - နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးပါ ၂ ဦးကို စစ်တပ်က ပစ်သတ် - ကျောက်ကြီးမှာ လူ ၆ ဦး အသတ်ခံရ - စစ်ကိုင်းက ပျူရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက် - ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဝေါနယ်အတွင်း လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးမှု ပြဿနာ ရင်ဆိုင်နေရ - ပဲခူးတိုင်းထဲကပြည်သူတွေကို ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲတက်ရောက်ဖို့ ဖိအားပေးခြိမ်းခြောက်

တော်လှန်ရေး၌ ပါဝင်သည်ဆိုရုံမျှဖြင့် မတရားမှုကို ကျူးလွန်ခွင့်မပြု (အယ်ဒီတာ့အာဘော်)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် အုပ်ချုပ်ခံတော်လှန်ရေးအင်အားစုတချို့သည် ယခုအခါ အုပ်ချုပ်သူ လူတန်းစားအဖြစ် ပြောင်းလဲလာကြပြီဖြစ်သည်။ သာမန်အားဖြင့်ကြည့်မည်ဆိုလျှင် အာဏာရှင်မင်းအောင်လှိုင်၏ စစ်တပ် အရေးနိမ့်နေခြင်းဖြစ်ရာ ကောင်းသည့် လက္ခဏာဟု ဆိုစရာရှိသည်။ သို့သော် တဖက်မှပြန်ကြည့်လျှင် ယခုအချိန်သည် အုပ်ချူပ်သူလူတန်းစားသည် ဥပဒေများဖြင့် အုပ်ချုပ်နေခြင်းထက် သေနတ်ဖြင့် အုပ်ချုပ်နေခြင်းဖြစ်သည်။ တရားဥပဒေစိုးမိုးမှုဟူသည် သေနတ်ပြောင်းဝ၌ တည်နေသည်။

“အမျိုးသားခွန်အား တိုးပွါးစေတဲ့ သပြုပင်” (Podcast)

အမျိုးသားခွန်အားတိုးပွါးစေဖို့ သပြုပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုနိုင်သလဲ။ လိပ်ခေါင်းရောဂါသက်သာစေဖို့ သပြုခေါက်ကို ဘယ်လိုအသုံးပြုရမလဲ။ အမြင်အာရုံကောင်းမွန်စေဖို့ သပြုပင်ရဲ့ဘယ်အစိတ်အပိုင်းကိုအသုံးပြုသင့်သလဲ စတာတွေကို နားဆင်ရမှာပါ။

နိုင်ငံရဲ့အနာဂတ်ကိုသင်းသတ်မယ့် မတရားဥပဒေအောက်က လူငယ်များ

“ကိုယ့်အိမ်တံခါးကို လာမခေါက်ခင် (စစ်မှုထမ်းဖို့ဆင့်ခေါ်စာလာမပို့ခင်) အရင်ထွက်သွားနိုင်အောင်လို့ ကျွန်တော်ကြိုးစား နေတယ်”

မြေလတ်ပေးစာ (Podcast)

- ပြည်သူတွေကိုကူညီပေးသွားမယ့် ကျောင်းသားလက်ရုံးတပ်တော်ရဲ့ထုတ်ပြန်ချက် - အခုကာလမှာ တက်ကြွနေတဲ့ အုပ်ကြီးတွေကို ပြည်သူကဘယ်လိုမြင်သလဲ။ - တောင်နဝင်းဆည်က ငါးဖမ်းလှေတွေကို ဘယ်သူတွေက ပိုက်ဆံကောက်နေသလဲ။

ကောလင်းမြို့ဟာ မြို့ပျက်ကြီးလိုဖြစ်နေ၊ မြို့စွန် ရပ်ကွက်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

“အင်အားကတော့ ခန့်မှန်းလို့ မရဘူး။ မြို့ပေါ်နေရာတော်တော်များများမှာရှိတယ်။ မီးကလည်း နေ့တိုင်းရှို့တယ်။ အဓိက မြို့ထဲကို ဝင်ဖို့လမ်းကြောင်းကို ဖြတ်တောက်ရေးလုပ်တာပေါ့။”

စစ်တိုက်ရင်း အကြွေးနွံနစ်နေကြရတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ (သတင်းဆောင်းပါး)

“သေနတ်ကလည်းဗျာ ကျည်မရှိရင်တုတ်တစ်ချောင်းလိုပဲ။ အဲဒီတော့ ကျည်ရှိဖို့ အဓိကလိုအပ်တယ်။ ခဲယမ်းမီးကျောက်ဖြည့်တင်းဖို့အတွက် ကျွန်တော်တို့က ဝယ်လိုက်တယ်၊ အကြွေးတင်သွားတယ်။ ပြီးရင် အဲဒီအကြွေးတွေပြန်ဆပ်ဖို့ ဒီအလုပ်ကိုလုပ်ရတယ်၊ ဒါပါပဲဗျာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10