Cherry

စစ်ကြောရေးပို့ခံခဲ့ရတဲ့ မြင်းခြံထောင်ကနိုင်/ကျဉ်းတွေ ထောင်ပြောင်းခံရပြီး နိုင်/ကျဉ်း ၈၀၀ ကျော်လည်း ရိုက်နှက်ခံနေရ

“ထောင်ထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေထားတွေ ရောက်နေတာ။ အရင်လိုမဟုတ်တော့ဘူး။ အခုက အဖွဲ့အစည်းတွေနဲ့ ညှင်းပန်းတာတွေနဲ့ စစ်တပ်ပါပါလာတော့ စိုးရိမ်ရတယ်”

အင်အားရာကျော်ပါတဲ့ မိုးရေထဲက လူထုသပိတ် (Photo News)

ဇူလိုင် ၅ ရက် ဒီနေ့ညနေ ၆ နာရီမှာ ကျင်းပခဲ့တာဖြစ်ပြီး ကျေးရွာက ပြည်သူအင်အား ၅၀၀ ကျော်ပါဝင်ခဲ့ကာ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" စာသားပါ ဘန်နာကိုင်စွဲကာ ကြွေးကြော်သံတွေနဲ့ ကျေးရွာတွင်း လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

မုန်းမှာ စစ်ကောင်စီစစ်ကြောင်း တရက်တည်း ၃ ကြိမ်တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံးဟုဆို

“ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေပို့တဲ့ သူတို့(စစ်ကောင်စီ) လမ်းကြောင်းလုံခြုံရေးအတွက် ဒီဘက်ခြမ်းကို လာဆင်းကာတဲ့ စစ်ကြောင်းနဲ့ဖြစ်တာ၊ ညပိုင်းထိတွေ့မှုမှာတော့ တော်တော်များများ သေဆုံးတယ်၊ အဲ့ညတွင်းချင်းပဲ ဖြူးဘက်ကို လူနာတွေရော အလောင်းတွေရော သယ်သွားတယ်၊ ဆူညံနေရောပဲ” လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးက ပြောပါတယ်။

ရဲဘော်တွေ စိတ်အပန်းပြေဖို့နဲ့ ပိုစည်းလုံးဖို့ ဘောလုံးပြိုင်ပွဲကျင်းပပေး

“မိသားစုတွေရဲ့ အဝေးကို ထွက်လာပြီး တာဝန်ထမ်းဆောင်နေကြတော့ အချိန်ကြာလာတာနဲ့အမျှ စိတ်အားငယ်လာကြတယ်။ တောတောင်တွေထဲမှာ နေရတဲ့အခါ ငြီးငွေ့လာကြတယ်။ အဲဒီလို အခြေအနေမျိုးမှာ နွေးထွေးမှု ရင်းနှီးမှုတွေ ပြန်ရဖို့။ ရဲဘော်အချင်းချင်း ညီအကိုသဖွယ်ဖြစ်လာဖို့ ကျင်းပခဲ့တာ။ ဒီနေ့ ဒီတပ်ခွဲက ဘောလုံးကန်ရမယ့်နေ့ဆို အဲဒီတပ်ခွဲရဲ့ ရှေ့တန်းစစ်မျက်နှာကို ကျန်တပ်ခွဲတွေက တာဝန်ယူပေးတယ်။ ဝေဟင်ကို စိုးရိမ်ကြတာရှိပေမယ့် သတိနဲ့ ကစားကြတယ်။" လို့ တပ်ရင်းမှ တာဝန်ခံတဦးက ပြောပါတယ်။

မင်းအောင်လှိုင်မွေးနေ့မှာ အဆဲသပိတ်နဲ့အတူ အမျိုးသမီးသပိတ်စစ်ကြောင်းက ဦးဆောင်ဆန္ဒပြ (Photo News)

“အမျိုးသမီးတော်တော်များများ ပါပါတယ်၊ ထဘီအလံတွေလွှင့်ပြီး သပိတ်စစ်ကြောင်းချီတက်ခဲ့ကြတာပါ။"

ရေစကြိုမှာ မင်းအောင်လှိုင်မွေးနေ့ နာရေးသပိတ်နဲ့ ကျိန်စာတိုက်ပွဲ ပြည်သူအင်အား ၁၀၀ ကျော်နဲ့ ကျင်းပ (Photo News)

“သူ့မွေးနေ့မှာ အလောင်းကြီးထမ်းပြီး သူ့မျက်နှာပါတဲ့ စာခြောက်ရုပ်ကို မီးရှို့ခဲ့တယ်။ ပြည်သူတွေ အပေါ်ကောင်းရင် ပြည်သူတွေက ချစ်ပါတယ်။ ဒီကောင်က ပြည်သူတွေအပေါ်ကို ရက်စက်ယုတ်မာတဲ့ လူသတ်သမားမလို့ သူ့မွေးနေ့မှာ အခုလို ကျိန်စာတိုက်လိုက်တာပါ”

နတ်သံကွင်းအနီးက တိုက်ပွဲမှာ ရဲဘော် ၂ဦးကျဆုံး

“ရင်း ၉က ဆေးရဲဘော်လေးတွေ။ ရင်း ၈တိုက်ပွဲဘက်ပါသွားတာ။ ရန်သူကပဲ အရှင်မိသွားလား၊ တိုက်ပွဲမှာ ကျသွားတာလား သေချာမသိရဘူး။ ရန်သူက စစ်ကြောင်းထိုးလာတော့ သူတို့နဲ့ ပက်ပင်းတွေ့ပြီး ပစ်ကြတာ။”

ကျောက်တံခါးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာလို့ တပ်ပြန်ဆုတ်သွား

“တိုက်ပွဲကကြီးတယ်၊ ရန်သူ့ဖက်က အထိနာပြီး နည်းနည်း နောက်ဆုတ်သွားတယ်။ ရန်သူ ၂၀ ကျော်ကျတယ်။ ကားနဲ့ လူနာတွေပြန်တင်သွားတယ်၊ တချို့ပြည်သူတွေပြောတာက မြို့ထဲဆေးရုံမှာ ရောက်နေတာဘာညာနဲ့ပေါင်းရင် ၄၀ လောက်ထိတယ်”

လက်နက်ကြီးထိမှန်လို့ ကလေးတဦးအပါအဝင် ၃ ဦးသေဆုံး၊ အလောင်းတွေကို စစ်တပ်ကယူသွား

“၈နှစ်သမီးကတော့ ခန္ဓာကိုယ်တစစီကောက်လိုက်ရတယ်၊ အန်တီကတော့အူတွေပဲရတယ်။ အလောင်းတွေကို စကစက ဆေးရုံယူသွားတယ်၊ အိမ်ပြန်မရောက်လာဘဲ အင်ကြင်းကုန်းမှာ မီးရှို့လိုက်ပြီ”

စစ်ကောင်စီက ဗျူဟာပြောင်းတိုက်ခိုက်လို့ ဇွန်လအတွင်း PDF ၆၀ကျော် ‌ကျဆုံး

မြေလတ်အသံသတင်းဌာနရဲ့ ကောက်ခံပြုစုထားတဲ့စာရင်းအရ PDF ၆၀ ကျော်သေဆုံးခဲ့တာကို တွေ့ခဲ့ရပေမယ့် အညာဒေသက ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ကတော့ အဲဒီစာရင်းအရေးအတွက်ထက် ပိုမိုများနိုင်ပြီး စုစုပေါင်း သေဆုံးစာရင်းဟာ ပြည်သူတွေမပါဘဲ PDF တွေချည်းပဲ ၈၀ ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့တွေက CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးပြီး ငွေတောင်းနေ

“ဖမ်းမိတဲ့သူတွေကို ငွေညှစ်တယ်၊ ကျနော်တို့ကြားတာတော့ ရာဂဏန်းလောက်ထိကြားတယ်၊ အရပ်သားရော သူတို့ဖမ်းမိသမျှလူ အကုန်တောင်းတာ၊ ရှေ့တန်းမသွားချင်လို့ အမှုဆင်တာလို့လည်း ကြားတယ်၊ အုပ်ချုပ်ရေးမှူးကလည်း ဘာမှမသိသလိုနဲ့ အိမ်တွေကို သူကိုယ်တိုင် လက်ညှိုးထိုးပြတာ”

ဖောင်းပြင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအပါ ၃ ဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့

၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခလရ ၂၇၂ က တပ်ခွဲတပ်ကြပ်ကြီးတဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၅ ဦး အသက်အန္တရာယ်စိုးရိမ်ရကာ၊ AK 47 တလက်၊ MA 3 ဒင်ခေါက်တလက်၊ 5.56 ကျည် ၂၀၀၊ AK 47 ကျည် ၂၀၀၊ RPG ထိပ်ဖူးတချို့၊ ၃ ရစ်ပါ လက်မောင်းတံဆိပ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရက်ပေါင်း ၈၃၀ ပြည့်မြောက် ရွာပေါင်းစုံလူထုသပိတ် (Photo News)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီဝင်တွေက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်

စစ်ကောင်စီကင်းပုန်းနဲ့တိုးပြီး PDF ရဲဘော် ၁၄ ဦးသေဆုံး

"ရဲဘော်တွေက လမ်းကြောင်းသွားရင်း စကစရဲ့ကင်းပုန်းမှာ အငိုက်မိသွားတာ။ အလောင်းတွေကို စကစတွေက မီးရှို့သွားလို့ တလောင်းမှ ပြန်မရဘူးဗျ"

ဖြန့်ဖြူးရောင်းချသူများလာပြီး ဖမ်းဆီးသူမရှိလို့ မူးယစ်ဆေးတွေပေါများလာ

“အင်းတော်လိပ်ကန် ပတ်လမ်းတလျှောက်မှာ အရောင်းဆိုင်ပုံစံမျိုး တည်ပြီးကိုရောင်းနေတာ။ ဒီဘက်မှာက ဘိန်းမဲပဲနည်းနည်းရှားတာ၊ ကျန်တာတွေကပေါတယ်။ ရဲတွေကလည်း ဆေးမိလို့ ဖမ်းတာကနည်းတယ်။ ဖုန်းကိုစစ်လို့ တော်လှန်ရေးပုံတွေ့မှ ဖမ်းတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10