Danger

ပုလဲမြို့ ထွေအုပ်ရုံးမှာ တပ်စွဲနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရ (ရုပ်/သံ)

ကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားနည်းနဲ့ ဝင်ရောက်ပစ်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ရဲတဦး ကျည်ထိမှန်ကာ ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ တပ်တွင်း သတင်းပေးချက်အရ သိရပြီး ကာကွယ်ရေးအဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သခင်ဒေါင်းညိုတပ်ဖွဲ့က ပြောပါတယ်။

စစ်ကိုင်းတိုင်းကို အင်အားလာဖြည့်တဲ့ ကား ၄၉ စီးပါ စစ်ယာဥ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရ

မန္တလေးဘက်ကနေ ကသာ၊ ထီးချိုင့်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄၉ စီးဟာ စစ်ကောင်စီတပ် တပ်မ ၉၉ နဲ့ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတွေရဲ့ ပူးပေါင်းတပ်တွေဖြစ်ပြီး အင်အား ၁၀၀၀ ခန့် ပါဝင်ကာ တကောင်းမြို့နယ်အတွင်းမှာ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ နဲ့ တကောင်း ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်တပ်တပ်စွဲထားတဲ့နေရာ လက်နက်ကြီးနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံး ၃ ဦးဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မတ်လ ၉ ရက် ညနေပိုင်း ၅ နာရီမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက် ၃ ဦး သေဆုံးသွားတယ်လို့ Southern YSO PDF ခေါင်းဆောင် ဗိုလ်အောင်မောင်းက ပြောပါတယ်။

GTC ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စု လက်နက်ကြီးတွေနဲ့ ပစ်ခံရ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းစကတည်းက တပ်စွဲထားပြီး လက်ရှိအင်အား ၃၀ ကျော်လောက်ရှိတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ အဓိကထားပြီး ဖြစ်ခဲ့တာဖြစ်တယ်

မုံရွာမှာ စစ်တပ်ကင်းပုန်းနေရာ ပစ်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

"ကျနော်တို့ သွားရောက်ပစ်ခတ်ခဲ့တာ၊ ကျနော်တို့ M4 နဲ့ M 16 တို့နဲ့ ပစ်ခတ်ခဲ့တာ၊ သူတို့ဘက်က ၂ ကောင်ကတော့ နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ကျန်တဲ့ ၁ ကောင်က ကျနော်တို့ကားကို ပြန်ပစ်တယ်"

လက်နက်ထောက်ပံ့မှုမရလို့ တိုက်ပွဲတွေရပ်လိုက်တဲ့ ပုလဲဂျိုကာတပ်ဖွဲ့ (ရုပ်/သံ)

တိုက်ပွဲရပ်နားလိုက်ရတဲ့ အဓိက အချက်ကတော့ NUG ဆီက ထောက်ပံ့တဲ့ လက်နက်ခဲယမ်း လုံးဝမရရှိလို့ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်

ပေါက်က ရွာ ၃ ရွာကို စစ်တပ်က လက်နက်ကြီး‌နဲ့ ပစ်ခတ်စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးနေရ

“မနက်အစောကြီး လက်နက်ကြီး‌တွေနဲ့ ပစ်ပြီးဝင်လာတာ။ ညောင်ဝန်းမြောက်စုရွာက ဒေသခံပြည်သူ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိမှန်ဒဏ်ရာရထားတယ်။ ရဲဘော် ၁ ယောက်လည်း ထိထားတယ်။ ပခုက္ကူဘက်ကလာတဲ့ တပ်မ ၁၀၁ တပ်တွေလို့တော့ ယူဆရတယ်။ အင်အားတော့ နည်းနည်းများတယ်”

ပခုံးထမ်းလောင်ချာထက် ၅ ဆပြင်းတဲ့ လောင်ချာကို Myingyan Black Tiger ထုတ်လုပ်နိုင်ခဲ့ (ရုပ်/သံ)

"အဲဒီ လက်နက်ကြီးဟာ ရှေ့ထွက်လောင်ချာတွေလို တခါပစ်ပြီး ပစ်လို့မရတဲ့အမျိုးအစား မဟုတ်ဘူး။ ဒီလက်နက်ကြီးနဲ့ပစ်လိုက်လို့ ကျသွားတဲ့ကျည်က မိုင်ဝက်အတွင်း ရှိတဲ့သူ မလွတ်နိုင်ဘူး။ လက်နက်ကြီးရဲ့ ဖရိန်ဖိုးတွေကောဆို ၇ သိန်းခွဲလောက်ရှိပြီး ထည့်ပစ်ရတဲ့ကျည်နဲ့ ယမ်းကော ဆက်စပ်ပစ္စည်းတွေကောဆိုရင် ၃ သောင်းဝန်းကျင် ရှိတယ်"

ပခုက္ကူမှာ စစ်တပ်ကိုဆပ်ကြေးကောက်ပေးနေတဲ့ ပျူခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

“သူက ကျေးရွာပြည်သူတွေကို ခြိမ်းခြောက်တယ်။ စစ်ကောင်စီကို လစဉ်ဆပ်ကြေးကောက်ပေးတယ်။ ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျနေတာ။ အဲဒါကြောင့် ကျနော်တို့ဝင်ရောက်ရှင်းလင်းတာ။ အစကတော့ အရှင်ဖမ်းဖို့ပါ။ သူ့ကိုရှင်းတဲ့အချိန် လက်နက်ချဖို့ ပြောတဲ့အခါမှာ လက်နက်မချဘဲ ပြန်ခုခံပြီးထွက်ပြေးလို့ အဲဒီမှာပဲ သေနတ်နဲ့ ပစ်ရှင်းလင်းလိုက်တာ”

မြင်းခြံ ခမရ ၁၅ အဝင်ဂိတ် RPG နဲ့ ပစ်ခံရလို့ စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

အဲ့ဒီဂိတ်မှာ စစ်သားအစောင့် ၅ယောက် ဝန်းကျင်လောက်ရှိနေတဲ့အချိန်မှာ RPG နဲ့ တချက်ပစ်ပြီး မောင်းပြန်နဲ့ ပစ်ခတ်ခဲ့တာ

မုံရွာက စစ်ကောင်စီစစ်ဆေရေးဂိတ် လက်နက်ကြီးနဲ့ပစ်ခံရပြီး ၆ ဦးသေဆုံးဟုဆို

“အဲဒီလို ပစ်ခတ်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၆ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကြတယ်လို့ တပ်တွင်းဖရဲသီးရဲ့ အတိအကျ သတင်းပေးချက်အရ သိရတယ်”

စစ်ကိုင်းတိုင်းက မြို့နယ်နှစ်ခုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိနိုင်

“အင်အားက အယောက် ၂၅ ယောက်ရှိတာ။ သူတို့က ကျောင်းဝန်းထဲမှာ ထမင်းစားနေကြတာ။ ထမင်းစားပြီးတဲ့ **၅ ကောင်က ပန်းကန်ဆေးဖို့ ၇ တန်းကျောင်းဆောင်ဘက်ကို ထွက်လာချိန် လျက်ဆားပုလင်း(ဗုံး)နဲ့ ပစ်ခတ်ခဲ့တာ။ **တွေရဲ့အနီးနားကို ကျတယ်။ ၂ ကောင်ကျတယ်။ ၃ ကောင် ဒဏ်ရာ အပြင်းအထန်ရတယ်”

သောက်ရေလာခပ်တဲ့ စစ်သားတွေရဲ့ ရေစည်တင်နွားလှည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထပေါက်ကုန်းကျေးရွာ သောက်ရေကန်ကနေ ရေစည်တိုက်ပြီးပြန်လာတဲ့ စစ်အုပ်စုမောင်းနှင်လာတဲ့ ရေစည်နွားလှည်းကို သောက်ရေကန်အနီးမှာ Drone နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်

စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်ခံ ပြည်သူတွေနဲ့ ကျဆုံးရဲဘော်တွေအတွက် NUG က ငွေကြေးထောက်ပံ့

“NUG က ထောက်ပံ့ဖို့ပေးတာကြောင့် သွားထောက်ပံ့ပေးတာ။ ကျဆုံး ၁ ဦးကို ၁ သိန်းနှုန်းထောက်ပံပေးပြီး ဒဏ်ရာရသူ ၁ ဦး ကို ၅ သောင်းနှုန်းထောက်ပံ့ပေးခဲ့တယ်”

ရဲဘော်တွေလွတ်မြောက်ဖို့ စစ်ကောင်စီတပ်ကို ခံပစ်ရင်း အသက် ၂၀ အရွယ် PDF ၁ ဦးကျဆုံး

“မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျနော်တို့အဖွဲ့တွေ စစ်ကူသွားတဲ့အချိန် ရန်သူ့တပ်တွေရဲ့ချောင်းပစ်တာ ခံလိုက်ရတယ်။ ကျန်တဲ့ရဲဘော်တွေ အကုန်လုံးလည်း ပိတ်မိနေတာ။ ၁ နာရီနီးပါး စစ်ကောင်စီတပ်တွေ ပစ်တာခံခဲ့ရတာ။ အဲဒီရဲဘော်က ကျန်တဲ့ရဲဘော်တွေအတွက် ခံပစ်ရင်းနဲ့ ကျဆုံးသွားတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10