Danger

ကနီမှာ ပစ်ခတ်ခံရလို့ ကင်းပုန်းဝပ်နေတဲ့စစ်သား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိဟုဆို

"ကျနော်တို့ ကြိုပြီးသတင်းရလို့ စောင့်တိုက်ခိုက်ခဲ့တာ၊ သူတို့အတန်းလိုက်ထွက်လာတဲ့အချိန် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ တိုက်ခိုက်နိုင်ခဲ့တာ၊ သူတို့ဘက်က အင်အား ၃၀ ပါတယ်။ ပစ်ခတ်ချိန် ၄၅ မိနစ်လောက်ကြာတယ်၊ စစ်သား၂ ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ရဲ ၁ ယောက် နဲ့ စစ်သား ၁ ယောက်က ဒဏ်ရာရကြတယ်"

တပ်ထောက်ခံပွဲလုပ်ပြီး ပြန်လာတဲ့ ဘီလူးစစ်ကြောင်း စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး (ရုပ်/သံ)

"ဆားလင်းကြီးမြို့ပေါ်မှာ တပ်ထောက်ခံပွဲလုပ်ပြီးပြန်လာတဲ့ အင်အား ၁၅၀ ပါတဲ့ ဘီးလူးစစ်ကြောင်းကို ဆားလင်းကြီးမြို့မြောက်ဖက် နယ်ခြားကျောင်းအနီးမှာ မနက် ၇ နာရီမှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာ ခွေး ၁ ကောင်ချက်ခြင်းလဲသေသွားတာ မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ဘက်က ရမ်းသမ်းပစ်တယ်။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ ပြောက်ကျားစနစ်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့်ကြာခဲ့တယ်။ အဲ့ဒီစစ်ကြောင်းက ထန်းတောကြီးထဲမှာ ရှိနေသေးလို့ ကျနော်တို့က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တာမှာ လက်ပတောင်းရွာထဲကို ဝင်သွားတယ်"

ဆံပင်ညှပ်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး ဗိုလ် ၁ ဦး သေဆုံး (ရုပ်/သံ)

"မနက် ၁၁ နာရီ ထိုးတဲ့အချိန်မှာ ဖရဲသီးက ဖုန်းလှမ်းဆက်တာ၊၅ ယောက် ဗိုလ်လည်းပါတယ်၊ ဆံပင်ညှပ်နေတာတဲ့၊ ဆိုင်ကယ်နဲ့စီးပြီး သူတို့အနားထိအနီးကပ်ဝင်ပြီး ပစ်ခတ်ခဲ့တာ၊ ပစ်ပြီး ချက်ခြင်းပဲ ပြန်ဆုတ်လာခဲ့တယ်၊ ဒီကောင်တွေဘက်က ဗိုလ်ထိသွားလို့ သည်းကြီးမဲကြီးလိုက်ပစ်တယ်၊ ကျနော်တို့က နယ်ကျွမ်းတော့ လွတ်ခဲ့တယ်"

တပ်မ ၉၉ ရဲ့ ဘီလူးစစ်ကြောင်းက စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

အင်အား ၁၀၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ ခြေတော်ရာကျေးရွာမှာ ၃ ရက်လောက် တပ်စွဲနေပြီး အိမ်တွေမီးရှို့တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် မတ်လ ၂၈ ရက် နေ့လည် ၂ နာရီကနေ ၃ နာရီအတွင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာ

နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးဟုဆို

“စကျင်ရွာနဲ့ မတ္တရာအကြား တံတားဖြူအနီးမှာ မနက် ၈ နာရီလောက်ခန့်က ပဒေသာမိုင်း ၅ လုံးဆွဲလိုက်တာ၊ တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့ ထီးတော်မိုးတပ်က စစ်သားအလောင်းနဲ့ ဒဏ်ရာရသူတွေကို ကားနဲ့ မတ္တရာဆေးရုံကိုပို့ပြီး ဗိုလ်မှူး ၁ ယောက်ကိုတော့ မန္တလေးဆေးရုံကို လွှဲတယ်”

မပေါက်ကွဲသေးတဲ့ ဗုံးသီးကိုကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး တောင်သူ ၁ ဦးသေဆုံး

“ကိုကျော်လင်းကတော့ ၄၀ မမ ဗုံးသီးပေါက်ကွဲပြီး သေဆုံးခဲ့တယ်။ လက်ရှိမှာတော့ ဗုဒ္ဓဘာသာနည်းအတိုင်းပဲ သင်္ဂြုလ်ဖို့ လုပ်ထားပါတယ်။ သူနဲ့အတူ ပါလာတဲ့သူလည်း ဒဏ်ရာအနည်းအငယ် ရခဲ့တယ်”

PDF ရဲဘော်သေဆုံးခြင်း ၁ နှစ်ပြည့် ဆွမ်းသွပ်တရားတော်နာ ပြုလုပ်

"ဈာပနပြုလုပ်တာက သူ့ရဲ့ရွာမှာလုပ်ပြီး သင်္ဂြိုလ်ပေးခဲ့တာ။ အုတ်ဂူလည်း တည်‌ပေးခဲ့တယ်။ ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေလည်း လာပါတယ်။ အခုတနှစ်ပြည့်မှာလည်း သူ့ရဲ့မိသားစုဝင်တွေနဲ့အတူ ကျနော်တို့တပ်ဖွဲ့စခန်းမှာ ဆွမ်းသွပ်တရားနာ အခမ်းအနားကို ပြုလုပ်ခဲ့တာ"

လူငယ်တွေရဲ့ပန်းတိုင် (သို့) တော်လှန်ကြဦးမည် (ရုပ်/သံ)

လက်နက်ကိုင်လမ်းစဉ်ကလွဲလို့ ရွေးချယ်စရာမရှိဘူး

ရဲစခန်းအရှေ့အထိ သေနတ်နဲ့လာပစ်ခံရလို့ ရဲတဦးသေဆုံး (ရုပ်/သံ)

"အဲ့ဒီစခန်းရှေ့ကို ဆိုင်ကယ်တွေနဲ့သွားပစ်ခတ်ခဲ့တာ။ ဘန်ကာတွေပေါ်ကနေခုန်ချပြီး အကုန်လုံးထွက်ပြေးကြတာ။ ၁ ကောင်ကတော့ထိပြီး သေသွားတယ်လို့ အခုမှသတင်းရတယ်။ သူတို့ဘက်ကပြန်မပစ်နိုင်ဘူး။ ထွက်ပြေးတာ။ သေနက် ၁ ချက်ပဲပြန်ဖောက်နိုင်တယ်"

ရေစကြိုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများ

"ဒရုန်း ၂ စီးနဲ့ ဗုံး ၁၄ လုံးချခဲ့တာ။ ရွာထိပ်က ကင်းစခန်းရယ်။ သူတို့စုနေတဲ့ အထိုင်နေရာရယ်ကို ဗုံးချခဲ့တာ။ ချသမျှဗုံး အကုန်ကွဲပါတယ်။ အဲဒီရွာမှာ ပျူနဲ့စကစတွေ တပ်စွဲထားတာက ကြာပါပြီ။ ရွာကတော့ရွာကြီးပါ။ အဲ့ဒီရွာက ပျူနဲ့ စကစ က ညဘက်တွေဆို နီးစပ်ရာရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိတယ်"

ညောင်ပင်ဝန်းရဲစခန် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ (ရုပ်/သံ)

"အဲ့ဒီစခန်းထဲက စစ်ကောင်စီတပ်သားတွေက ရဲစခန်းရှေ့ထွက်ပြီး ကားတွေကို ပိုက်ဆံတောင်းပြီး ပြည်သူတွေကို စစ်ဆေးတာလုပ်တယ်။ အဲ့ဒီဂိတ်ကိုအရင်ဆုံး ဒရုန်းသုံးပြီး ဗုံးကြဲချတယ်။ အဲဒီမှာ ၂ ကောင်သေတယ်။ ကျန်တဲ့ကောင်တွေက ခွေးခြံထဲပြေးဝင်တယ်။ ကျန်တဲ့ ဗုံးသီး ၇ လုံးကို ဒရုန်း ၃ စီးနဲ့ဖြုတ်ချတယ်။ အဲ့ဒီခွေးခြံထဲမှာ ထပ်ပြီးပွဲချင်းပြီး ၃ ကောင်သေပြီး ၁၀ ကောင်ထက်မနည်းဒဏ်ရာရတယ်"

စစ်ကောင်စီ တပ်ဖြန့်ထားတဲ့နေရာ ၃ ခု ဒရုန်းနဲ့ ဗုံး ၅ လုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ်မှာ စစ်ကောင်စီက တပ်ဖြန့်ထားတဲ့နေရာ ၃ နေရာကို မတ်လ ၂၆ ရက် မနေ့က ၁ ရက်တည်းမှာတင် ဒရုန်းနဲ့ဗုံး ၅ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တယ်

စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

“နေရာတင် စစ်သား ၃ ဦးထိပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ရတယ်။ အဲ့ဒီစစ်သားတွေဟာ အင်အား ၁၀၀ နီးပါးနဲ့ ကန့်ဒေါင့်ကျေးရွာမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက တပ်စွဲနေတာ။ ဘယ်တပ်ကလာပြီး တပ်စွဲထားတယ်ဆိုတာတော့ မသိရဘူး”

ပျူခေါင်းဆောင်ရဲ့သားမင်္ဂလာဆောင်ပွဲမှာ စုဝေးနေတဲ့စစ်အုပ်စုကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပွဲပျက်

“ပျူခေါင်းဆောင်မြင့်အောင်ရဲ့ သား မင်္ဂလာဆောင်မှာ စစ်သားတွေ၊ ပျူတွေ၊ ရဲတွေ အင်အား ၅၀ လောက် ရှိနေတဲ့အချိန်တိုက်ခိုက်ခဲ့တာ၊ မင်္ဂလာပွဲစစချင်းပစ်တာ၊ ပွဲတော့ဆက်မလုပ်နိုင်တော့ဘူး။ စကစတွေထိခိုက်မှုကိုတော့မသိရသေးဘူး” လို့ ပြောပါတယ်။

၃လတာအတွင်း စစ်ကောင်စီဘက်က ၁၀၀ကျော် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ပြော

တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးစာရင်းကိုတော့ မျက်မြင်သက်သေနဲ့ တပ်တွင်း ဖရဲသီးတွေရဲ့ ပြောပြချက်အရသိရတာလို့ ပြောပါတယ်။ စစ်ကောင်စီဘက်က သေဆုံးတဲ့အထဲမှာ တပ်မ ၉၉ ဘီလူးစစ်ကြောင်းက စစ်ကြောင်းမှူးအပါအဝင် စစ်သားတွေနဲ့ ပျူးတွေပါ သေဆုံးခဲ့တာလို့ ဗိုလ်သက်ကြီးဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10