ခန့်အောင်

လူသတ်လုယက်သူအမျိုးသားကို ပေါင်းတည်စစ်ခုံရုံးက ၁ လနဲ့အမှုစစ်ပြီး သေဒဏ်ချမှတ်

"ထောင်မှာ အသစ်ဆောက်ထားတဲ့ စစ်ခုံရုံးကနေ အမှုကိုတလအတွင်း အပြီးစစ်ပြီး သေဒဏ်ချလိုက်တာ။ မနေ့ကတခါတည်း သာယာဝတီထောင်ကို ပို့လိုက်တယ်။ သွားပို့တဲ့အချုပ်ကားတောင် ည ၈ နာရီ လောက်မှ ပြန်ရောက်တယ်"

ပေါင်းတည်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၃ ဦးသာ ပြန်လွတ်

"သူတို့က ထောင်ထဲမှာ ၂ နှစ်ကျော်နေခဲ့ရပြီး လွတ်ရက်စေ့ဖို့ လအနည်းငယ်လောက်ပဲ လိုတော့တာ။ အခုပြန်မလွတ်လည်း မကြာခင်လွတ်မယ့် သူတွေပါ။ မြင်ရတာတော့ အားလုံးကျန်းမာရေး ကောင်းတဲ့ပုံစံတွေပါ"

ပေါင်းတည်မှာ စစ်သားနဲ့ ရဲက ဆိုင်ကယ်ဖမ်းပြီး ငွေတောင်း

“အဖမ်းခံရတဲ့သူတွေကို ရဲစခန်း၊ ဒါမှမဟုတ် အုပ်ချူပ်ရေးမှူးအိမ်ကို ခေါ်တယ်။ ပြီးရင် တသိန်းတောင်းတယ်။ အဲဒါ တောင်းတောင်းပန်ပန်နဲ့ ၅၀၀၀၀ ပေးလိုက်ရတယ်။ တကယ်တမ်းက သေနတ်ကိုင်ပြီး ငွေတောင်းနေတာပဲ”

ထုတ်ပြန်ချက်ကိုမလိုက်နာလို့ ထိခိုက်ခဲ့ရင် တာဝန်ယူမှာမဟုတ်ဘူးလို့ Aera 71 အဖွဲ့ ထပ်မံထုတ်ပြန်

" ဒီဘက်မှာ စစ်တပ်က အရပ်ဝတ်တွေအိမ်စီးကားတွေနဲ့ချည်း လှုပ်ရှားနေကြတော့ ကျနော်တို့ စာထုတ်လိုက်တဲ့အချိန် တချို့ပြည်သူတွေက မသိကြတာလား၊ ဘာလားတော့မသိဘူး။ စစ်တပ်ကကားတွေနဲ့ယှဉ်မောင်းလာတော့ ကျနော်တို့မှာ အရမ်းအကျပ်ရိုက်ရပါတယ်။ ပြောချင်တာကတော့ လမ်းပေါ်သွားလာလှုပ်ရှားနေကြတဲ့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာပြီးမှ အသွားအလာပြုကြစေချင်ပါတယ်"

အောက်စီဂျင်အိုးဖြည့်နေစဉ် အိုးကွဲပြီး အမျိုးသား ၂ ဦး ဒဏ်ရာရ

"လူနာက အောက်ဆီဂျင်အရေးကြီးနေလို့ ဝင်ဖြည့်တာ စက်ရုံက ၄၀ လီတာထဲကနေ သူတို့ပါလာတဲ့ အိုးထဲကို ၁၀ လီတာ ခွဲထည့်ပေးနေတုန်း သူတို့ (ပြည်မြို့ပရဟိတအသင်း) အိုးခေါင်းကနေဆွေးနေတော့ ထပွင့်ပြီးဝုန်းကနဲဆို အသံမြည်ပြီး ထပေါက်တာ"

ညမထွက်ရချိန်အမီ အမြန်မောင်းရာက ယာဥ်တိုက်မှုဖြစ်ပြီး ၂ ဦးသေဆုံး

"ကားပေါ်မှာက သရက်သီးအိတ်တွေနဲ့ ခရီးသည် ၇ ဦးပါတယ်။ ရွှေဘိုကို ၆ နာရီအဝင်မောင်းပြီး ညအိပ်ဖို့အစီအစဥ်နဲ့အမြန်မောင်းလာရင်း အရှိန်မထိန်းနိုင်ဘဲနဲ့ လှတောတောင်ဘက်ကွေ့နားမှာ မျက်နှာချင်းဆိုင်လာတဲ့ ဖွဲကားကို တိုက်မိပြီး ခရီးသည်အမျိုးသား၂ ဦးသေသွားတာ"

အုတ်ဖိုမြို့နယ်က စကစစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံးဟုဆို

"ကိုက် ၁၀၀ အကွာလောက်ကနေ ပြောက်ကျားစနစ်နဲ့ ရုတ်တရက် ဝင်တိုက်ခဲ့တာပါ။ စစ်သား ၂ ယောက်တော့ ကျသွားတယ်။ ပျူခေါင်းဆောင် မျိုးဝင်းကိုလည်း ပေါင်ထိသွားတယ်။ သေမလားတော့ မသိဘူး"

ခလရ -၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်က စစ်ဆေးရေးဂိတ်မှ ရငွေအားလုံး မိန်းမထံ အပ်နှံခိုင်း

"ရိုးမကနေသယ်လာတဲ့ သစ်ကား ဝါးကား သစ်လှည်း ဝါးလှည်းတွေနဲ့ ဆိုင်ကယ်တွေဆီကနေ ငွေတောင်းခိုင်းတာ။ တင်လာတဲ့သစ်၊ ဝါးအပေါ် မူတည်ပြီး ၅ ထောင်ကနေ ၁ သောင်းအထိတောင်းတယ်။ မပေးနိုင်ရင် ပီဒီအက်ဖ်ဆိုပြီး တံဆိပ်ကပ်တယ်"

ပြည်မှာ ဧရာဝတီမြစ်အတွင်း ရေချိုးဆင်းတဲ့ အမျိုးသားလူငယ် ၃ ဦး ရေနစ်သေဆုံး

"ကလေးတွေ ရေနစ်တာကို ကယ်ဆယ်ရင်းနဲ့ ကြီးတဲ့သူတွေပါ ရေနစ်သွားတာပါ။ သေဆုံးသူ ၃ ဦးက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်"

ရေနံမြေရဲတပ်ဖွဲ့ပိုင် ယူကလစ်ပင်တွေကို စစ်တပ်အသွင်ပြောင်း ဒု-ရဲမှူးကြီးမြင့်ဆွေက ခုတ်လှဲရောင်းစား

“ဓါတ်ပုံနဲ့တကွ လက်ရှိမြေပြင်မှာလည်း သစ်ငုတ်တိုတွေသက်သေရှိသေးတယ်။ သစ်ပင်ခုတ်လှဲတဲ့ တာဝန်ကိုတော့ သူ့တပည့်လက်နက်တိုက်တာဝန်ခံ ရဲတပ်ကြပ်သက်နိုင်ကို တာဝန်ပေးထားတယ်။ ဒါပေမယ့် တပ်ဖွဲ့အတွက်သုံးတာမဟုတ်ဘဲ သူ့ကိုယ်ကျိုးအတွက်သုံးသွားတာ“

ကြို့ပင်ကောက်က စစ်တပ်သတင်းပေးဆိုသူ အသတ်ခံရ

"သေနတ်နဲ့ခေါင်းကို ၁ ချက်၊ ဗိုက်ကို ၂ ချက်၊ တင်ပါးကို ၁ ချက်ပစ်လို့ ပွဲချင်းပြီးသေသွားပါတယ်။ ပစ်ခတ်နေတဲ့အချိန် အိမ်ထဲမှာ သူ့ဇနီးနဲ့မြေးတဦးလည်းရှိနေတယ်။ သူတို့ကိုအန္တရာယ်မပြုခဲ့ဘူး"

အုတ်ဖိုတွင် ဖားရိုက်သူ ၂ ဦးကို ရဲက ရိုက်နှက်ဖမ်းဆီးပြီး ကျပ်သိန်း ၂၀ တောင်း

"သူတို့နှစ်ဦးကို ရဲကရိုက်နှက်ပြီး အုပ်ကြီးအိမ်ကိုခေါ်သွားတာ။ အုပ်ကြီးကိုနိုင်ဦးက သူညှိပေးမယ်၊ စစ်ကောင်စီဗိုလ်မှူးအတွက် ၅ သိန်း ကျန်တဲ့အဖွဲ့အစည်းတွေလည်းပေးရမှာဖြစ်လို့ သိန်း ၂၀ တောင်းတယ်။ တောင်းတောင်းပန်ပန်နဲ့ အဲဒီည အုပ်ကြီးကို ၄ သိန်းပေးလိုက်ရတယ်။ နောက်နေ့ (မတ်လ ၁၉ ရက်)မနက်မှာ အုပ်ကြီးနိုင်ဦးက ၆ သိန်းထပ်တောင်းလို့ပေးရတယ်။ ကိုဇော်ထွန်းဆီက ငွေမတောင်းဘူး။ ကိုတင်လိူင်ကတော့ ရိုက်ထားတဲ့ဒဏ်နဲ့ လက် ၂ ဘက်ကျိုးလို့ အုတ်ဖိုဆေးရုံတက်လိုက်ရသေးတယ်"

ကနီမှာ ရေပြတ်သွားတဲ့ ရွာကို PDF တွေစုပေါင်းရေလှူ

"လျှပ်စစ်မီးကလည်း လေမတိုက်ခင် ၂ ရက်လောက်ကတည်းက မလာတာ၊ ရွာကအိမ်ခြေကလည်း များတယ်။ ရွာခံက အကူညီတောင်းတာနဲ့ချက်ချင်းစီစဥ်ပြီး မနေ့ကစလှူတာပါ။ အခုမနက် (ဧပြီ ၂၅) လည်း ရေလှူသွားကြပါတယ်"

ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄ ဦးမှာ ကင်ဆာရောဂါသည် သက်ကြီးအမျိုးသမီးလည်း ပါဝင်

"မိတ်ဆွေတွေ ပါဆယ်ပို့ဖို့ သွားတော့မှ ပြောင်းသွားပြီလို့ ပြောမှသိရတာပါ။ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ခုအချိန်အထိတော့ ဆေးကုသတာ မရှိသေးဘူးဗျ။ ကျန်းမာရေးက သိရသလောက်တော့ ညစဉ်အဖျားတက်တယ်လို့ သိရတယ်။ မပြည့်ပြည့်ဝင်းက အနီးကပ်ပြုစုပေးနေတယ်လို့လည်း သိရတယ်။ တခြားတော့ ဘာမှမသိရဘူးဗျ"

ပေါင်းတည်မှာ ပြောက်ကျား တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးပါ ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ

"ရှေ့ဆုံးကလာတဲ့ဖော်ကားမှာက အရပ်သားနဲ့စစ်သားရောပါလာတော့ လွှတ်ပေးလိုက်ပြီး နောက်ကကပ်ပါလာတဲ့ ဗိုလ်မှုး၊ ဗိုလ်ကြီးနဲ့စစ်သား ၈ ဦးလောက် စီးလာတဲ့အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာ ကားလည်းဇကာပေါက်ဖြစ်သွားတယ်" လို့ PPDFတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10