လက်တကမ်းကျန်းမာရေး

“နွေရာသီမှာ စားသုံးသင့်တဲ့အပူဒဏ်ခံအစားအစာများ” (Podcast)

နွေရာသီမှာ ဘယ်လိုအသီးအနှံတွေကို စားသုံးသင့်သလဲ။ လူတယောက်ဟာ တနေ့မှာ ရေပမာဏ ဘယ်လောက်သောက်သုံးဖို့ လိုအပ်သလဲ။ အပူဒဏ်ကိုလျှော့ချနိုင်ပြီး အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်နိုင်တဲ့အသီးအနှံက ဘာလဲ။ နွေရာသီမှာစားသုံးဖို့မသင့်တဲ့ အစားအစာတွေက ဘာတွေလဲ စတာတွေကို နားဆင်ရမှာပါ။

“နှလုံးကိုသန်မာစေတဲ့ သဖန်းပင်” (Podcast)

ကိုယ်အလေးချိန်ကိုထိန်းညှိဖို့ သဖန်းသီးကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ကင်ဆာရောဂါဖြစ်နိုင်ချေ လျော့နည်းစေဖို့ သဖန်းသီးကိုဘယ်လိုစားသုံးရမလဲ။ သဖန်းသီးဟာ ကိုယ်ဝန်ဆောင်တွေအတွက် သံဓာတ်ကို ဘယ်လိုထောက်ပံ့နိုင်သလဲ။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ သဖန်းရွက်ကို ဘယ်လိုစားသုံးသင့်သလဲစတာတွေကို နားဆင်ရမှာပါ။

“အသည်းရောင်ခြင်းကိုလျော့ကျစေတဲ့ ဗာဒံပင်” (Podcast)

အူမကြီးကင်ဆာကာကွယ်နိုင်ဖို့ ဗာဒံပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ဗာဒံရွက်သတ္ထုရေဟာ ဘယ်လိုရောဂါတွေကို ပျောက်ကင်းစေနိုင်သလဲ။ မွေးကင်းစကလေးငယ်များ မွေးရာပါမသန်စွမ်းမှု လျော့ကျစေဖို့ ဗာဒံစေ့ကို ဘယ်လိုစားသုံးမလဲစတာတွေကို နားဆင်ရမှာပါ။

“အိုမင်းခြင်းကိုအံတုနိုင်တဲ့ မရမ်း” (Podcast)

ကင်ဆာနဲ့ကင်ဆာဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ မရမ်းစေ့ကို ဘယ်လိုသောက်သုံးရမလဲ။ အိုမင်းခြင်းကို ဆန့်ကျင်နိုင်ဖို့ မရမ်းပင်က ဘယ်အစိတ်အပိုင်းကိုအသုံးပြုရမလဲ။ အစာလမ်းကြောင်းကောင်းမွန်စေဖို့ မရမ်းသီးကို ဘယ်လိုစားသင့်သလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“ခံတွင်းအနံ့ဆိုးခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

အခုတပတ် လက်တကမ်း ကျန်းမာရေးအစီအစဉ်မှာ “ခံတွင်းအနံ့ဆိုးခြင်းနှင့် လက်တကမ်းဆေးပညာ” အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။

“သဘာဝအိပ်ဆေးတခွက် မြင်းခွါရွက်” (Podcast)

နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ မြင်းခွါရွက်ကိုဘယ်လိုအသုံးပြုမလဲ။ ကလေးများချောင်းဆိုးအချွဲထရင် မြင်းခွါရွက်နဲ့ ဘယ်လိုကုသပေးနိုင်သလဲ။ သွေးဝမ်းသွားခြင်းကိုကုသဖို့ မြင်းခွါရွက်ကို ဘယ်လိုအသုံးပြုမလဲ။ မြင်းခွါရွက်ကို ဘယ်လိုလူမျိုးတွေမသုံးသင့်ဘူးလဲ စတာတွေကို နားဆင်ရမှာပါ။

“အမျိုးသားခွန်အား တိုးပွါးစေတဲ့ သပြုပင်” (Podcast)

အမျိုးသားခွန်အားတိုးပွါးစေဖို့ သပြုပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုနိုင်သလဲ။ လိပ်ခေါင်းရောဂါသက်သာစေဖို့ သပြုခေါက်ကို ဘယ်လိုအသုံးပြုရမလဲ။ အမြင်အာရုံကောင်းမွန်စေဖို့ သပြုပင်ရဲ့ဘယ်အစိတ်အပိုင်းကိုအသုံးပြုသင့်သလဲ စတာတွေကို နားဆင်ရမှာပါ။

“သွေးတွင်းအဆီကျစေတဲ့ သပြေပင်” (Podcast)

ကိုယ်တွင်းခုခံအားကောင်းမွန်ပြီး သွေးတွင်းအဆီကျစေဖို့ သပြေပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ မီးယပ်သွေးလွန်ရောဂါကို သပြေပင်ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ကုသနိုင်သလဲ။ သပြေပင်ရဲ့ အသီးအပွင့်တွေကို လွန်ကဲစွာစားသုံးမိရင် ဘာတွေဖြစ်နိုင်သလဲစတာတွေကို နားဆင်ရမှာပါ။

" အသည်းနဲ့ဆီးလမ်းကြောင်းကောင်းမွန်စေတဲ့ 'ခရာပင်' " (Podcast)

ကျောက်ကပ်ရောဂါအတွက် ခရာပင်ကိုဘယ်လိုအသုံးပြုကုသမလဲ။ နာတာရှည်ရောဂါတွေအတွက် ခရာပင်ရဲ့ ဆေးဖက်ဝင်ပုံ။ ခရာပင်ရဲ့ဘယ်အစိတ်အပိုင်းက ချွဲ၊ သလိပ်တွေကြေစေသလဲ။ မီးယပ်ဖြူဆင်းရောဂါအတွက် ခရာမြစ်ကိုဘယ်လိုအသုံးပြုကုသနိုင်သလဲစတာတွေကို နားဆင်ရမှာပါ။

“အဆိပ်လည်းပြေ အာဟာရလည်းပေးတဲ့ ငှက်ပျောပင်” (Podcast)

အဆိပ်ရှိသတ္တဝါတွေကိုက်ရင် ငှက်ပျောပင် ပင်စည်အရည်နဲ့ ဘယ်လိုကုသနိုင်သလဲ။ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျဉ်၊ ဆီးသွေးပါခြင်းကို ငှက်ပျောပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသနိုင်သလဲ။ ငှက်ပျောဖူး ပွင့်ဖတ်ခြောက်ကို လက်ဖက်ခြောက်လုပ်သောက်ရင် ဘယ်လိုအကျိုးထူးတွေရစေနိုင်သလဲ။ အပူလောင်နာနဲ့ ပြည်တည်နာတွေကို ငှက်ပျောပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲ စတာတွေကို နားဆင်ရမှာပါ။

“အရိပ်လည်းပေး ဆေးလည်းပေးတဲ့ ညောင်ပင်” (Podcast)

အမျိုးသားသုတ်လွှတ်မြန်ခြင်းကို ညောင်ပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသနိုင်သလဲ။ အိပ်မပျော် စိတ်ဓာတ်ကျသူများအတွက် ညောင်သီးက ဘယ်လိုအသုံးဝင်သလဲ။ ညောင်စေ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဘာတွေလဲ။ သွားနဲ့သွားဖုံး ကျန်းမာရေးအတွက် ညောင်ခေါက်မှုန့်ကို ဘယ်လိုအသုံးပြုလို့ရသလဲစတာတွေကို နားဆင်ရမှာပါ။

“စားသုံးဆေးဝင် ပိန္နဲပင်” (Podcast)

အသဲထိခိုက်မှုလျော့နည်းစေဖို့ ပိန္နဲပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ခြေဖဝါးကွဲနာတွေအတွက် ပိန္နဲစေးကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ပန်းနာ၊ ရင်ကျပ်ရောဂါအတွက် ပိန္နဲပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုကုသနိုင်သလဲ။ ပိန္နဲသီးမှာရော ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

“နှာစေးနှာပိတ်ခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

နှာစေးနှာပိတ်သူတွေဟာ ဘယ်လိုဓာတ်စာတွေကို စားရမလဲ။ ပူစီနံရွက်ပြုတ်ရေဟာ နှာစေးနှာပိတ် ပျောက်ကင်းအောင် ဘယ်လိုအထောက်အကူပြုသလဲ။ နှာစေးနှာပိတ်ပျောက်စေဖို့အတွက် ပင်စိမ်းရွက်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ နှာစေးနှာပိတ်ခြင်းကို မကုသဘဲပေါ့ဆရင် ဘယ်လိုတွေ ဖြစ်နိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

“တရုတ်စကားပင် ဆေးဖက်ဝင်” (Podcast)

မျက်နှာချောမွေ့လာအောင် တရုတ်စကားပင်ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ ပြုလုပ်လို့ရသလဲ။ ခြေထောက် အက်ကွဲကြောင်းတွေအတွက် တရုတ်စကားပင်ကိုအသုံးပြုပြီး ဘယ်လိုကုသနိုင်သလဲ။ ကင်ဆာအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့ တရုတ်စကားပင်ကို ဘယ်လိုအသုံးပြုမလဲ။ တရုတ်စကားမြစ်ပြုတ်ရေဟာ ဘယ်လိုရောဂါတွေကို သက်သာစေနိုင်သလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဆီးမကြာခဏသွားခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

ဆီးမကြာခဏသွားခြင်းဟာ ဘာတွေကြောင့်ဖြစ်တတ်လဲ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေဟာဘာတွေလဲ။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ တောင်မရိုးပင်နဲ့ ကုသလို့ရမယ့်နည်းလမ်းတွေ၊ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘယ်လိုဓာတ်စာတွေကို စားသုံးလို့ ရသလဲဆိုတာတွေကို နားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10