မသေခင် အလေးပြုချင်လို့ပါ
အစ်ကိုကြီး ညီလေး ပုခုံးဖက်တော်လှန်ရေးဖြစ်နေမလားဆိုတဲ့ အတွေးတွေကြားမှာပဲ တိုင်သမျှ၊ တင်ပြသမျှဟာ ပဲခူးအနောက်ခြမ်း သာယာဝတီခရိုင်အဖွဲ့တွေဆီ ဒီနေ့ထိ ဖြစ်ဖြစ်မြောက်မြောက် ရောက်မလာသေးဘူးလို့ ရိုးမအင်အားစုတွေဆီက သိရတယ်။
အစ်ကိုကြီး ညီလေး ပုခုံးဖက်တော်လှန်ရေးဖြစ်နေမလားဆိုတဲ့ အတွေးတွေကြားမှာပဲ တိုင်သမျှ၊ တင်ပြသမျှဟာ ပဲခူးအနောက်ခြမ်း သာယာဝတီခရိုင်အဖွဲ့တွေဆီ ဒီနေ့ထိ ဖြစ်ဖြစ်မြောက်မြောက် ရောက်မလာသေးဘူးလို့ ရိုးမအင်အားစုတွေဆီက သိရတယ်။
အားလုံးသိတဲ့အတိုင်း ရေရှည်မှာတော့ တိုင်းရင်သားညီအစ်ကိုတွေရဲ့ လက်ကို ဆွဲကိုင်ရင်း ဗမာပြည်သူ တွေ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ရမယ်။ ရှေ့ဆက် ကိုယ်ထူ၊ ကိုယ်ထရမယ်။ လက်ရှိမှာတော့ အညာမြေက ဗမာတွေအတွက် ဗမာပြည်သူတွေအားလုံး လက်ချင်းဆက်၊ ရင်ချင်းအပ်ရမယ်။ အညာမြေ၊ ဗမာပြည်က တော်လှန်ရေးသမားတွေလိုအပ်နေတဲ့ မောင်းပြန်တွေ၊ လေယာဉ်ပစ်တွေ ဝိုင်းကူ၊ ဝိုင်းလှူကြရမယ်။ အညာမြေအတွက် တရက်ကြာရင် တရက်နာတယ်။
အခု မိုခါ ဆိုင်ကလုန်းသွားမယ့်လမ်းကြောင်းက ရခိုင်၊ ချင်းနဲ့ အထက်အညာဒေသပါ။ ဒါပေမဲ့ ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းတွေကို အမှီပြုထားတဲ့ ရေလှောင်တံမံကြီးတွေ၊ ဆည်ကြီးတွေရှိလေတော့ မကွေး တိုင်းနဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေအနေနဲ့ မုန်တိုင်းအန္တရာယ်အပြင် အညာဒေသမှာ နာမည်ကြီးတဲ့ တောင်ကျချောင်း၊ သဲချောင်းကြီးတွေကပေးလာမယ့် အန္တရာယ်ကိုလည်း အထူးသတိထားသင့်တယ်လို့ ဆိုချင်ပါတယ်။
အမှန်တရားမရှိလျှင် အနုပညာမရှိချေ၊ အမှန်တရားကို မသိလျှင် အနုပညာခံစားမှုမှာ အချည်းအနှီးသာဖြစ်သည်။ အမှန်တရားကို သိရှိခံစားတတ်သော လူတစ်ယောက်က အနုပညာဆိုင်ရာပစ္စည်းတခုခုအား အသုံးပြုလိုက်စဉ် အနုပညာဆန်သော သံစဉ်များ၊ ကဗျာများ၊ စုတ်ချက်များ၊ စာပိုဒ်များ၊ ကချိုးကဟန်များထွက်ပေါ်လာရသည်။ ထိုသို့အနုပညာဆန်ရန် ရင်ဘတ်အတွင်းမှ တင်းကျပ်နေသော ခံစားချက်များလိုသည်။ မျက်ရည်များလိုသလို ချစ်ခြင်းမေတ္တာအစစ်များလိုသည်။
အရင်ပြုလုပ်ခဲ့သမျှ အသံတိတ်သပိတ်တွေတိုင်းဟာ နိုင်ငံတကာစာမျက်နှာပေါ်မှာ နေရာယူခဲ့ကြတာပါ။ ဒီလိုနိုင်ငံတကာစာမျက်နှာပေါ်ကို တက်သွားမှာကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတသိုက် တုန်နေအောင် ကြောက်တယ်ဆိုတာလည်း သိကြပြီးသားပါ။ သူတို့ကို နိုင်ငံတကာက အာရုံမပြတ်တမ်း စောင့်ကြည့်နေမှာကို အာဏာရူးတသိုက်ဟာ မလိုလားကြပါဘူး။ ပြီးတော့ ဒီလိုအချိန်မှာ လူထုတရပ်လုံး ပါဝင်နိုင်တဲ့သပိတ်ဟာ အသံတိတ်သပိတ်ထက်ကောင်းတာ မရှိဘူးသေးလို့ပဲ မြင်မိပါတယ်။ ဒါကြောင့်ပဲ အာဏာသိမ်းကာလ ၂ နှစ်ပြည့်ခါနီးအချိန်မှာ အသံတိတ် သပိတ်ကိုပြုလုပ်ကြဖို့ နှိုးဆော်ခဲ့ကြတာပေါ့။
ဒါကြောင့် အာဏာသိမ်းကာလအတွင်း လွတ်ငြိမ်းလို့ခေါင်းစဉ်တပ်ထားသမျှဟာ လွတ်ငြိမ်းမဟုတ်ဘဲ မတရားဖမ်းဆီးခံထားရသူတွေကို မင်းအောင်လှိုင်အုပ်စုက သူ့အကျိုးအတွက်လွှတ်ပေးခြင်းသာ ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များကို ကိုင်စွဲ၍ အာဏာထိန်းပါသည်ဟု အကြောင်းပြခဲ့သော စစ်ကောင်စီ၏ လုပ်ပိုင်ခွင့်သည် လာမည့်နှစ် ဇန်နဝါရီလကုန်တွင် နိဌိတံပြီဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေတွင် အရေးပေါ်ကာလသက်တမ်းကို ၂ နှစ်အထိသာ သတ်မှတ်ပေးထားပြီး ၂ နှစ် ပြည့်မြောက်ပါက "ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်" ဟု အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ ပုဒ်မ ၄၂၆ မှာ အတိအလင်းဖော်ပြထားသည်။
တချိန်က ဒီမိုကရေစီလက်သီးလက်မောင်းတန်းတဲ့ သူဌေးသူကြွယ်တို့ဟာလည်း ခုချိန်မှာ မျိုးဆွေဝင်းဖလား၊ ဘောလုံးပွဲ၊ ခြင်းလုံးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ ထိပ်ဆုံးကနေ တက်တက်ကြွကြွ ကျွန်လက်မှတ်ရဖို့ ခံယူနေကြကုန်ပြီ။ အာဏာသိမ်းအခါတော်ပေး၊ မြှောက်ပင့်တဲ့ ကြံ့ဖွတ်၊ မဘသတွေ၊ မြို့နယ်ကဗိုလ်မှူးဆိုတဲ့ကောင်တွေနဲ့ ဂေါက်ရိုက်၊ ပရဟိတတွေကို ကာဗာလုပ်ပြနဲ့ အနေအစားအဆင်ပြေနေကြပြီ။
သပိတ်အောင်မြင်တဲ့အထိမ်းအမှတ် လက်ခုပ်တီးဖို့စောင့်ဆိုင်းနေချိန်ဟာရင်ခုန်စရာကောင်းသလို လက်ခုပ်သံသောသောညံချိန်မှာ ဝဲခဲ့မိတဲ့မျက်ရည်တွေဟာလည်း ငါတို့လုပ်နိုင်တယ်ဆိုတဲ့အတွေးကိုပေးခဲ့ပါတယ် ။