သေရင် မြေကြီး မသေရင် ငပလီ
ဒဏ်ရာရအောက်ခြေစစ်သားတွေရဲ့ လက်ရှိဘဝကလည်း “ဆုပ်လည်းစူး၊ စားလည်းရူး” ဖြစ်နေတဲ့အခြေအနေ။ ဆေးရုံမှာ သေလုမြောပါးဝေဒနာတွေ ခံစားနေရတာချင်းအတူတူ ခြေထောက်ပြတ်သွားပြီး ဆေးအဆင့်နိမ့်နဲ့ စာအုပ်ရောင်းဘဝကို ကူးလိုက်ရရင်တောင် အနည်းဆုံးတော့ အသက်မသေတော့ဘူးလို့ တွေးမိနေမှာပါ။ ဒါပေမယ့် အခုအခြေအနေကတော့ အဘတွေက မသေအောင်ကုပေးပြီး နောက်တခေါက် သေတွင်းပို့ဦးမယ့် အခြေအနေဆိုတော့ သူတို့ပူလည်းပူချင်စရာ။