သတင်း

ပခုက္ကူ၊ ကိုင်းရွာကို စစ်ကောင်စီတပ်က ရုတ်တရက်ဝင်စီးပြီး ကိုယ်ဝန်ဆောင်နဲ့ ကျေးရွာပကဖ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ် ■ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးလည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနဲ့ ကျေးရွာပကဖ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပကဖ၊ တပ်ခွဲ ၃ ထံက သိရပါတယ်။

အောင်လံက စစ်တပ်သတင်းပေးဆိုသူ စည်ပင်ဝန်ထမ်း ၁ ဦး အသတ်ခံရ

“စစ်တပ်ကို သတင်းပေးတဲ့အလုပ်လုပ်တယ်၊ သတင်းပေးတဲ့အချက်အလက်ကိုလည်း သိရတယ်၊ အရင်တုန်းက မြို့ပြပြောက်ကျားတွေ လှုပ်ရှားတုန်းကလည်း စစ်တပ်ကို တိုင်တာတွေလုပ်တယ်၊ အဲ့ဒါကြောင့် သူ့ကိုဓါးကောက်နဲ့ ထိုးပြီးရှင်းလင်းခဲ့တာ”

ပျူရွာကို ချပေးတဲ့ ရိက္ခာထုပ်ကို တော်လှန်ရေးအဖွဲ့တွေရရှိ (ရုပ်/သံ)

Y 8 လေယာဥ်ပေါ်ကနေ ဆန် ၂၄ ပြည်ခန့်ပါ ရိက္ခာထုပ်လေထီးနဲ့ချပေးတာကို ကင်းထောက်ဒရုန်းနဲ့ ထောက်လှမ်းရင်းပျူရွာနဲ့ မီတာ ၄၀၀ ကျော်လောက်မှာ ပုံတောင်တိုက်ဂါး PDFနဲ့ Eagle Wings Drone Force တို့က သိမ်းဆည်းရရှိခဲ့တာပါ။

သန်းခေါင်စာရင်းကောက်တဲ့ ရာအိမ်မှူးကိုဝင်ပစ်ချိန် ထွက်ပြေးလို့ ကိုင်ဆောင်တဲ့လေသေနတ်ကို သိမ်းဆည်း

“ သူနေတဲ့တိုက်အိမ်တံခါးကို ရိုက်ဖျက်ဝင်နေတုန်း ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးသွားတာ၊ လိုက်ဖမ်းရင်းသေနတ်နဲ့ခေါင်းကို ၁ ချက်တော့ ရိုက်မိသွားတယ် အမှောင်ထဲဆိုတော့ သေနတ်နဲ့ ပစ်လည်း မမှန်ဘူး”

စစ်တပ်ဝန်းရံပိတ်ဆို့ထားတဲ့နေရာအနီးက ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရလို့ မြို့ခံတွေဝေဖန်

"အိမ်ရှင်ရဲ့သားက မြင်ပြီးအော်တဲ့အချိန်မှာ ထွက်ပြေးသွားတာ။ ဖြစ်တဲ့နေရာက အမှတ် ၈ ရဲစခန်းနဲ့ နီးတယ်။ ပြီးတော့ မီးထွန်းပွဲကြောင့် ကျုံးဘေးပတ်လည် ၂၈ လမ်းထောင့်တွေအထိ စစ်သား၊ ရဲ၊ ပျူစောထီးတွေ အင်အားချထားတဲ့အချိန် အချိန်ကိုက်ကိုလုပ်သွားတာ"

"တော်လှန်ဆီမီးနဲ့ထွန်းညှိကြ" ဆိုတဲ့ ကလေးမြို့ကလူထုသပိတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တနေရာမှာ "တော်လှန်ဆီမီးနဲ့ထွန်းညှိကြ" ဖယောင်းတိုင်မီးသပိတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုကို အောက်တိုဘာ ၁၇ ရက် မနေ့က ညပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

96 Soldiers - PDF အညာဒေသတပ်ခွဲရဲ့ ၃ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်းတနေရာမှာ ကျင်းပ

“ ရှေ့ဆက်ပြီးလည်း 96 Soldiers အနေနဲ့ ပြည်သူကို မျက်နှာမူတဲ့အဖွဲ့အစည်းအဖြစ် ဆက်ရှိနေမှာပါ။ ပြီးတော့ စစ်အာဏာရှင် အမြစ်မပြတ်မချင်း ဆက်လက်ပြီး တော်လှန်နေတဲ့ အဖွဲ့အစည်းအဖြစ် ဆက်ရှိနေမှာပေါ့နော်။”လို့ 96 Soldiers - PDF ရဲဘော် မဖူးက ပြောပါတယ်။

စစ်အုပ်စု အထိုင်ချထားတဲ့ ရဲစခန်းနဲ့ စာသင်ကျောင်းကို PDF တွေ တပြိုင်တည်းတိုက်ခိုက် (ရုပ်/သံ)

အဲဒီရဲစခန်းနဲ့ အထက ၁ စာသင်ကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၇ ရက် မနက် ၁ နာရီခန့်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မီတာ ၁၅၀ အကွာက တပြိုင်နက် တိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ Moe Nyo Revolution Force M.N.R.F ရဲ့တပ်မှူး မိုးညိုက ပြောပါတယ်။

ဒီပဲယင်းမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦး လက်နက်နဲ့ဖမ်းဆီးခံရ ■ ပစ်ခတ်မှုတွေအပြီး စစ်ကောင်စီဘက်က မြို့ကိုဗုံးကြဲ

“ဒဏ်ရာရတဲ့ ၂ ယောက်ထဲမှာ ၁ ယောက်ကတော့ စိုးရိမ်ရတယ်။ ဒီကောင်တွေက ကျနော်တို့ပစ်ကွင်းထဲကိုရောက်လာတယ်။ ဖမ်းဆီးရမိတဲ့ကောင်က ရှေ့ဆုံးကတက်တာ။ ကျနော်တို့ပစ်လိုက်တော့ သူ့နောက်ကကောင်တွေက ပြန်ပြေးသွားတယ်။ ဒီကောင်က ကျနော်တို့အနီးနားမှာ ဝပ်နေခဲ့တာ။ သူဝပ် နေတာကို ကျနော်တို့တွေ့တဲ့အချိန် သေနတ်နဲ့ထောက်ပြီးတော့ ဖမ်းလိုက်တာ။”

ဖမ်းဆီးမှုနဲ့ အစစ်ဆေးများတာကြောင့် အုတ်တွင်းကပရဟိတအသင်းအများစု ညဘက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထား

" စစ်မှုထမ်းကြောက်တာတခု၊ ခပေါင်းတံတားမှာ အစစ်ဆေးပေါ့၊ အချို့ကျတော့ သဘောကောင်းတာရှိတယ်။ အချို့ကျတော့လူနာပါတာတောင် ရစ်တာတွေရှိလို့ ညဆိုမထွက်ကြတော့ဘူး။"

သီတင်းကျွတ်လပြည့်နေ့မှာပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေက ကျေးရွာ ၁ ရွာမှာ အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တရွာတည်းသားက ၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ခဲ့  ■ မောင်ဖြစ်သူကိုပါသတ်ခဲ့ပေမယ့် မသေဘဲ ပြန်ပြောပြလို့ ကျူးလွန်သူကိုဖမ်းမိ

"တော်တော်ဝေးဝေးလံလံကို ခေါ်သွားပြီးတော့ ကောင်မလေးကို Rape(အဓမ္မပြုကျင့်) လုပ်တယ်ပေါ့နော်။ Rape လုပ်ပြီး ရုန်းတော့ လည်ပင်းညှစ်တယ်ပေါ့။ လည်ပင်းညှစ်တော့ ဟိုကရုန်းတော့ သေသွားတယ်ပေါ့။ ရုန်းရင်းကန်ရင်းနဲ့ ခေါင်းနဲ့ အောက်က အမာတွေဘာတွေနဲ့ဆိုတော့ ထုရိုက်ပြီးတော့ သတ်ပစ်တာပေါ့ဗျာ။"

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲပြန် PDFတွေကို ပြည်သူတွေကကြိုဆို (ရုပ်/သံ)

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ ရဲဘော်တွေကို အောက်တိုဘာ ၁၆ ရက်က ယင်းမာပင်ခရိုင်အတွင်းမှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက အညာသပိတ်အင်အားစုတွေ ဆီမီးသပိတ်ပြုလုပ်(Photo News)

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ နယ်မြေခံသပိတ်အင်အားစုတွေဦးဆောင်ပြီး အောက်တိုဘာ ၁၇ မနေ့ညက ဆီမီးသပိတ်နဲ့ လူထုသပိတ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အင်အားစုတွေဆီက သိရပါတယ်။

ချောက်မြို့နယ်တော်လှန်အမျိုးသမီးအဖွဲ့ရဲ့ အိမ်တွင်းသပိတ်နဲ့ သန်းခေါင်စာရင်း ဆန့်ကျင်ရေးလှုပ်ရှားမှု

“စနစ်ကိုမကြိုက်လို့ တော်လှန်နေတာဖြစ်တာကြောင့် မရမချင်းတော်လှန်နေမယ်။ အမြင်မှန်တွေ ရသင့်ပြီ၊ စည်းလုံးသင့်နေပြီ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10