ရုပ်သံ

တပတ်အတွင်း မြေလတ်သတင်း

- တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ လေယာဉ်ကို ထိမှန်ခဲ့ဟုဆို - စစ်အုပ်စု ခြုံခိုတိုက်ခိုက်ခံရလို့ ဗိုလ် ၁ ဦးအပါ ၂ ဦးသေဆုံး ဒေသခံ ၃၀ ကို ဓါးစာခံအဖြစ်ခေါ်သွား - သေနတ် ၃ လက်ယူပြီးထွက်ပြေးလာနိုင်တဲ့ သာကြီးတောင်ရဲစခန်းက သူလျှို PDF ၂ ဦးကို ကျပ်သိန်း ၅၀ စီ ဆုငွေချီးမြှင့် - တပ်မ ၈၈ တပ်တွေ လိုင်ဇာမှာပိတ်မိနေလို့ မကွေးမြို့က နောက်တန်းတပ်ရင်းတွေကို တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းခိုင်း - စစ်မှုထမ်းစာရင်းပါသူတွေ ထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက် - မုံရွာမှာ စစ်တပ်က ရွာကိုမီးရှို့ မီးလောင်ပြင်ထဲ အရပ်သားအလောင်း ၄ လောင်းတွေ့ရှိ၊ ရွာခံ ၅၀ နီးပါးကို ဖမ်းသွား - မြင်းမူနယ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ် ထိတွေ့ပစ်ခတ်မှုဖြစ် - ဂန့်ဂေါမြို့မရဲစခန်းက ထောင်ဒဏ်ချမှတ်ပြီး နိုင်ကျဥ်း ၄၀ ကျော်ကို ထောင်မပို့ဘဲ ဆက်လက်ချုပ်နှောင်ထား - ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး သေနတ် ၂ လက်ရ - မြိုင်မှာ ရွာပေါင်း ၂၂ ရွာက ပြည်သူတွေ လှူဒါန်းငွေနဲ့ ယူနီဖောင်းဝယ်ပြီး MVRF ရဲဘော် ၂၂၅ ဦးကိုပေးအပ်

တပ်ရင်းပိုလျှံငွေနဲ့ တံတားပြန်လည်တည်ဆောက်ပေးခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ခရိုင်ချင်းဆက်လမ်းမကြီးပေါ်မှာရှိတဲ့ တံတားကိုပြန်လည်တည်ဆောက်ပြီး မတ် ၂၀ ရက် မနက် ၆ နာရီမှာ ဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းဆီက သိရပါတယ်။

ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ယူရပ်တည်နေရတဲ့ စစ်ရှောင်စခန်း (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အနီးမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတခုဟာ နေ့စဉ် အလှူရှင်မရှိတာကြောင့် ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ယူကာ ရပ်တည်နေရတယ်လို့ ရန်ပုံငွေရှာကူညီဆောင်ရွက်ပေးနေတဲ့ Mission 21 - Magwe နဲ့ မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတာဝန်ခံ အမိုး ကပြောပါတယ်။

“အသည်းရောင်ခြင်းကိုလျော့ကျစေတဲ့ ဗာဒံပင်” (Podcast)

အူမကြီးကင်ဆာကာကွယ်နိုင်ဖို့ ဗာဒံပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ဗာဒံရွက်သတ္ထုရေဟာ ဘယ်လိုရောဂါတွေကို ပျောက်ကင်းစေနိုင်သလဲ။ မွေးကင်းစကလေးငယ်များ မွေးရာပါမသန်စွမ်းမှု လျော့ကျစေဖို့ ဗာဒံစေ့ကို ဘယ်လိုစားသုံးမလဲစတာတွေကို နားဆင်ရမှာပါ။

ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး သေနတ် ၂ လက်ရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရေစက်ကထွက်လာတဲ့ စစ်အုပ်စုကို ယနေ့ မတ် ၂၀ ရက် နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ ကင်းပုန်းဝပ်တိုက်ခိုက်ခံရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

ကလေးမြို့ ပျဉ်းခုံလေးရွာ ၂ ရက်ဆက်မီးရှို့ခံနေရ (ရုပ်/သံ)

“မြို့ထဲကစစ်**နဲ့ ပျူစောထီးတွေက မီးဝင်ရှို့နေတာ။ ကား၄ စီးနဲ့ သွားပြီး နန်စလူဘက်ကနေ ပျဉ်းခုံလေးကို ပတ်ဝင်တာ၊ စစ်ကြောင်းထိုးတာပေါ့။”

စစ်မတိုက်ဖူးဘဲ ကရင်နီကတပ်မအပျက်ကြီးကို ကွပ်ကဲဦးမယ့် တပ်မမှူး (ရုပ်သံဆောင်းပါး)

ကရင်နီပြည်နယ်အတွင်း အရေးနိမ့်နေတဲ့ တပ်မ ၆၆ ရဲ့ ယခင်တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းဟာ အရံအင်အားကို ပို့ဆောင်ခံလိုက်ရပြီး ၎င်းရဲ့နေရာမှာ တပ်မမှူးအသစ်အဖြစ် ဗိုလ်မှူးကြီး ကျော်စိုးလင်း ကို ခန့်အပ်ကာ စစ်ဆင်ရေးတွေကိုကွပ်ကဲဖို့ နေပြည်တော်က စစ်ခေါင်းဆောင်တွေက ရွေးချယ် စေလွှတ်လိုက်တာပါ။

"စစ်မှုထမ်းဥပဒေကို ငြင်းဆန်ခဲ့တဲ့ စနေမရဲ့ လက်နက်ကိုင်တော်လှန်ရေးခရီးအစ"  (အမျိုးသမီးကဏ္ဍ)

ရဲမေ စနေမဟာ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေကောင်းတဲ့ နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်ဖို့ စိတ်ကူးရှိနေပေမယ့် စစ်မှုထမ်းဥပဒေ ထွက်လာပြီးတဲ့နောက်မှာတော့ ဒီဥပဒေဟာ အမျိုးသမီးတွေကို အတင်းအဓမ္မ စေခိုင်းတာဖြစ်လို့ အမျိုးသမီးတွေဘက်က မခံမရပ်နိုင်ဖြစ်ကာ အဲဒီကတည်းက ဝင်ငွေရတဲ့ အလုပ်ထက် စစ်ကောင်စီကို ပြန်တိုက်ဖို့ကို ဆုံးဖြတ်လိုက်ကာ PDF ထဲကို ဝင်ဖို့ ရွာကနေ တယောက်တည်း ထွက်လာခဲ့တာပါ။

စစ်အုပ်စု ခြုံခိုတိုက်ခိုက်ခံရလို့ ဗိုလ် ၁ ဦးအပါ ၂ ဦးသေဆုံး ဒေသခံ ၃၀ ကို ဓါးစာခံအဖြစ်ခေါ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီနဲ့ ပျူစောထီးတွေ ရိက္ခာယူပြီး ပြန်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း - MSPDF / MSDF တပ်ဖွဲ့ဆီက သိရပါတယ်။

မြိုင်မှာ ရွာပေါင်း ၂၂ ရွာက ပြည်သူတွေ လှူဒါန်းငွေနဲ့ ယူနီဖောင်းဝယ်ပြီး MVRF ရဲဘော် ၂၂၅ ဦးကိုပေးအပ် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီကိုတော်လှန်နေတဲ့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ရဲဘော်တွေကို ရွာပေါင်း ၂၂ ရွာက ပြည်သူတွေ လှူဒါန်းငွေနဲ့ ယူနီဖောင်းဝယ်ပြီး ပေးအပ်ပွဲပြုလုပ်ခဲ့တယ်လို့ MVRF တပ်ရင်းဆီက သိရပါတယ်။

မြေလတ်ပေးစာ (Podcast)

ဒီတပတ်မှာတော့ စစ်မှုမထမ်းမနေရစာရင်းကောက်ခံရတဲ့ မြို့ရွာအချို့က ပေးပို့လာတဲ့စာတွေကို တင်ဆက်ထားပါတယ်။

စစ်မှုထမ်းစာရင်းပါသူတွေ ထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက် (ရုပ်/သံ)

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းနေပြီး မဲပေါက်တဲ့သူတွေထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

PDF တွေဦးဆောင်ပြုလုပ်တဲ့ မြိုင် ယမားချောင်းတံတားဖွင့်လှစ် (ရုပ်/သံ)

သံကူကွန်ကရစ် အမျိုးအစား ပင်မတံတားအရှည် ပေ ၆၀၊ ချဉ်းကပ်လမ်း ပေ ၆၀ နဲ့ စုစုပေါင်း တံတားအရှည် ၁၂၀ ပေရှိပြီး ရံပုံငွေကိုတော့ မြိုင်နယ်နဲ့ ဆားလင်းကြီးနယ်က ဒေသခံရွာတွေက ထည့်ဝင်လှူဒါန်းသလို တပ်ရင်းရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ တည်ဆောက်ခဲ့တာလို့ ရဲဘော် ပေက ပြောပါတယ်။

ပအဖ၊ ပကဖ၊ ပလဖနဲ့ သယံဇာတအဖွဲ့တွေ အခွန်ယူပြီးလွှတ်ပေးတဲ့ သစ်ကားတွေကို ပြည်သူတွေက ပြန်ဖမ်းပြီး ဆန္ဒပြ (ရုပ်/သံ)

မတ် ၁၇ ရက် မနေ့ ညနေက မော်လူးမြို့ထဲကဖြတ်သွားတဲ့ တန် ၃၀ ပါ သစ်ကား ၁၈ စီးကို မော်လူးမြို့ အထွက်က ကျေးရွာမှာဖမ်းပြီး တာဝန်ရှိသူတွေထံ အပ်နှံခဲ့ပေမယ့် အရေးမယူဘဲ လွှတ်ပေးလိုက်တဲ့အတွက် နောက်ထပ်ဝင်လာတဲ့ သစ်ကား ၃ စီးကို မြို့လယ်ခေါင်မှာ ပြည်သူတွေကိုယ်တိုင် ဝိုင်းဖမ်းပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ငါန်းဇွန်ပကဖရဲဘော်တွေရဲ့စိတ်ဓာတ်မြှင့်တင်ရေးကိုယ်ပိုင်သံစဥ်သီချင်းသစ် (ရုပ်/သံ)

"သီချင်းရေးစပ် သီဆိုပေးထားသူရဲ့အမည်ကိုတော့လုံခြုံရေးအရ မပြောတာပါ။ သီချင်းရေးတာ ၇ ရက်လောက်ကြာပါတယ်။ ရဲဘော်တွေအတွက် ခွန်အားဖြစ်တာပေါ့ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10