ရုပ်သံ

“ပျဉ်းမပင်နှင့် အစာအိမ်နာ” (Podcast)

ပျဉ်းမရွက်ပြုတ်ရေဟာ ဂေါက်ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါသမားတွေကို ဘယ်လိုအထောက်အကူပြုသလဲ။ ပျဉ်းမရွက် လဘက်ခြောက်ဟာ ဘယ်လိုရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်သလဲ။ ကျောက်ကပ်ကျန်းမာရေးအတွက် ပျဉ်းမပင်ကို ဘယ်လိုအသုံးပြုသလဲ။ ပျဉ်းမပင်အမြစ်သွေးရေဟာ ဘယ်လိုရောဂါတွေကိုပျောက်ကင်းစေသလဲ စတာတွေကို နားဆင်ရမှာပါ။

ချင်းတွင်းမြစ်ဘေးရွာက ကြက်ခြံထဲ လေယာဥ်နဲ့ ၂ ကြိမ်ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရ (ရုပ်/သံ) ■ ကြက်ခြံ ၂ ခြံမီးလောင်ကာ ကြက် ၂,၅၀၀ နဲ့ ဝက်အကောင် ၅၀ ကျော်သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အနောက်ခြမ်း၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ မကျီးဘုတ်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ နှစ်ကျော် ကလေး ၁ ဦးအပါအဝင် ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပုလဲကို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲလို့ ဝန်ထမ်း ၂ ဦးအပါ အရပ်သားအချို့သေဆုံး (ရုပ်/သံ)

နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီကျော်ကစတင်ပြီး ၁၀ နာရီကျော်အထိ ပုလဲ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနဲ့ ပုလဲမြို့ပေါ်ရပ်ကွက်တွေကို ပေါင် ၅၀၀ ဗုံး အလုံးရေ ၂၀ ကျော် ကြဲချခဲ့တာကြောင့် ပုလဲမြို့ လျှပ်စစ်မြို့နယ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ထွေအုပ်ဝန်ထမ်း မမျိုးဦးနဲ့ သားဖြစ်သူတို့လည်း သေဆုံးခဲ့ရတယ်လို့ ကျားသစ်နက်တပ်မတော်ဆီက သိရပါတယ်။

ရေစကြိုမြို့ပေါ်က စစ်သားနဲ့ ပျူအုပ်စု အနီးကပ် တိုက်ခိုက်ခံရ (ရုပ်/သံ)

နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၁၁ နာရီ‌ခန့်မှာ ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကထွက်လာတဲ့ စစ်သားနဲ့ပျုစောထီး ၅၀ ဦးခန့်ကို ရေစကြို အမှတ် ၇ ရပ်ကွက်မှာ လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အမိန့်နာခံမှု ပိုကောင်းလာစေဖို့ တပ်ခွဲ ၃ ခုကို မွမ်းမံသင်တန်းပေးခဲ့ (ရုပ်/သံ)

"အဓိက သင်တန်းပေးဖြစ်တာက ရဲဘော်တွေ Chain of Commend ဆိုတဲ့ အမိန့်နာခံမှု အားကောင်းစေရန်၊ ရဲဘော်တယောက်ချင်းစီတိုင်းရဲ့ကျင့်ဝတ်တွေဖြောင့်မတ်မှန်ကန်မှုရှိစေဖို့၊ ရည်ရွယ်ပြီးတော့ အဓိကသင်တန်ပေးဖြစ်တာပါ။"

ကျည်ရှားပါးမှုပြဿနာကိုဖြေရှင်းဖို့ တတောင့်ထိုးကာဘိုင်သေနတ်ကို MBT တပ်ဖွဲ့ထုတ်လုပ် (ရုပ်/သံ)

စစ်ကောင်စီနဲ့တိုက်ပွဲတွေမှာ ကျည်ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ အဖွဲ့က ၅.၅၆ ကျည်သုံး တတောင့်ထိုးကာဘိုင်သေနတ်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပင်လည်ဘူး စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ အတွက် အခြေခံစားကုန်တွေ လှူဒါန်း (ရုပ်/သံ)

ပင်လည်ဘူးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းနေရာ ၅ ခုက စစ်ရှောင်အိမ်ထောင်စု ၅၀၀ အတွက် ၁ အိမ်ထောင် ဆန် ၄ ပြည်၊ ပဲဆီ ၁ လီတာနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖိုးခန့် ထောက်ပံ့လှူဒါန်းပေးခဲ့တာလို့ သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- တကျော့ပြန် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်ကျဆုံးမှုရှိ - စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး စစ်သား ၃ ဦးသေဆုံးကာ ကျန်သူတွေ စခန်းစွန့်ထွက်ပြေး - ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းက ၆ ရက်အတွင်း ဒေသခံ ၂၀၀ နီးပါးကိုဖမ်းဆီးထား - MDY PDF သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်တပ်က ပြန်လည်သိမ်းယူဖို့ လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ် - ဆားတောင်စာသင်ကျောင်းနဲ့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ - ချီပါရွာအနီး တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ရှိ - ပေါက်နယ်စစ်ရှောင်စခန်းက အရပ်သား ၂၀ ဦးနီးပါးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၃ ဦးကို ပစ်သတ်ခဲ့ - တနေ့တည်း စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုကို လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၅ ဦးသေဆုံး - တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာမှာ ၁ ညတည်း ဗုံးအလုံး ၂၀ နီးပါးကြဲခံရ

မိုးအဆက်မပြတ်ရွာလို့ ပဲခူးရိုးမအစပ်က PDF တွေနဲ့ စစ်ရှောင်တွေ နေထိုင်စားသောက်ရေးခက်ခဲနေ (ရုပ်/သံ)

“မရှိတဲ့သူနဲ့ ရှိတဲ့သူနဲ့ မျှတပြီးတော့မှ စားနေရတယ်။ အခြားရွာတွေပေါ်ကို သွားဝယ်မယ်ဆိုတော့လည်း မိုးမိပြီးတော့ ဖျားနာတွေက တအားဖြစ်မှာစိုးလို့ ဘယ်သူမှမသွားရဲတော့ ရှိတာလေးနဲ့ပဲ ငပိဖုတ်စားနေရတယ်။ တချို့တဲတွေဆို အောက်ကနေမီးထည့်ပြီး လုပ်ပေးရတယ်။ တာလပတ်က တာရှည်မခံဘူး ခါတိုင်းနှစ်က မိုးတွင်းဆိုရင် ဒီနေရာကတဲဆောက်ထားလို့မလုံခြုံဘူးလား ဟိုဘက်ကိုရွှေ့။ တခါတာလပတ်ကဖြုတ်ရတော့ ပေါက်ပြဲ။ အဲ့လိုမျိုး တာလပတ်ကလေးတွေကို သူတို့ကပြန်ပြီးတော့ မိုးနေရတော့ မိုးကမလုံဘူး။”

ရေလမ်းက တပ်ချိန်းဖို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

ချင်းတွင်းမြစ်အတိုင်းလာတာကို သတင်းရတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်ကြိုစောင့်ကာ ၄၀ မမအပါ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ RBDF တပ်ဖွဲ့တာဝန်ခံ ကိုရဲကြီး က ပြောပါတယ်။

စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေရပ်တန့်ရေး လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းဟာ Airbus လေကြောင်းကုမ္ပဏီအနေနဲ့ စစ်ကောင်စီရဲ့ရာဇဝတ်မှုတွေမှာ ရင်းနှီးမြှုပ်နှံနေတာတွေ ရပ်တန့်စေဖို့အတွက် လူထုလှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ပါတယ်။

ဇီးဖြူကုန်းရွာက ပျူစောထီးစခန်း ၄ ရက်တာ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ၁၀ ဦးဒဏ်ရာရ (ရုပ်/သံ)

နိုဝင်ဘာ ၁ ရက်ကစပြီး နိုဝင်ဘာ ၄ ရက်အထိ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာပျူစောထီးစခန်းက ဘန်ကာတွေ အဆောက်အဦတွေအပြင် ပျူစောထီးခေါင်းဆောင်နေတဲ့ နေရာနဲ့အဆောက်အဦတွေကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာလို့ BNRA ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန ရဲဘော် မင်းရန်မာန်က ပြောပါတယ်။

“ကင်ဆာကြီးထွားမှုကို လျော့ပါးစေတဲ့ ပိန်းပင်” (Podcast)

ပိန်းပင်ဟာ ဘယ်လိုရောဂါတွေကိုထိန်းချုပ်ကုနိုင်သလဲ။ ခန္ဓာကိုယ်အလေးချိန်ကို ပိန်းပင်ရဲ့ဘယ်အစိတ်အပိုင်းက ထိန်းချုပ်ပေးနိုင်သလဲ။ ပိန်းရွက်စားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေက ဘာတွေလဲ။ ပိန်းဥပိန်းရွက်မှာ ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

စစ်တပ်ကင်းစခန်း ၂ ခုတပြိုင်တည်း စီးနင်းတိုက်ခိုက်ခံရလို့ ၆ ဦးကျော် သေဆုံး (ရုပ်/သံ)

အမ်း - ပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်း ၂ခုကို ကာကွယ်ရေးတပ် ၃ ခုပေါင်းပြီး တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၆ ဦးကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဂန့်ဂေါနယ်မှာ ပဲမျိုးစုံစတင်စိုက်ပျိုးနေပြီး သွင်းအားစုဈေးတွေမြင့်တက်နေလို့ တောင်သူတွေအခက်တွေ့ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာ နိုဝင်ဘာလဆန်းပိုင်းကစလို့ ပဲမျိုးစုံစတင်စိုက်ပျိုးနေကြပြီး လက်ရှိစက်သုံးဆီဈေးအပါအဝင် စိုက်ပျိုးစရိတ်တွေမြင့်တက်နေတာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10