ရုပ်သံ

စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ စုဝေးနေတဲ့နေရာ Drone နဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

အင်အား ၈၀ လောက်နဲ့ စုဝေးနေတဲ့နေရာကို အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း ၁၁ နာရီမှာ ဗုံးသီး ၁၀ လုံး ၁ ကြိမ် ၊ ညနေပိုင်း ၃ နာရီမှာ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ရဲဘော်ညီနောင် ပြောက်ကျားတပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီး က ပြောပါတယ်။

ဝင်ငွေမရှိလို့ အချိန်မီဆေးမကုလိုက်ရဘဲ စစ်ရှောင်စခန်းက ကိုယ်ဝန်သည်အပါ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ (ရုပ်/သံ)

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ခြမ်း စစ်ဘေးရှောင်စခန်းက အသက် ၂၃ နှစ်နဲ့ ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး ငွေကြေးမတတ်နိုင်လို့ ဆေးမကုရဘဲ သေဆုံးခဲ့ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေ ဝန်းရံပိတ်ဆို့ထားပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိ - ဖမ်းဆီးမှုနဲ့ အစစ်ဆေးများတာကြောင့် အုတ်တွင်းကပရဟိတအသင်းအများစု ညဘက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထား - ကပစ ၁၇ ကစစ်သားတွေ မိုင်းဆွဲခံရပြီး ၈ ဦး သေဆုံး ၄ ဦးဒဏ်ရာရဟုဆို - ကျည်ဆန်မလုံလောက်တဲ့အတွက် ၁ လကျော်ကြာသိမ်းထားတဲ့ ငါန်းမြာကြီးကို စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရ - ၅နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့် နှိပ်စက်ခဲ့တဲ့ အမှုကို သက်သေလိုက်ပေးမယ့်သူတွေခြိမ်းခြောက်ခံနေရ - စစ်အုပ်စု အထိုင်ချထားတဲ့ ရဲစခန်းနဲ့ စာသင်ကျောင်းကို PDF တွေ တပြိုင်တည်းတိုက်ခိုက် - စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်တွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - တမူးခရိုင်တပ်ရင်း ၄ ကင်းစခန်းကို စစ်အုပ်စုဝင်တိုက်လို့ နှစ်ဖက်ထိခိုကသေဆုံးမှုတွေရှိ - ရှမ်း-မန်း စစ်ဆင်းရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဒေါင်းနီ PDF က ထောက်ပံငွေပေးအပ်ကန်တော့

ဆည်ဘောင်ပေါ်မှာ စစ်ရှောင်နေသူတွေရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ခဲ့ (ရုပ်/သံ)

"ဆည်ဘေးကရွာဆိုတော့ ဟိုတစုဒီတစုပေါ့။ သူတို့က အဲ့ဒေသခံတွေမဟုတ်ကြဘူးဗျ။ တချို့က နေအိမ်တွေမီးရှို့ခံရလို့ ဒီဘက်ကိုပြောင်းလာတဲ့သူတွေ၊ တချို့က မီးသွေးဖုတ်၊ ငါးရှာ၊ တောင်ယာလုပ်ဖို့လာကြတာ။ ခုတော့သူတို့နယ်ပဲ ပြန်မလားမသိရသေးဘူး။ ကျနော်တို့လည်း ဘာမှ မလုပ်ပေးနိုင်ဘူး။"

စားနပ်ရိက္ခာရှားပါးပြီး ဖိနှိပ်ခံရမှုတွေကြောင့် အင်မထီးနဲ့ ဇီးဖြူကုန်းက ပျူအပါ ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိ (ရုပ်/သံ)

၂၀၂၄ ခုနှစ် အစပိုင်းမှာတော့ တော်လှန်ရေးတပ်တွေရဲ့ ​နယ်မြေစိုးမိုးနိုင်မှုနဲ့ ရိက္ခာဖြတ်တောက်ထားနိုင်မှုတွေကြောင့် ပျူရွာတွေထဲမှာ စားနပ်ရိက္ခာရှားပါးလာမှုနဲ့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ရွာအတွင်းက ပျူမိသားစုဝင်အချို့နဲ့ပြည်သူ ၄၀၀ ကျော်ဟာ ပုလဲပအဖဆီကို ထွက်ပြေးလာကြတယ်လို့ ပုလဲပအဖရဲ့လူသားစာနာတာ၀န်ခံက ပြောပါတယ်။

ပုလဲမြို့ မြို့မရဲစခန်း ၈၀ မမ လက်နက်ကြီးနဲ့ အချက် ၂၀ ပစ်ခတ်ခံရ (ရုပ်/သံ)

စစ်သားနဲ့ရဲ အင်အား ၂၀ လောက်ရှိတဲ့ ပုလဲမြို့မရဲစခန်းကို မနက် ၅ နာရီကနေ ၉ နာရီကျော်ထိ ၈၀ မမ ဗုံးသီး အလုံးရေ ၂၀ ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၆ လုံးကတော့ရဲစခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော် Black Leopard Army ဥက္ကဌ ဦးဥက္ကာက ပြောပါတယ်။

စိုင်ပြင်လေးရွာမှာတပ်စွဲခဲ့တဲ့ စစ်ကြောင်းကို PDF တွေတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာမှာ အထိုင်ချနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေ ပါဝင်တဲ့စစ်ကြောင်းကို အောက်တိုဘာ ၂၃ ရက် မနေ့က မဟာမိတ်တွေပူးပေါင်းပြီး ၄၀ မမ၊၆၀ မမတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။

ပင်လည်ဘူး စစ်ဘေးရှောင်အိမ်ထောင်စု ၁၂၀ ကို ၁ အိမ်ထောင် ၁ သောင်းကျပ်နှုန်း ထောက်ပံ့ (ရုပ်/သံ)

ပင်လည်ဘူးမြို့နယ် တောင်ဘက်ခြမ်းက စစ်ဘေးရှောင်တွေဟာ အဖွဲ့ အစည်းတွေရဲ့ ထောက်ပံ့မှုကို တကြိမ်တခါမှ မရဘူးသေးတဲ့ စစ်ရှောင်တွေ အများစု ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ပင်လည်ဘူး၊ ဝန်သို စစ်မြေပြင်လမ်းကြောင်းမှာ ရှိတဲ့ ရွာတွေက ဖြစ်ကြပြီး စစ်ဘေးရှောင်နေကြတာ ၁ နှစ်နီးပါးကြာပြီလို့ ပြောပါတယ်။

ရှမ်း-မန်း စစ်ဆင်းရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဒေါင်းနီ PDF က ထောက်ပံငွေပေးအပ်ကန်တော့ (Reels)

ရှမ်း-မန်း စစ်ဆင်းရေးတွင် ကျဆုံးသွားခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီ PDF က အောက်တိုဘာ ၂၃ ရက်က ထောက်ပံငွေပေးအပ်ကန်တော့ခဲ့ကြပါတယ်။

“သူတို့ကတော့ ကြောက်အောင်လုပ်တာ ဒါပေမယ့် ပြည်သူတွေက အဲ့ဒါတွေကြည့်ပြီးတော့ ပိုပြီး ဒေါသထွက်လာလေ သူတို့ကို ပြန်ပြီးတော့ သတ်ချင်လေ ဖြစ်လာတာပေါ့။” (အင်တာဗျူး)

အသတ်ခံရတဲ့ပြည်သူတွေ ဘယ်လို အဖမ်းခံလိုက်ရတာလဲ၊ စစ်ကောင်စီလက်မှာ ဘယ်လို ရက်ရက်စက်စက် အသတ်ခံလိုက်ရလဲဆိုတာနဲ့ပတ်သက်လို့ အသတ်ခံရတဲ့ အသက် ၇၀ အရွယ် ဦးရာစိန်ရဲ့ တူတော်စပ်သူကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“အအေးမိခြင်းကို ကာကွယ်နိုင်တဲ့ ရှောက်ပင်” (Podcast)

မနက်ခင်းမှာ ရှောက်ရေ ၁ ခွက်ကိုသောက်သုံးပေးပါက ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးပြုလဲ။ ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းအတွက် ရှောက်ပင်အခေါက်ဟာ ဘယ်လိုအသုံးဝင်သလဲ။ ရှောက်သီးပုံမှန်စားသုံးခြင်းရဲ့ကောင်းကျိုးတွေက ဘာတွေလဲ။ ရှောက်သီးအခွံမှာ ဘယ်လိုအစွမ်းသတ္တိတွေရှိသလဲ စတာတွေကို နားဆင်ရမှာပါ။

"အဖေ ခေါင်းဖြတ်(ပြတ်)တယ်လို့ ကြားကတည်းက အဖေ့ဆီကို သွားချင်စိတ်ကို မရှိတော့တာ" (အင်တာဗျူး)

ဦးတင်လှိုင် ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲ၊ ကျန်ရစ်သူမိသားစုတွေ ဘယ်လိုခံစားနေရလဲ၊ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် မိသားစုတွေက ဘယ်လိုခံစားချက်ရှိနေမလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးတင်လှိုင်ရဲ့ သမီးဖြစ်သူကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ယောဒေသက စစ်ရှောင် ၄၀၀ ကျော်ကို YPDF က အခမဲ့ဆေးကုသပေး (ရုပ်/သံ)

အောက်တိုဘာ ၁ ရက်မှ၂၁ ရက်အထိ စစ်ရှောင်ပြည်သူဦးရေ ၄၀၀ ကျော်ကို အခမဲ့ဆေးကုသပေးခဲ့ပြီး သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေကို ဆေးကုသပေးရတာ ပိုမိုများပြားတယ်လို့ ဆေးကုသရာမှာပါဝင်တဲ့ CDM သူနာပြုဆရာမတဦးက ပြောပါတယ်။

မြေလတ်ပေးစာ (Podcast)

- ပခုက္ကူမှာ သန်းခေါင်းစာရင်း ဘယ်လိုကောက်သွားလဲ။ - ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ပိုးစတောလေးရွာက မြေယာမဲ့တောင်သူတွေရဲ့အခက်အခဲ။ - အုတ်တွင်းမြို့၊ ကြွယ်ဂံရွာက တရားမဝင်အရက်ဆိုင်အကြောင်း။

တပ်ဖွဲ့တည်ထောင်ခြင်း ၃နှစ်ပြည့်နဲ့အတူ ကျဆုံးရဲဘော် ၃ဦးအတွက် ဇရပ်ဆောက်လုပ်လှူဒါန်းပေး (ရုပ်/သံ)

အဲ့ဒီ့ဇရပ်ဟာ ရဲဘော် ၃ဦးကျဆုံးတဲ့ ရက်မှာပဲ စစ်ကောင်စီတပ်သားတွေက မီးရှို့သွားခဲ့တဲ့ ဇရပ်အဟောင်းတခုဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10