ရုပ်သံ

စစ်အုပ်စု ရိက္ခာကား ၄ စီးနဲ့ အင်အား ၅၀ ပါ ခြေလျင်စစ်ကြောင်း ပေပါမိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

"ဘုရားကုန်းတောင်ဘက် မီတာ ၃၀၀ ကျော်အကွာမှာ ပေပါမိုင်းအကြီး ၂ လုံးမိသွားတယ်။ ၅ ဦးသေတယ်။ ခြေထောက် လက်တွေ ပြတ်ပြီး ဆုတ်တဲ့ကောင်တွေကိုတော့ ကားနဲ့တင်ပြီး ရေပြာရွာဘက်ကိုပြန်ထွက်သွားတယ်။ သေတဲ့ ၅ ဦးကတော့ မိုင်းခွဲတဲ့နေရာမှာပဲ မီးရှို့သွားတယ်"

တရုတ်လျက်မင်း မင်းကြောင်‌ချေး (သရော်စာ)

ဆောင်းပါးရှင် မြေလတ်အမတ်ကြီးရဲ့ သရော်စာအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ "တရုတ်လျက်မင်း မင်းကြောင်‌ချေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ နားဆင်နိုင်ပါပြီ။

ယခင်နှစ်ထက်ရေရှားပါးတဲ့အညာမှာ တိုက်ပွဲတွေကြောင့် ရေရဖို့ခက်ခဲနေပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)

ရေရဖို့အတွက် ၄-၅ မိုင်ကျော်ဝေးတဲ့နေရာတွေကို ရေစည်လှည်းနဲ့သွားရောက် သယ်ယူပြီး ရေလှောင်ထားရသလို လမ်းခရီးမှာ မိုင်းနင်းမိသူတွေ စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ ရေများရာမိုးမရွာဖို့ မြင်းခြံခရိုင် တပ်ရင်း ၉ သံချပ်ထိုး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ ရေများရာ မိုးမရွာဘဲ အညာဒေသကတပ်ဖွဲ့တွေကို လက်နက်ခဲယမ်း ထောက်ပံ့ပေးစေချင်တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger-MBT ရဲဘော်တွေက သံချပ်ထိုးပြီး‌ တောင်းဆိုခဲ့တယ်လို့ အဲဒီအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောပါတယ်။

သင်္ကန်းမစည်းခင် ရဲဘော်မောင်ရှင်လောင်းရဲ့ ရင်တွင်းစကား (ရုပ်/သံ)

အသက် ၂၀ နှစ်အရွယ် PDF ရဲဘော် မောင်မျိုးခန့်သူ ကို ကိုရင်မဝတ်မီ မောင်ရှင်လောင်းဘဝမှာ သူရဲ့ တပ်ဖွဲ့ တာဝန်ရှိသူက မေးမြန်းခဲ့တာနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့တဲ့ ရင်တွင်းစကားကို မြေလတ်အသံက ဖော်ပြပေးလိုက်ပါတယ်။

ပုလဲက မြို့နယ်ပညာရေးမှူးရုံး စီးနင်းခံရ ရုံးပစ္စည်းများ သိမ်းဆည်းရမိ (ရုပ်/သံ)

ပုလဲမြို့နယ်ပညာရေးရုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရုံးဝန်ထမ်းတွေကို CDM လုပ်ကြဖို့၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ရုံးဘက်က တစုံတရာ တုန့်ပြန်တာတွေ မရှိတဲ့အတွက် ဧပြီ ၅ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - သခင်ဒေါင်းညိုတပ်ရင်း၊ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

မင်းဘူးမှာ တောမီးကနေ နေအိမ်နဲ့ဆိုင်ခန်း မီးလောင် (ရုပ်/သံ)

"နေကလည်းပူ လေကလည်းတိုက်နေချိန် တောမီးကနေလောင်ပြီး ခြံထဲကအပင်တွေနဲ့ ဆိုင်၊ နေအိမ်တွေပါ မီးကူးကုန်တာ။ ကံကောင်းတာက ရွာထဲကို မီးမကူးသွားတာ"

ရွှေဘိုမြို့နယ် စစ်ရှောင်စခန်းက စားသောက်ရေးအတွက် အကူအညီလိုအပ်နေတဲ့ ပြည်သူတွေ (ရုပ်/သံ)

စစ်ရှောင်တွေဟာ အိမ်ထောင်စု ၁၅၀ ခန့်ရှိပြီး လူဦးရေ ၃၇၀ ဝန်းကျင်ရှိကာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတဲ့အပြင် အလှူရှင်လည်း နည်းပါးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီ စစ်ရှောင်စခန်းဟာ ပျူစောထီးအားကောင်းတဲ့ ရွာနှစ်ရွာနဲ့ တမိုင်လောက်အကွာမှာသာရှိပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေလည်းရှိလို့ မူလလက်ငုတ်လယ်တွေကိုလည်း စိုက်ပျိုးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ရခိုင်စစ်ပွဲကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၆ ဦးကို PRA-Magway က ဖမ်းဆီး - တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး ကချင်တိုက်ပွဲမှာ သေဆုံးပြီး တပ်မ ၈၈ လက်အောက်ခံတပ်တပ်တွေမှာ နာရေးအိမ်တွေများနေ - မဟာမိတ်တပ်ရင်း ၃ ဖွဲ့က PDF ရဲဘော် ၇၅ ဦးကို လက်နက်တွေတပ်ဆင်ပေး - သင်္ကြန်ပွဲတော်နဲ့ ရွှေမော်ဓောဘုရားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စစ်ကောင်စီကြိုးပမ်း - စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ ၃ နှစ်အရွယ် ကလေး၁ဦးသေဆုံးပြီး ၅ လသားကလေးအပါ ၉ ဦးဒဏ်ရာရ - မုန်းမြို့နယ်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ၃ လအတွင်း ပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ - ပုလဲက လဝကမှူးရုံးအပါ နေရာ ၃ ခု တိုက်ခိုက်ခံရ ရုံးပစ္စည်းများ သိမ်းဆည်းရမိ (ရုပ်/သံ) - အိမ်စီးကားနဲ့ထွက်လာတဲ့ ခလရ ၂၅၈ က စစ်သားတွေကို PDFက အနီးကပ်ပစ်လို့ ၃ဦးသေဆုံး - စစ်ရှောင်အမျိုးသမီး ၉၀၀ ကျော်အတွက် လစဉ်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေ - ပဲနွယ်ကုန်းဈေးတခုလုံးမီးလောင်ပြီး ဆိုင်ခန်းပေါင်း ၄၀၀ ကျော်နဲ့ နေအိမ် ၁၀ လုံးပျက်စီး - တောင်ငူတက္ကသိုလ်ဝန်းထဲက ဝန်ထမ်းလိုင်းခန်း မီးလောင်လို့ စစ်ကောင်စီဝန်ထမ်း ၃၀ နီးပါး မီးဘေးသင့်

အခက်ခဲတွေကြားက ချေမှုန်းရေး Shotgun နဲ့ ကျည်ဆန်ထုတ်လုပ်နေ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနီးကပ် ချေမှုန်းရာမှာ အသုံးပြုတဲ့ Shotgun လက်နက်ငယ်နဲ့ ကျည်ဆန်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၂ Royal Tiger Force ရဲ့ တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ပြောပါတယ်။

ချင်းပြည်နယ်ကို ရိက္ခာပို့မယ့် စစ်ယာဉ်တန်းကို တိုက်ခိုက် ကား ၇ စီးကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပြီးခဲ့တဲ့ ဧပြီ ၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကမ္မမြို့ရဲ့အနောက်ဘက် သာကြီးတောင်ရေနံမြေအနီးကိုရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းရဲ့ နောက်ဆုံး ကား ၇ စီးကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲချိန် မိနစ် ၄၀ ကြာခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်တေဇက ပြောပါတယ်။

စစ်လက်နက်ပစ္စည်းစက်ရုံကို မီးပေးနေတဲ့ ဓါတ်အားစက်ရုံနဲ့ကင်းပုန်းတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်လက်နက်ပစ္စည်းစက်ရုံကို လျှပ်စစ်ဓါတ်အားဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ ဧပြီ ၃ ရက် ညနေ ၅ နာရီကနေ ညနက်အထိ ချောင်းကူးပင်မဓါတ်အားခွဲ လျှပ်စစ်စက်ရုံနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ဒရုန်း ၄ စီးနဲ့ 3 kg ၆ လုံး၊ 1.8 kg ၂ လုံး ၊ 800 g ၆ လုံး ၊ 500 g ၂၄ လုံး ကြဲချပြီး Rocket ကျည်ဖူး ၁၅ ဖူးနဲ့ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်းတကော် PDF အပတ်စဉ် ၁ အခြေခံ စစ်သင်တန်းဆင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲကို တပ်ဖွဲ့အခြေစိုက် တနေရာမှာ ဧပြီ ၁ ရက်က ပြုလုပ်ခဲ့တယ်လို့ Inntakaw People’s Defence Force - IPDF က သင်တန်းမှူး ရဲဘော်မဟူရာက ပြောပါတယ်။

“နွေရာသီမှာ စားသုံးသင့်တဲ့အပူဒဏ်ခံအစားအစာများ” (Podcast)

နွေရာသီမှာ ဘယ်လိုအသီးအနှံတွေကို စားသုံးသင့်သလဲ။ လူတယောက်ဟာ တနေ့မှာ ရေပမာဏ ဘယ်လောက်သောက်သုံးဖို့ လိုအပ်သလဲ။ အပူဒဏ်ကိုလျှော့ချနိုင်ပြီး အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်နိုင်တဲ့အသီးအနှံက ဘာလဲ။ နွေရာသီမှာစားသုံးဖို့မသင့်တဲ့ အစားအစာတွေက ဘာတွေလဲ စတာတွေကို နားဆင်ရမှာပါ။

မြိုင်မှာ စစ်ကောင်စီလက်အောက်ခံတွေ ၂ ရက်ဆက်တိုက်ခံရပြီး ၂ ဦးသေဆုံး(ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ နဲ့ သရက်ကွရွာအနီးတို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေနဲ့ ပျူစောထီးတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ် လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10