ရွာစဉ်လှည့်မီးရှို့နေတဲ့စစ်အုပ်စု ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ ဦးသေ ၃၀ ဦးဒဏ်ရာရ (ရုပ်/သံ)
"တိုက်ပွဲကြာချိန်က ၂ နာရီလောက်ကြာတယ်၊ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီဘက်က စစ်ရှုံးပြီးထွက်ပြေးသွားခဲ့တာပါ။ စစ်ရှုံးထွက်ပြေးသွားတဲ့ စစ်ကောင်စီဘက်က တဖွဲ့ကနေပြီး မရိုးကုန်းရွာအနောက်ဘက်က ကိုင်းတောထဲမှာရှိတယ်ဆိုတဲ့သတင်းကို သတင်းပေးလာတာကြောင့် နောက်ထပ်တကြိမ် MBT တပ်ဖွဲ့ရဲ့ စစ်ကြောင်း ၁ က သွားပြီးတိုက်ခိုက်ခဲ့တာ။ အဲဒီမှာလည်း ၁ နာရီလောက်ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီး ရှုံးနိမ့်ကာ စစ်သားနဲ့ ပျူစောထီးတွေ ထွက်ပြေးသွားကြတယ်"