၁၀၂၇ စစ်ဆေးရေးက ပထမဆုံးပြန်လာခဲ့တဲ့ PLA ရဲဘော်တွေ (Reels)
"တချို့တ၀က်ပဲ ပြန်လာကြတာပါ။ အကုန်တော့ မဟုတ်ပါဘူး။ ၁၀၂၇ ဒုတိယပိုင်းမှာလည်း PLA အနေနဲ့ ဆက်လက်ပါ၀င်နေဆဲ ဖြစ်ပါတယ်။"
"တချို့တ၀က်ပဲ ပြန်လာကြတာပါ။ အကုန်တော့ မဟုတ်ပါဘူး။ ၁၀၂၇ ဒုတိယပိုင်းမှာလည်း PLA အနေနဲ့ ဆက်လက်ပါ၀င်နေဆဲ ဖြစ်ပါတယ်။"
မကွေးတိုင်းအတွင်းမှာ မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားပွဲကို အောက်တိုဘာ ၁၉ ရက် မနေ့ကမနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
အခုနှစ် မီးကြာလှည့်ပွဲနဲ့ သနပ်ခါးပါးတို့ပွဲကိုတော့ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်းက ကြံခတ်ရွာမှာ ဗုဒ္ဓမြတ်စွာဘုရားကိုရည်စူးပြီး ဆီမီးထွန်းပူဇော်ပွဲနဲ့အတူ သီတင်းကျွတ်လဆန်း ၁၃ ရက်ကနေ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်အထိ ပြုလုပ်ခဲ့တာပါ။
Y 8 လေယာဥ်ပေါ်ကနေ ဆန် ၂၄ ပြည်ခန့်ပါ ရိက္ခာထုပ်လေထီးနဲ့ချပေးတာကို ကင်းထောက်ဒရုန်းနဲ့ ထောက်လှမ်းရင်းပျူရွာနဲ့ မီတာ ၄၀၀ ကျော်လောက်မှာ ပုံတောင်တိုက်ဂါး PDFနဲ့ Eagle Wings Drone Force တို့က သိမ်းဆည်းရရှိခဲ့တာပါ။
- သိမ်းပိုက်ထားတဲ့ပင်လည်ဘူးမြို့သို့ ဝန်ကြီး ဦးရည်မွန် သွားရောက်စစ်ဆေးပြီး အောင်ပွဲရရဲဘော်တွေကို အားပေး - မန္တလေးပျူစောထီးတပ်ဖွဲ့ဝင်အသစ် စစ်သင်တန်းတွေမှာ အမျိုးသမီးတွေပါဝင်မှု များလာ - စစ်ကူလာတဲ့ တပ်မ ၁၀၁ စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး သေနတ် ၂ လက် ဆုံးရှုံး - ထောင်တွင်းဆေးကုသခွင့်ပိတ်ပင်တာနဲ့ပတ်သက်ပြီး ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ နိုင်ကျဉ်းတွေက ပြည်သူတွေဆီ စာပေးပို့ - ရေစကြိုတိုက်ပွဲမှာ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်အုပ်စုဆီက လက်နက်ခဲယမ်းတွေသိမ်းဆည်းခံရ - ကွင်းဆင်းမှုမရှိသလို အိမ်ထောင်စုဝင်လည်းမပါဘဲ သန်းခေါင်စာရင်းအချက်အလက်တွေဖြည့်နေ - စစ်တပ်ရှိတဲ့ စစ်တောင်းမြစ်ဘေးရွာ ၂ ရွာကို PDF တွေဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် မြစ်ကြောင်းတလျှောက် စစ်ဆေးမှုတင်းကျပ် စစ်တပ်ရှောင်ခိုင်းလို့ ဒေသခံ ၁,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာပြေးနေရ - ၄ လအတွင်း ၄ ကြိမ်မြောက်ရေတက်လာလို့ ကျွန်းပေါ်က စစ်ရှောင်တွေအခက်တွေ့ - ဘုတလင်မြောက်ခြမ်းက စစ်ရှောင် ၅၀၀ နီးပါး အရေးပေါ်အကူညီ လိုအပ်နေ
အဲဒီရဲစခန်းနဲ့ အထက ၁ စာသင်ကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၇ ရက် မနက် ၁ နာရီခန့်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မီတာ ၁၅၀ အကွာက တပြိုင်နက် တိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ Moe Nyo Revolution Force M.N.R.F ရဲ့တပ်မှူး မိုးညိုက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေက ကျေးရွာ ၁ ရွာမှာ အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ ရဲဘော်တွေကို အောက်တိုဘာ ၁၆ ရက်က ယင်းမာပင်ခရိုင်အတွင်းမှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ ဆီက သိရပါတယ်။
ကပစ ၁၇ က အင်အား ၃၀ ကျော်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို အောက်တိုဘာ ၁၇ ရက် ၇ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပြီး ဒီအရေအတွက်ကိုတော့ ဒေသခံတွေရဲ့ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း၊ ဂဠုန် PDF နတ်မောက် ခေါင်းဆောင် ဗိုလ်အောင်ဒင်က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ စိုးမိုးထားတဲ့ မြင်းချင်းကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိခိုက်တွေရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ကင်းပုံရွက်မှာ ဘယ်လိုဓာတ်တွေပါဝင်ပါသလဲ။ ကင်းပုံပင်ရဲ့ဘယ်အစိတ်အပိုင်းက အစာခြေလမ်းကြောင်းကိုအထောက်အကူပြုပါသလဲ။ ရောင်ရမ်းနာကျင်မှုတွေအတွက် ကင်းပုံရွက်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ကင်းပုံပင်ကိုဘယ်လို စားသုံးရမလဲစတာတွေကို နားဆင်ရမှာပါ။
အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားနဲ့ ပျူစောထီး ၃၀ ဦးခန့်ကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ Chindwin Toe Na Yar PDF ခေါင်းဆောင် ဗိုလ်မြကြီးက ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်ပြီး အောင်ပွဲရရဲဘော်တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ ဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် ဓာတ်ဆီပေပါ၊ ဘိလပ်မြေအိတ်အချို့၊ထုံးအိတ်အချို့နဲ့ ဆန်အိတ်အချို့အပါအဝင်ဓာတ်မြေဩဇာအိတ်တွေလည်း မီးလောင်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအရေအတွက်ကတော့ မသိရသေးပါဘူး။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းပေါ်ကို ၄ ကြိမ်မြောက် ဧရာဝတီမြစ်ရေ တက်လာတဲ့အတွက် အဲ့ဒီကျွန်းပေါ်မှာ နေထိုင်နေကြတဲ့စစ်ရှောင်တွေ အခက်အခဲဖြစ်နေကြပါတယ်။