၈၈၈၈ အရေးတော်ပုံနေ့မှာ နှစ်သောင်းကျပ်တန် ငွေစက္ကူကို မီးရှို့ပြီး ဆန္ဒပြ
လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဂုဏ်ပြုတာ၊ ဆေးအနီရောင်တွေကို လမ်းမကြီးပေါ်မှာ ပက်ဖြန်းကာ စစ်တပ်ထုတ်ကုန် ငွေကျပ်နှစ်သောင်းတန်တွေကို ပြည်သူတွေအနေနဲ့ အသုံးမပြုကြဖို့ တိုက်တွန်းတဲ့အနေနဲ့ မီးရှို့တဲ့အစီစဥ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ အဲ့ဒီသပိတ်အင်အားစုကော်မတီဝင် ကိုမျိုးမျိုးက ဆိုပါတယ်။