အညာစစ်ဆင်ရေးမှာ အရေးနိမ့်နေတဲ့ မင်းအောင်လှိုင်စစ်တပ်(သတင်းဆောင်းပါး)
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားရေတပ်နဲ့ ပူးတွဲပြီး နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လက်တွေ့ပစ်ခတ်လေ့ကျင့်မှုတွေ လုပ်နေတဲ့တချိန်တည်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတခွင်က စစ်ဆင်ရေးတွေမှာ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ အောက်တိုဘာ ၂၇ ရက် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးစတင်ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ခေါင်းဆောင်းမင်းအောင်လှိုင်နောက်လိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသေအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး မြို့ ၅ မြို့အပါအဝင် စစ်တပ်စခန်းပေါင်းရာချီ လက်လွှတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။