ထင်းခြောက်လိုက်သယ်တဲ့ ၈ နှစ်အရွယ် စစ်ရှောင်ကလေး ပိုးထိသေဆုံး
“သူတို့က စစ်ရှောင်တဲမှာ နေနေကြတာ၊ မနက်ဖြန်အတွက် ထမင်းချက်ဖို့ ထင်းသွားပွေ့တာသူ့လက်ကို အကောင်တကောင် ကိုက်လိုက်တာပဲ သိတာ။ ဘာကိုက်တယ်ညာကိုက်တယ်ဆိုတာတော့ မသိဘူး ကလေးဆိုတော့လေ။ အိပ်ယာဝင်တဲ့အချိန်မှာ ကလေးကပုံမှန်မဟုတ်တော့ သူ့အမေက မေးတော့မှ သူ့လက်ကို အကောင်တကောင် ကိုက်သွားတယ်လို့ ပြောတယ်။ အဲခါမှ ကျနော်တို့ဆီ လာပြတယ်”