Nan Khan

လယ်ဝေးမြို့နယ်ရှိ ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်

“အချိန်က တလလောက်ယူပြီး ပြင်ဆင်ခဲ့ရတယ်။ ဒီကြားထဲ အခြားအဖွဲ့တွေကလည်း ဒီနေရာကိုလာတိုက်ထားတာရှိတော့ အချိန်ထပ်ယူပြီး သေချာပြန်ပြင်ဆင်ခဲ့ရတယ်။ သေဆုံးတာတွေကတော့ များတယ်။ တိတိကျကျသိရအောင် ဆက်လက်စုံစမ်းနေပါတယ်”

စစ်ကောင်စီက စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာ (ရုပ်/သံ)

“အခုတလော သူတို့(စစ်ကောင်စီ)က လက်နက်ကြီးတော့မပစ်တော့ဘူး။ ဒရုန်းတွေနဲ့ပဲ လာကြဲတာ။ မီးလောင်ဗုံးတွေ တအားသုံးတာ။ မနေ့ကပစ်တာ ကျနော်တို့ ရွာစာသင်ကျောင်းကတော့ တကျောင်းလုံးပျက်စီးသွားတာ ရွာသားတွေရှောင်မြန်တော့ ထိခိုက်မှုတော့မရှိလိုက်ဘူး။ ”

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ၁၃ နှစ်အရွယ်ကလေးအပါ ပြည်သူ ၄ ဦးသေဆုံး

“သူတို့ (စစ်ကောင်စီ)က ရွှေဘောင်ရွာမှာ အထိုင်ချထားတာမဟုတ်ဘူး။ ဒီအတိုင်း ကားနဲ့လာလာပြီးတော့ လက်နက်ကြီးတွေ လာပစ်တာ၊ လက်နက်ကြီးနဲ့ ပစ်နေတာ ၃ ရက်ရှိပြီ။ ၈ ရက်နေ့က ပစ်လိုက်တဲ့ လက်နက်ကြီးကတော့ လူထိခိုက်တာမရှိဘူး။ မနေ့ကနဲ့ ဒီနေ့ပစ်လိုက်တဲ့ လက်နက်ကြီးမှ လူထိခိုက်တာ”

မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ခလရ ၂၅၁ က စစ်သားတွေနဲ့ ပခုက္ကူရဲစခန်းက ရဲတွေပူးပေါင်းပြီး ဆက်ကြေးကောက်နေချိန် ဧပြီလ ၈ ရက် မနေ့က ညနေ ၄ နာရီမှာ ဒရုန်းအသုံးပြုပြီး ဗုံးသီး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သက္ကလရဲစခန်းက ရဲတပ်သားတွေ ညစဉ် မူးယစ်ရမ်းကားနေကြလို့ မြို့ခံတွေ ကြောက်လန့်နေကြ

“ဧည့်စာရင်းစစ်ပြီးလို့ ပြန်လာရင် ရဲစခန်းထဲကို တန်းမပြန်ဘူး အရက်သောက်စား မူးရူးပြီး ကားလမ်းမတွေပေါ်မှာ ဆဲဆိုနေတာ ပတ်ဝန်းကျင်ကိုလည်း အားမနာ ထည့်မတွက်ဘဲ ဆူညံနေတာ ”

ရွှေဘိုမှာ စစ်တပ်ကရွာကို လက်နက်ကြီးနဲ့ပစ် ဝင်စီးပြီး မီးရှို့လို့ ၄ ဦး သေဆုံး၊ အရပ်သား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်

အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ ရှားတောရွာကို မတ်လ ၆ ရက် မနေ့မနက်အစော ၃ နာရီလောက်မှာ လက်နက်ကြီးပစ်ခတ်ကာ စတင်ဝင်ရောက်လာစဉ် ရွာကနေထွက်ပြေးတိမ်းရှောင်ဖို့ လုပ်ဆောင်နေတဲ့ ရွာခံအမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတယ် လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းလိုသူ ၁၀၀ ခန့် စစ်ကိုင်းဖက်ဒရယ်ကောင်စီထံ ဆက်သွယ်လာ

လာရောက်ဆက်သွယ်တဲ့ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရသတ်မှတ်ထားတဲ့ အသက်အရွယ်ရှိသူတွေသာ ဖြစ်ရမှာဖြစ်ပြီး လုပ်ငန်းအဖွဲ့က စီစဉ်ပေးတဲ့နေရာတွေမှာ အနည်းဆုံး တနှစ်နေထိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ တော်လှန်ရေးအဖွဲ့တွေမှာ ဝင်ရောက်လိုပါကလည်း တော်လှန်ရေးလုပ်ငန်းတွေနဲ့ချိတ်ဆက်ပေးမှာဖြစ်သလို ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်ကူကယ်ရေးစတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်ကိုင်မယ်ဆိုပါကလည်း ပါဝင်လုပ်အားပေးနိုင်အောင် စီစဉ်ပေးမယ်ဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က သတ်မှတ်ထားပါတယ်။

လမ်းသွားပြည်သူတွေဆီက ပိုက်ဆံတောင်း‌နေတဲ့ စစ်သားတွေပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရေပိုးစားကျေးရွာအနီးမှာ လမ်းသွားပြည်သူတွေဆီကနေ ပိုက်ဆံ တောင်း‌နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၁ ရက် နေ့လယ် ၂ နာရီလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း People’s Defence Force - South Monywa တပ်ခွဲ (၁) ကထုတ်ပြန်ထားပါတယ်။

လင်းကတောရဲစခန်းသိမ်းတိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေလုပ်နေ

“ကျနော်တို့ရွာသားတွေကို တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်ထုတ်ထားတော့ ထိခိုက်မှုတွေတော့ မရှိဘူး။ မနေ့ကတော့ ကျနော်တို့ဘက်က ရဲဘော် ၂ ယောက် ၃ ယောက်လောက် အသေးစား ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲပါ”

ရဲစခန်းအထွက်မှာ စနိုက်ပါစာ မိသွားတဲ့ ရဲတဦး (ရုပ်/သံ)

“သူတို့ ဘန်ကာအပြင်ဘက်ကို ထွက်လာတဲ့အချိန် စနိုက်ပါနဲ့ ပစ်လိုက်တာ။ ကျနော်တို့ ပစ်ပြီး ပြန်ဆုတ်လာတော့ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပြန်ပစ်တာ။ အဲဒီရဲကင်းစခန်းနားမှာ အရင်ကလည်း ပစ်ခတ်မှုတွေ အများကြီးရှိခဲ့တယ်။”

စစ်ကောင်စီရဲ့ စခတ ၁၀ တပ်ရင်းအပါ ၂ နေရာကို ဒရုန်းနဲ့ဗုံးကြဲ

“ကျနော်တို့ ဗုံးသီး ၄ လုံး နဲ့ပစ်တာ၊ တလုံးက မကွဲလိုက်ဘူး။ ထိခိုက်သေဆုံးတာတွေကို ကျနော်တို့ အတွင်းလူကနေတဆင့် သိရတယ်”

စစ်အုပ်စု ခြုံခိုတိုက်ခိုက်ခံရလို့ ဗိုလ် ၁ ဦးအပါ ၂ ဦးသေဆုံး ဒေသခံ ၃၀ ကို ဓါးစာခံအဖြစ်ခေါ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီနဲ့ ပျူစောထီးတွေ ရိက္ခာယူပြီး ပြန်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း - MSPDF / MSDF တပ်ဖွဲ့ဆီက သိရပါတယ်။

ကလေးမြို့ ကမ္ဘောဇဘဏ်၂ အနီး ဗုံးပေါက်ကွဲမှု ၅ နှစ်အရွယ်ကလေးတဦးနဲ့ အမျိုးသားတဦးသေဆုံး

“ဆိုင်ကယ်ပေါ်မှာ သူတို့မိသားစု ၃ ယောက် နဲ့ ဆိုက်ကယ်မောင်းသမား ၁ ယောက်ပါတယ်။ သူ့သား ၁ ယောက်ကတော့ ဘာထိခိုက်မှုမှ မရှိလိုက်ဘူး။ သုံးဘီးဆိုက်ကယ်သမားတော့ ပေါင်ထိသွားတယ်။ သွေးထွက်လွန်ပြီး ဆေးရုံရောက်တော့ ဆုံးသွားတယ်။ အဲဒီအမျိုးသမီးကတော့ ဒီနေ့တော့ခွဲစိပ်ရမယ်လို့ပြောတယ်”

ကျွန်းလှမှာ စစ်တပ်က အမျိုးသား၂ ဦးကို သတ်ပြီး ထမင်းဆိုင်နဲ့ နေအိမ် ၁ လုံး မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ပေကြီးရွာက အမျိုးသား ၂ ဦးကို စစ်တပ်ကသတ်ဖြတ်သွားသလို ထမင်းဆိုင် ၁ ဆိုင်နဲ့ နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ပေကြီးရွာပကဖဆီက သိရပါတယ်။

မုံရွာအခြေစိုက် Local PDF ရဲဘော် ၁ ဦး မြွေကိုက်ခံရပြီး ကွယ်လွန် (ရုပ်/သံ)

“သူနဲ့အတူ ရဲဘော်တယောက်လည်း ပါသွားတယ်။ သူက မြွေဟောက်ကိုက်ခံရတာလို့ ဆရာဝန်ဆေးစစ်ချက်အရ ယူဆရပါတယ်။ အဲဒီနေရာမှာတင် သတိလစ်မေ့မြောပြီး သတိပြန်လည် မလာတော့တာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10