Nan Khan

တန့်ဆည်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးနဲ့ အမျိုးသမီး ၃ ဦးအပါ ပြည်သူ ၅ ဦးသေဆုံး

“ဒဏ်ရာရသူတွေထဲမှာ ၂ ဦးက စိုးရိမ်ရတယ်။ စိန်းပန်းရွာက အခုလိုလေကြောင်းနဲ့ အပစ်ခံရတာ ပထမ အကြိမ်ပဲ။ အရင်က ရွာနားကိုလာပစ်တာတွေပဲရှိတာ။ အဲဒီရွာထဲမှာလဲ ကာကွယ်ရေးတပ်ဖွဲ့တွေ တယောက်မှ မရှိဘူး။ ဒီအတိုင်း လေယာဉ်နဲ့လာပစ်သွားတာ”

မြင်းဒေါင်းရွာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွာထဲမှာအထိုင်ချထား

“သူတို့ (စစ်ကောင်စီ)က ရေဦးကိုပြန်ဝင်မလိုလိုအယောင်ပြပြီး တိတ်တဆိတ်ထပ်ဝင်တယ်။ ရွာခံ ပြည်သူတွေက ထွက်ပြေးဖို့ပြင်နေရင်း အငိုက်ဝင်စီးခံလိုက်ရတာ။ ဖမ်းဆီးခံရတာက မြင်းဒေါင်းရွာရော၊ အင်တိုင်းရွာက ပြည်သူတွေရောပါတယ်”

ကောလင်းမြို့ပေါ်ကို စစ်တပ်က ဟောင်ဝစ်ဇာနဲ့ပစ်လို့ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံး

ဇန်နဝါရီ ၂ ရက် ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ ဝန်းသိုမြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေက ဟောင်ဝစ်ဇာ တာဝေးပစ်အမြောက်နဲ့ ၈ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးဟာ ကောလင်းမြို့ပေါ်ကို ကျရောက်ပေါက်ကွဲပြီး မြို့ခံတွေ သေဆုံးခဲ့ရတာပါ။

ချောင်းဦးနဲ့မြင်းခြံက ရဲစခန်း၊ ထွေအုပ်ရုံးတွေကို PDF က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရတွေရှိ

“ အဲ့ဒီနေရာ ၂ နေရာက မီတာ ၅၀၀ လောက်ပဲကွာတယ်။ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ သွားရောက် ပစ်ခတ်ခဲ့တာပါ။”

လက်နက်ကြီးကျည်ထိလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

“သူတို့(စစ်ကောင်စီ) လက်နက်ကြီးတွေနဲ့ မပစ်တာတော့ကြာပြီ အခုမှပြန်ပစ်တာ။ ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆေးဝါးကုသပေးလိုက်ပါပြီ။ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိဘူး။ ရွာသားတွေလည်း ရွာထဲပြန်ရောက်ကုန်ပါပြီ”

စစ်ဆေးရေးလုပ်နေတဲ့ စစ်သားတွေကပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံး

ဒီဇင်ဘာ ၂၇ ရက်မနေ့ကမနက် ၇ နာရီလောက်မှာ ကန်ပုလဲရွာကနေ ကလေးမြို့ပေါ်ကိုစျေးလာဝယ်တဲ့ ကိုအောင်စိုး ဆိုသူကို စစ်သားတွေက စစ်ဆေးဖို့တားဆီးစဥ် ဆိုင်ကယ်ရပ်မပေးဘဲ မောင်းသွားတဲ့ အတွက် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲတာကိုသွားကြည့်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး အသတ်ခံရ

“**တွေရွာထဲရောက်နေတာကို သူတို့မသိလိုက်ဘူး။ တိုက်မိုင်း ၂ လုံးကွဲသံကြားတော့ သွားကြည့်ရင်း အပစ်ခံလိုက်ရတာ။ ခြေထောက်မှန်သွားတော့ လဲနေတဲ့အချိန် သုံးလေးချက်လောက် ဦးခေါင်းကို ပစ်သွားတာ ”

ဂန့်ဂေါမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုရဲ့စခန်းတခုကို PDF သိမ်းထားနိုင်

“သူတို့(စစ်ကောင်စီ)တွေ မြစ်သာဆည်တမံပေါ်မှာ တပ်စွဲထားတာ ၁ နှစ်ကျော်လောက်ရှိပြီ။ ကျနော်တို့တွေ အဲ့ဒီစခန်းကိုရဖို့ ၁၈ ရက် ၁၉ ရက်နေ့အထိတိုက်တယ်။ ၂၀ ရက်နေ့မှာနားတယ်။ ဒီနေ့မှာထပ်ပြီးတိုက်တော့ သိမ်းနိုင်ခဲ့တယ်။"

ဝက်လက်မှာ တိုက်ပွဲဖြစ်ပြီး ဒုရဲအုပ် ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါ ၃ ဦးသေဆုံး

“ပစ်ခတ်မှုကတော့ ၁ နာရီခွဲလောက်ဖြစ်သွားတယ်။ သူတို့ဘက်က ၃ ဦးသေပြီး ၁ ဦးဒဏ်ရာရတယ် ဆိုတာ ကျနော်တို့အတွင်းသတင်းအရ သိရတယ်။ ကျနော်တို့ဘက်ကတော့ ၁ ဦးဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး”

မြိုင်နယ်၊ နှမ်းဆီကန်ရွာကို မီးရှို့ပြီး ဒေသခံ ၃ ဦးကို ဖမ်းဆီး

“ရွာသားတွေကထွက်ပြေးရင်း စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတာ။ အဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါတယ်။ အမျိုးသမီးကိုတော့ သူတို့ပြန်လွှတ်ပေးလိုက်တယ်။ အမျိုးသားတွေကိုတော့ ဖမ်းထားတယ်။ သူတို့(စစ်ကောင်စီ)တွေ ရွာထဲမှာ ရှိနေတုန်းပဲ”

ကပစ၂၂ ကလာတဲ့ စစ်တပ်ဖောကား ၂စီး မိုင်းဆွဲခံရပြီး ၄ ဦးသေ၊ ကား ၁ စီးပျက်စီးလို့  ကရိန်းနဲ့ဆွဲရ

“သတင်းကြိုရထားလို့ သဲချောင်းထဲမှာ မိုင်းကြိုထောင်ထားတာ။ သဲချောင်းအလယ်လောက် အရောက်မှာ မိုင်းဆွဲခဲ့တာ။ အရှေ့ကားကိုတည့်တည့်ဆွဲနိုင်ခဲ့တယ်။ သဲချောင်းထဲဆိုတော့ ကားကိုဖြည်းဖြည်းပဲ မောင်းတော့သေချာထိအောင်ဆွဲနိုင်ခဲ့တာ“

ဒီပဲယင်းမြို့က Non-CDMနဲ့ တပ်မိသားစုဝင်တချို့ကို စစ်တပ်ကခေါ်ထုတ်ပြီးနောက် စစ်ကြောင်းထိုးမီးရှို့နေ

“ ဒီပဲယင်းထဲကိုမဝင်တာ ရက်ပေါင်း ၅၀ လောက်ရှိပြီ။ အခုမှပြန်ပြီးစဝင်တာ။ သူတို့ အိမ်တွေကို အများကြီးတော့ မီးရှို့သွားမှာမဟုတ်ဘူး။ ၁ လုံးစ ၂ လုံးစလောက်ပဲ မီးရှို့သွားတာ။ ရွာသားတွေလည်း သူတို့မလာခင်က ကြိုရှောင်ထားနိုင်တော့ ဖမ်းဆီးခံရတာတွေမရှိဘူး”

ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ ၃ နှစ်အရွယ်ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး

ဒီဇင်ဘာ ၁၆ ရက် မနေ့ကညနေ ၃ နာရီလောက်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်ကပစ်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည်က ရှုံးရှီကျေးရွာတောင်ပိုင်းရှိ စျေဆိုင်ဖွင့်ထားတဲ့ နေအိမ်တလုံးအပေါ် ကျရောက်ခဲ့တာဖြစ်ပြီး ဒေါ်ထွေးရင် ၇၀ နှစ်နဲ့ မောင်သြရထူးလျှံ ၃ နှစ်တို့ ထိမှန်သေဆုံးခဲ့တာပါ။

ဆိပ်ဖြူနယ် လေကြောင်းတိုက်ခိုက်မှု လူငယ်အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ နှစ်ခွဲကလေးအပါ ၃ ဦးဒဏ်ရာရ

“အဲ့ဒီရွာဆိုတာကလည်း တပ်ရင်းတပ်ဖွဲ့တွေ ထိုင်တဲ့ရွာမဟုတ်ဘူး။ ပြီးတော့ အဲ့နားတွေမှာလည်း တိုက်ပွဲဖြစ်တာတွေ မရှိဘူး။ ဒီအတိုင်းကို အကြောင်းမဲ့သက်သက် လာပစ်သွားတာ။”

နာရေးကားနဲ့ ထော်လာဂျီသုံးပြီးလာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ၅ ဦးသေဆုံးဟုဆို

“ သူတို့ကငါန်းဇွန်ကနေလာပြီး ညောင်ပင်ရိုးရွာမှာ ယာယီအထိုင်ချထားတာ။ ဒီကောင်‌တွေက ပြည်သူ ပိုင်ထော်လာဂျီနဲ့ နာရေးကားကိုယူပြီး ထွက်လာဝာာမှာ မိုင်းပွိုင့်အရောက်မှာ မိုင်းဆွဲလိုက်တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10