Nan Khan

မြင်းခြံနဲ့စဉ့်ကူးမှာ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်၊ စဉ့်ကူး PDF ရဲ့ဒရုန်းတွေကို ပျူစောထီးတွေပစ်ချခဲ့

“ပထမတလုံးကိုတော့ မိုင်းကွဲတယ်ထင်ပြီး မြို့ထဲမှာရှိတဲ့ သူတို့လူအင်အားတွေ ထွက်လာတယ်။ ကွဲတဲ့နေရာမှာ ရှာဖွေရေးတွေလုပ်ဖို့အတွက် သစ်ပင်အောက်မှာစောင့်ပြီး ဝပ်နေကြတယ်။ နောက်အလုံးတွေလည်းကျတော့ ဒရုန်းမှန်းသိတော့ သေနတ်တွေနဲ့ပစ်တော့တာပဲ”

စစ်အုပ်စု ၄ ဖွဲ့ပေါင်း ဦးအောင်ဇေယျရွာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၆ ဦးအရှင်မိ

“အခုချိန်ထိတော့ စစ်ရေးအခြေနေက တင်းမာနေတုန်းပါပဲ။ ထွက်ပြေးလွတ်မြောက်နေတဲ့သူတွေလည်း ရှိတယ်။ သူတို့ဘယ်အချိန်ပြန်ဝင်တိုက်မလဲဆိုတာ မသိသေးတော့ စစ်ရေးကတော့ တင်းမာနေတုန်းပါ ”

ပေါက်နယ်က ရေနံမြေရဲ ၂ ဦးကို PDF က လက်နက်တွေနဲ့အရှင်ဖမ်းမိ

“ဟင်းစားရှာထွက်လာတာလို့ သိရတယ်။ ကျနော်တို့ ကင်းပုန်းနဲ့တွေ့လို့ ဝိုင်းဖမ်းခဲ့တာ။ ပြန်ခုခံတာမျိုးမရှိဘူး၊ အေးအေးဆေးဆေးပဲ အဖမ်းခံတယ်။ အဲ့ဒီအတွက် ကျနော်တို့ဘက်ကလည်း သူတို့ကိုကောင်းကောင်းမွန်မွန်ထားပေးထားပါတယ်”

မိုင်းကွင်းစောင့်နေတဲ့ PDF ၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်သွား

“ရဲဘော် ၆ ယောက်လုံးကို ဓားတွေနဲ့ပဲ မွှန်းသွားတာ။ အသက်ရှင်ကျန်ခဲ့တဲ့ ရဲဘော် ၂ ယောက်ထဲမှာ တယောက်က လမ်းလျှောက်နိုင်လို့ တော်သေးတယ်။ သူ ကျနော်တို့ဆီ ရောက်အောင်ပြန်လာပြီး သတင်းပေးလို့ ကျနော်တို့သိတာ”

မြောင်မှာ ဆက်ကြေးကောက်၊ ပြည်သူပိုင်ပစ္စည်းခိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF က ဒရုန်းဗုံးချတိုက်ခိုက်

“သူတို့ (စစ်ကောင်စီ) က ရိက္ခာပြတ်တော့ ပြည်သူဟာတွေကို လာပြီးတော့ယူတာပေါ့။ သူတို့ စစ်ကြောင်းမထွက်တာ ၃ လကြာပြီ။ အခုက ပထမဆုံးအကြိမ် ရိက္ခာပြတ်တော့ စထွက်တာ၊ သူတို့ စခန်းထဲပြန်ဝင်တဲ့အချိန်ကို စောင့်ပြီးတော့ ပစ်ခဲ့တာ”

မြိုင်မြို့ နေရာ ၃ နေရာကို PDF အဖွဲ့တွေ ဝင်ရောက်ပစ်ခတ် (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၂၀၀ ကျော်ခန့်နဲ့ အထိုင်ချထားရာ အမှတ်(၃)စာသင်ကျောင်း၊ ဘူတာရုံနဲ့ ကိုးဆောင်ဘုန်းကြီးကျောင်း စတဲ့နေရာ ၃ နေရာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တချိန်တည်း သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဘုတလင်မှာ စစ်ကောင်စီတပ်သား ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

“သူအရပ်ဝတ်နဲ့ ထွက်လာခဲ့တာ။ ကျနော်တို့ အဖမ်းခံဖို့ပြောတယ်။ သူအဖမ်းမခံဘူး။ အဲ့မှာ ပစ်ခတ်မှုဖြစ်ပြီးတော့ သေဆုံးသွားတာပဲ”

ပျူစောထီးလက်ထဲ ပျက်စီးသွားခဲ့ရသည့် ကြာပိုင်ကျေးရွာ ငြိမ်းချမ်းရေး

တောပုကျေးရွာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ပြီး ငြိမ်းချမ်းလိုသည့် ကြာပိုင်ကျေးရွာသားများ၏ ငြိမ်းချမ်းရေးသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာပထမပတ်အတွင်း တောပုကျေးရွာက ပျူစောထီးများ၏ အငြိုးအာဃာတအောက်တွင် ပျက်စီးခဲ့ရသည်။

ထီးလင်းမှာ စခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စခန်းမကျရေး လေကြောင်းပစ်ကူနေရ

“သူတို့ကို အညံ့ခံခိုင်းတာ သူတို့အညံ့မခံတော့ပစ်ခတ်မှုတွေဆက်ဖြစ်နေတာပေါ့။ ကိုယ်တွေဘက်ကလည်း အထိအခိုက်တွေရှိတယ်။ လေကြောင်းသာမလာခဲ့ရင် မနေ့ကတည်းက စခန်းကိုသိမ်းနိုင်ခဲ့ပြီ။ ”

မုံရွာ၊ ကြာပိုင်ရွာက အမျိုးသား ၁၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် မီးရှို့သတ်

“ ဘာထိတွေ့မှုမှ မရှိဘဲ ဒီအတိုင်းရွာထဲကိုဝင်လာပြီး မီးရှို့သွားတာ။ ၅ယောက်လောက်ကတော့ စစ်ကြောင်းဝင်လို့ထွက်ပြေးတာမှာ မလွတ်ဘဲအဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခံပြီးမှ အသတ်ခံရတာ။ ” လို့ မုံရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အင်းတော်မြို့အဝင်ဂိတ်တွင် ဖုန်းတွေစစ်ဆေးပြီး လုံခြုံရေးတင်းကျပ်

“ဓာတ်ပုံတွေ စစ်တယ်။ သူတို့မသင်္ကာတဲ့ဖုန်းတွေဆို ကွန်ပျူတာနဲ့ထိုးပြီး စစ်တယ်။ တရုတ်ပြည်ကနေပြန်လာတဲ့ ကောင်လေးတယောက်လည်း သူ့ဖုန်းထဲမှာ လက်နက်ကိုင်ထားတဲ့ ပုံတွေ့ပြီး အဖမ်းခံလိုက်ရတယ်”

ခင်ဦးနယ်က ပျူစောထီးရွာကို PDF က ဒရုန်းနဲ့ ဗုံးကြဲ

“ထိခိုက်သေဆုံးမှုတွေကိုလည်း အတွင်းသတင်းအရ ကြားသိရတာပါ။ ဒီနေ့မနက် ထပ်သိရတာက ဒလန်နေအိမ်တလုံးပြိုတယ်။ ဘန်ကာ ၃ ခု ပျက်စီးသွားတယ်”

တန့်ဆည်နယ်မှာ စာသင်ကျောင်းနဲ့ဆေးရုံကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

“လူအထိအခိုက်တော့မရှိဘူး။ စာသင်ကျောင်းထဲက ပေ ၁၅၀ အဆောင်တော့ စုတ်ပြတ်သွားတယ်။ ဆေးရုံကိုတော့ မထိလိုက်ဘူး။ ဆေးရုံအနီးက လယ်ကွင်းထဲကျသွားတယ်”

စစ်ကောင်စီ အသည်းအသန်ကာကွယ်နေရတဲ့ တန့်ဆည်မြို့သိမ်းတိုက်ပွဲ

တန့်ဆည်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်မယ်ဆိုရင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အခြေစိုက်တဲ့ မုံရွာမြို့ကို ခြိမ်းခြောက်ထားနိုင်မယ့် အခြေအနေဖြစ်ပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၂ နှစ်အရွယ် ကလေးတဦးသေဆုံး

“နာရေးကတော့ ဒီမနက်မှာပဲ ပြုလုပ်လိုက်ပါပြီ။ သူတို့(စစ်ကောင်စီ)တွေ အရင်ရက်တွေတုန်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပစ်ထုတ်တာမျိုးတွေရှိလို့ ရွာသားတွေလည်း ရွာထဲမှာ မနေရဲလို့ ထွက်ပြေးတိမ်းရှောင်နေတာမျိုးတွေရှိတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10